ဟားအယ်ပင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ယခုကာလများတွင် “ရေခဲမြို့တော်” ဟားအယ်ပင်းမြို့သည် ရေခဲဆီးနှင်း ခရီးသွားရာသီ ဖြစ်ရာ မြို့နေပြည်သူ၊ ခရီးသွား အများအပြားက ၅၁ ကြိမ်မြောက် ရေခဲမီးအလှ အနုပညာ ဥယျာဉ်သို့ လာရောက်၍ ရေခဲမီးအလှမြင်ကွင်းများကို ရှုစားကာ ရေခဲဆီးနှင့် အနုပညာ၏ ဆွဲဆောင်မှုကို ခံစားကြပေသည်။...
ကူမင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ဇန်နဝါရီ ၂ ရက်တွင် လတ်ဆတ်သော သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များအပြည့်တင်ဆောင်ထားသော တရုတ်-လာအို မီးရထားလမ်း နိုင်ငံတကာ ကုန်စည်သယ်ယူပို့ဆောင်ရေး မီးရထားတစ်စင်းသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ဝမ်းကျားရင် အနောက်ဘူတာမှ လာအိုနိုင်ငံသို့ ခရီးစတင်ခဲ့သည်။
ဂျေရုဆလမ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံမှပစ်လွှတ်သော ဒုံးကျည်တစ်စင်းသည် ဇန်နဝါရီ ၃ ရက်တွင် အစ္စရေးနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါဒုံးကျည်ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ယင်းနေ့ နံနက်အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ချုံချင့်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) China Express လေကြောင်းလိုင်း၏ တရုတ်ပြည်တွင်းထုတ် C909 လေယာဉ်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နံနက်ခင်းက ချုံချင့်မြို့ ဝမ့်ကျိုးခရိုင်ရှိ ဝမ့်ကျိုးဝူချောင်လေဆိပ်သို့ တည်ငြိမ်စွာ မြေပြင်သို့ ဆင်းသက်ခဲ့ရာ အဆိုပါလေယာဉ်မော်ဒယ်ကို တရုတ်ပြည်တွင်းထုတ်ဘရိတ်စနစ်ဖြင့် စမ်းသပ်ပျံသန်းမှု အောင်မြင်စွာလုပ်ဆောင်ပြီးစီးခြင်း၏...
ရှန်ဟိုင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် ရှန်ဟိုင်းမြို့ ယွိယွမ်ဥယျာဉ်မီးပုံးပွဲတော်ကို ဇန်နဝါရီလ ၁ ရက် ညပိုင်းတွင် မီးထွန်းကာ စတင်ကျင်းပခဲ့သည်။ ရှန်ဟိုင်းမြို့ ယွိယွမ်မီးပုံးပွဲတော်သည် ယခုနှစ်တွင် နှစ် ၃၀ ပြည့်ခြင်းဖြစ်သည်။
ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းဆိုင်ရာ သုတေသနစင်တာ ဖွင့်လှစ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သုတေသနစင်တာအား ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားခဲ့သည်။
ဆိုးလ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတအိမ်တော်အဆောက်အအုံရှေ့တွင် ရာထူးမှ ရပ်ဆိုင်းထားခံရသော သမ္မတ ယွန်းဆက်ယို၏ ဖမ်းဝရမ်းအမိန့်ကို သမ္မတလုံခြုံရေးဌာနတပ်ဖွဲ့ အကြီးအကဲထံ ပြသခဲ့သော်လည်း လုံခြုံရေးဌာနတပ်ဖွဲ့ အကြီးအကဲက “ရှာဖွေခွင့်မပြုကြောင်း” ပြောကြားခဲ့သည်ဟု တောင်ကိုရီးယား “ပူးတွဲစုံစမ်းစစ်ဆေးရေးဌာနချုပ်” က ဇန်နဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။
ဟားအယ်ပင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ကျားမုစီးမြို့ ဖုကျင်မြို့လေးရှိ ဆုန်းဟွားမြစ်ကမ်းတစ်လျှောက်၌ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ဥတ္တရအလင်းတန်းများထွက်ပေါ်နေမှုကို ရိုက်ကူးရရှိခဲ့သည်။ ထိုနေ့သည် ၂၀၂၅ ခုနှစ် နှစ်သစ်ပထမဆုံးနေ့ဖြစ်ပြီး ဟေးလုံကျန်းပြည်နယ် ကျားမုစီးမြို့ ဒေသအများအပြားတွင် တောက်ပသော ဥတ္တရအလင်းတန်းများ...
ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီးဖုန်လိယွမ်တို့သည် ဇန်နဝါရီလ ၁ ရက်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် အလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်များအား နှစ်သစ်ကူးပို့စ်ကတ် ပြန်လည်ပေးပို့၍ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားဆိုခဲ့သည်။ ၂၀၂၅ ခုနှစ်သည်...
ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ၂၀၂၃ ခုနှစ် အောက်တိုဘာလ၊ ယခုအကြိမ် ပဋိက္ခဖြစ်ပွားစဉ်မှစ၍ အစ္စရေး၏ စဉ်ဆက်မပြတ် အကြီးစား စစ်ရေးလှုပ်ရှားများကြောင့် ဂါဇာကမ်းမြောင်ဒေသ လူဦးရေမှာ အသားတင် ၆ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း၊ ဒေသခံပြည်သူအများအပြားသည် ငတ်မွတ်ခေါင်းပါးသည့် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရကြောင်း ပါလက်စတိုင်း စာရင်းအင်းအေဂျင်စီမှ...