Media
ရုရှား-တရုတ် ဆက်ဆံရေးက ကမ္ဘာ့တည်ငြိမ်ရေး ထိန်းသိမ်းမှုအပေါ် မည်သို့အနက်အဓိပ္ပာယ်ရှိသနည်း
မော်စကို၊ မေ ၅ ရက် (ဆင်ဟွာ)
ကမ္ဘာ့စီးပွားရေးတိုးတက်မှုဗဟိုချက်သည် အာရှ-ပစိဖိတ် ဒေသသို့ ရွေ့လျားနေသည်ကို လွန်ခဲ့သည့် ၂၅ နှစ်တွင် မိမိ ပထမဆုံးအကြိမ် သမ္မတ တာဝန်ထမ်းဆောင်စဉ်ကပင် သတိပြုမိကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို တက်ကြွစွာ တိုးတက်အောင် ဆောင်ရွက်ပြီး ကမ္ဘာ့တည်ငြိမ်ရေးအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်ခဲ့ကြောင်း ရုရှားသမ္မတ ပူတင်က “Russia-1” ရုပ်သံချန်နယ်၏ မေ ၄ ရက်တွင် ထုတ်လွှင့်သည့် မှတ်တမ်းရုပ်ရှင်တစ်ခု၌ ပြောကြားခဲ့သည်။
လက်ရှိအခြေအနေတွင် ရုရှား-တရုတ် ဆက်ဆံရေးသည် နက်ရှိုင်းသည့် မဟာဗျူဟာ အနက်အဓိပ္ပာယ် ရှိကြောင်း ပူတင်က အလေးအနက်ထား ပြောကြားခဲ့သည်။
“ကမ္ဘာတစ်ဝန်း မတည်မငြိမ်ဖြစ်နေမှုက ပြေလျော့လာခြင်းမရှိဘဲ အခြေအနေက ပို၍ ကျယ်ပြန့်တဲ့အနေအထား ပေါ်လွင်လာတယ်။ ရုရှား-တရုတ် နှစ်နိုင်ငံရဲ့ ယုံကြည်စိတ်ချတဲ့၊ တည်ငြိမ်တဲ့ ဆက်ဆံရေး ပင်ကိုယ်က ကမ္ဘာ့တည်ငြိမ်ရေးကို အားဖြည့်ပေးတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
普京称俄中关系对维护世界稳定具有战略意义
新华社莫斯科5月4日电(记者包诺敏)俄罗斯总统普京在“俄罗斯-1”电视频道4日播出的一部纪录片中表示,自25年前他初次担任总统时就注意到世界经济发展重心正向亚太地区转移。俄罗斯积极发展同中国的关系,为世界稳定打造坚实基础。
普京强调,在当今条件下,俄中关系具有深刻的战略意义。“全球性动荡未见缓和,反而呈现扩散态势。俄中两国可靠、稳定的关系本身增强了世界稳定性。”(完)
1. 2024年12月19日,在俄罗斯首都莫斯科,俄罗斯总统普京回答新华社记者提问。新华社记者 白雪骐 摄