ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ပထမအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်၏ ဒုတိယမြောက်ပွဲစဉ်ကို ဩဂုတ် ၁၄ ရက်တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ပြီး ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling ၊ ရွှင်သာ ဘာသာစကားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးမောင်မောင်ဌေးနှင့်...
ပေကျင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရက တရုတ်-အာဖရိက လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို အလေးထားရာ အာဖရိက လယ်ယာထွက်ကုန် တင်သွင်းမှုကို တက်ကြွစွာ တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဝမ်ဝန်ပင်းက ဩဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ) ယူကရိန်းအကျပ်အတည်း အရှိန်မြင့်တက်ပြီးနောက်ပိုင်း ပထမဆုံးစားနပ်ရိက္ခာထောက်ပံ့ရေးသင်္ဘောကြီးသည် ပင်လယ်နက်ဆိပ်ကမ်းမှ အာဖရိကသို့ ထွက်ခွာသွားပြီဖြစ်ရာ ဂျုံတန်ချိန် ၂၃,၀၀၀ ခန့် တင်ဆောင်သွားကြောင်း ယူကရိန်အခြေခံအဆောက်အအုံရေးရာဌာနက ဩဂုတ် ၁၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါသင်္ဘောကြီးသည် Pivdennyiဆိပ်ကမ်းမှ ထွက်ခွာပြီး အရှေ့အာဖရိကနိုင်ငံ ဂျီဘူတီသို့ သွားရောက်၍...
ဆိုးလ်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) တောင်ကိုရီးယားအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (KCTU) လက်အောက်ခံအဖွဲ့အစည်း “ပြန်လည်ပေါင်းစည်းရေး ရှေ့ပြေးတပ်” သည် ပြီးခဲ့သည့်ရက်များတွင် တောင်ကိုရီးယားရှိ အမေရိကန် စစ်အခြေစိုက်စခန်းများရှိရာ နေရာအသီးသီး၌ လူထုစုဝေးပွဲများ ဆက်တိုက်ပြုလုပ်ကာ အမေရိကန်စစ်တပ်များ တောင်ကိုရီးယားမှ ထွက်ခွာရန်တောင်းဆိုခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ Chosun Ilbo သတင်းဌာနက...
မော်စကို၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ရုရှားကာကွယ်ရေးဝန်ကြီးဌာနက “Sarmat” တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်နှင့် S-500 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ် ဝယ်ယူရေးဆိုင်ရာ စာချုပ်ကို သြဂုတ် ၁၆ ရက်တွင် ကျင်းပသည့် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာနည်းပညာဖိုရမ် “Army-2022” ၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ) အနောက်နိုင်ငံများက မိမိ၏ဗိုလ်ကျစိုးမိုးမှုအာဏာကို ထိန်းသိမ်းရန်အတွက် ပဋိပက္ခ ဖန်တီးရန် လိုအပ်ကြောင်း ရုရှားသမ္မတ ပူတင်က ဩဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ဇာပိုရေဇီးယား နျူကလီးယားဓါတ်အားပေးစက်ရုံမှ ရုရှားတပ်များ ခြွင်းချက်မရှိ ချက်ချင်း ထွက်ခွာသွားရန် ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဩဂုတ်...
ဒမတ်စကပ်စ်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) အမေရိကန်စစ်တပ်သည် ဆီးရီးယားအရှေ့မြောက်ပိုင်းမှ တရားမဝင်တူးဖော်ထားသည့် ရေနံအသစ်တစ်သုတ်ကို အီရတ်နိုင်ငံသို့ ရွှေ့ပြောင်းတင်ပို့ခဲ့ကြောင်း ဆီးရီးယားသတင်းအေဂျင်စီက ထိုနေ့တွင် သတင်းဖော်ပြခဲ့သည်။
ဟာဗားနား၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ) တရုတ်ကြက်ခြေနီအသင်းမှ ကျူးဘားကြက်ခြေနီအသင်းသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၁၅၀,၀၀၀ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ဩဂုတ် ၁၅ ရက်က ကျူးဘားနိုင်ငံခြားကုန်သွယ်ရေးနှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရေးရာဝန်ကြီးဌာနတွင် ကျင်းပခဲ့သည်။
မော်စကို၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် လက်တင်အမေရိက၊ အာရှနှင့် အာဖရိက နိုင်ငံများအကြား အစဉ်ခိုင်မာ၍ ချစ်ကြည်ရင်းနှီးပြီး အမှန်တကယ်ယုံကြည်ရသောဆက်ဆံရေးကို အထူးအလေးထားရာ မဟာမိတ်နှင့်မိတ်ဖက်များကို စက်သေနတ်၊ အမြောက်၊ သံချပ်ကာယာဉ်၊ တိုက်လေယာဉ်နှင့် ဒရုန်း စသည့် ခေတ်မီလက်နက်များကို ပံ့ပိုးသွားလိုကြောင်း ရုရှားသမ္မတ ပူတင်က ဩဂုတ်...
Siena ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) နှစ်စဉ် သြဂုတ်လသည် အီတလီနိုင်ငံ၏ “နိုင်ငံတော်အားလပ်ရက်” ဖြစ်ရာ ဒေသခံပြည်သူများက ယင်းကာလအတွင်း ၎င်းတို့ကိုယ်စီ အမျိုးမျိုးသော အားလပ်ရက်အချိန်များကို ကုန်ဆုံးကြလေ့ရှိသည်။ ဒေသတွင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ ယခုနှစ် ယင်းကာလအတွင်း ခရီးသွားလာကြသည့် အီတလီနိုင်ငံသားပေါင်း ၁၀ သန်းခန့်ရှိကြောင်း သိရသည်။...