ပြုံယမ်း၊ မတ် ၂၅ ရက် (ဆင်ဟွာ) မြောက်ကိုးရီးယားနိုင်ငံက မြောက်ကိုးရီးယားအလုပ်သမားပါတီ(WPK) အတွင်းရေးမှူးချုပ် ကင်ဂျုံအန်း ကိုယ်တိုင်လမ်းညွှန်မှုအောက်တွင် Hwasong-17 တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို မတ် ၂၄ ရက်က အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း Korean Central News Agency (KCNA) က မတ် ၂၅ ရက်၌...
ပေကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ဓာတ်ဆီဈေးနှုန်း မြင့်တက်နေပြီး ဓာတ်ဆီခိုးယူမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။ ကားရောင်းဝယ်သူများနှင့် ဓာတ်ဆီဆိုင်အများအပြားသာမက အချို့သောကိုယ်ပိုင်ကားများလည်း ဓာတ်ဆီခိုးယူခံနေရကြောင်း သိရသည်။
နယူးယောက်၊ မတ် ၂၄ ရက်(ဆင်ဟွာ) ရုရှားမှ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန် စသည့် “ချစ်ကြည်ရင်းနှီးမှုမရှိသည့် နိုင်ငံများ”သို့ သဘာဝဓါတ်ငွေ့ရောင်းချသည့်အခါ ရူဘယ်နှင့်ပြောင်းလဲတွက်ချက်မည် ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင်က မတ် ၂၃ ရက်တွင် ကြေညာခဲ့သည်။ ရုရှားဈေးကွက်မှ ပြင်သစ်လုပ်ငန်းကြီးများ နုတ်ထွက်ကြရန် ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ယင်းနေ့...
ဘရပ်ဆဲလ်၊ မတ် ၂၄ ရက် (ဆင်ဟွာ) နေတိုးတပ်ဖွဲ့သည် ၎င်း၏ အရှေ့ဘက်ခြမ်းတွင် စစ်ဆင်ရေးတပ်ဖွဲ့ဝင်များ ထပ်တိုးဖြန့်ကျက်မှုများ သိသိသာသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောကြားခဲ့ပြီး ယူကရိန်းအား နေတိုးအဖွဲ့သို့ ထည့်သွင်းရေးသည် “ဆွေးနွေးမှု အစီအစဉ်တွင် မပါကြောင်း” ထပ်လောင်းပြောကြားခဲ့သည်။
နယူးယောက်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ယူကရိန်းတွင် ရုရှား၏အထူးစစ်ဆင်ရေးလှုပ်ရှားမှုများကို ယခင်အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်နေကြာင်း ရုရှား သမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က မတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားနှင့် ယူကရိန်းတို့သည် မတ် ၂၂ ရက်တွင် လူသားချင်းစာတာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းများ...
ဂျီနီဗာ၊ မတ် ၂၃ ရက် (ဆင်ဟွာ) မတ် ၂၂ ရက်က ကျင်းပသည့် ၄၉ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး၏ လူနည်းစုအရေး အထူးကိုယ်စားလှယ်ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ ကိုယ်စားလှယ်က အမေရိကန်အနေဖြင့် လူနည်းစုအခွင့်အရေးကို လက်တွေ့ကျကျ ကာကွယ်ရန် တိုက်တွန်းပြောကြားခဲ့သည်။
နယူးယောက်၊ မတ် ၂၂ ရက်(ဆင်ဟွာ) ရုရှား-ယူကရိန်း နှစ်ဖက်အကြား ပထမဆုံးအကြိမ် စစ်သုံ့ပန်းလဲလှယ်မှု ပြုလုပ်ခဲ့ကြောင်း ရုရှားအရာရှိတစ်ဦးက မတ် ၂၁ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်းလေကြောင်းလိုင်းကုမ္ပဏီ၏ MU5735လေယာဉ် သည် ကူမင်းမြို့မှ ကွမ်ကျိုးမြို့သို့ ဦးတည်ပျံသန်းစဉ် မတ် ၂၁ ရက် ၁၄ နာရီ ၃၈ မိနစ်ခန့်တွင် ကွမ်ရှီးဒေသ ဝူကျိုးမြို့ကောင်းကင်၌ အဆက်အသွယ်ပြတ်၍ ပြတ်ကျမှုဖြစ်ပွားခဲ့ကြောင်း နှင့် လေယာဉ်တွင် ခရီးသည် ၁၂၃...
ကန်းစု၊ မတ် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကန်းစုပြည်နယ်ကို “ပိုလျှံလျှပ်စစ်ဓါတ်အား ကျဲ့ကျန်းပြည်နယ်သို့ ပို့လွှတ်”ပံ့ပိုးပေးနိုင်သော ပြည်နယ်အဖြစ် တရုတ်အမျိုးသားစွမ်းအင်ဌာနက ပြီးခဲ့သည့် ရက်ပိုင်းတွင် အတည်ပြုခဲ့ကြောင်း အမျိုးသားလျှပ်စစ်ဓါတ်အားကွန်ရက် ကန်းစုပြည်နယ် လျှပ်စစ်ဓါတ်အားကုမ္ပဏီမှ သိရသည်။ UHV ဓာတ်အားပို့လွှတ်ရေး စီမံကိန်းမှတစ်ဆင့် ကျဲ့ကျန်းပြည်နယ်သို့ လျှပ်စစ်ဓါတ်အား စွမ်းအင် ပို့လွှတ်ခြင်း ဖြစ်သည်။...
နယူးယောက်၊ မတ် ၂၁ ရက်(ဆင်ဟွာ) ရုရှား-ယူကရိန်း အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှု အရေးကြီးအပိုင်း တိုးတက်မှုရရှိခဲ့ကြောင်း၊ သို့သော်လည်း အချို့ကိစ္စရပ်များတွင် နှစ်နိုင်ငံ ခေါင်းဆောင်အဆင့်က ဆုံးဖြတ်ရန်လိုအပ်ဆဲဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlüt Çavuşoğluက မတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။ မရီဥပိုလ်တွင် အရပ်သားများဘေးလွတ်ရာသို့ စနစ်တကျ ထွက်ခွာရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ...