မော်စကို၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ မာရီယူပိုးလ်မြို့တွင် Azovstal သံ၊သံမဏိစက်ရုံမှလွဲ၍ မြို့ပြနေရာအားလုံးကို ရုရှားတပ်များ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ၊ယူကရိန်းစစ်တပ် လက်ကျန်အင်အားနှင့် ကြေးစားတပ်များမှာ Azovstal သံ၊သံမဏိစက်ရုံအတွင်း ပိတ်မိနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Konashenkovက ဧပြီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ကိဗ်၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ပိုင်နက်နယ်မြေကို အဆုံးရှုံးခံပြီး ရုရှားနှင့်စစ်ချုပ်ငြိမ်းရေး အလဲအလှယ်လုပ်မည်မဟုတ်ဟု ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ပြောကြားခဲ့ကြောင်း Ukrinform သတင်းအေဂျင်စီက ဧပြီ ၁၇ ရက်တွင် ဖော်ပြထားသည်။
ပေကျင်း၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) “ကျွန်တော် သူတို့ကို အရမ်းအားကျတယ်” ၊ “လုပ်ငန်းအမိန့်အားလုံးကို သူတို့ ပြီးဆုံးအောင် ဆောင်ရွက်နိုင်တာဟာ မယုံနိုင်စရာပဲ” ဟု အမေရိကန် အငြိမ်းစားအာကာသယာဉ်မှူး Don Thomas က ဆင်ဟွာကို ပြောသည်။
နယူးယောက်၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ဩစတြီးယား ဝန်ကြီးချုပ် Karl Nehammerသည် ဧပြီ ၁၁ ရက် ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ပြီး ရုရှား သမ္မတ ပူတင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းနေ့တွင်ပင် ကျင်းပသည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ရုရှား ရေနံနှင့်သဘာဝဓါတ်ငွေ့ ပိတ်ဆို့မှုအပေါ် ဆုံးဖြတ်ချက် မချနိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) စီးပွားရေးတည်ငြိမ်မှုအတွက် အရန်ရန်ပုံငွေထပ်တိုးသွားမည်ဖြစ်ကြောင်း ရုရှားအစိုးရက ဧပြီ ၁၀ ရက်တွင် ကြေညာခဲ့သည်။ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက သံတမန်နည်းလမ်းဖြင့် ပဋိပက္ခဖြေရှင်းရေး အခွင့်အလမ်းကို လုံးဝ အဆုံးရှုံးခံမည်မဟုတ်သော်လည်း ယူကရိန်း၏တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ___ ပြင်ပပိတ်ဆို့မှုအခြေအနေတွင် စီးပွားရေးတည်ငြိမ်ရန်အတွက်...
ပေကျင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) က ဧပြီ ၈ ရက် ထုတ်ပြန်သည့် မတ်လ စားသောက်ကုန်ဈေးနှုန်းအညွှန်းကိန်းသည် ၁၅၉.၃ ဖြစ်ပြီး ဇန်နဝါရီလထက် ၁၂.၆ ရာခိုင်နှုန်း တိုးလာရာ စားရင်းစတင်ပြုစုသည့် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အမြင့်ဆုံးတန်ဖိုးအထိရောက်ရှိလာခြင်းဖြစ်သည်။ ၎င်းအနက်...
ကူမင်း၊ဧပြီ ၈ ရက် (ဆင်ဟွာ) ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ကပ်ရောဂါနှင့် ကမ္ဘာ့စီးပွားရေးပြန်လည်ဦးမော့ရေးအားနည်းသည့်အခြေအနေအောက်တွင် လန်ချန်း-မဲခေါင်၆နိုင်ငံအကြား ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု အားဖြည့်လုပ်ဆောင်ခဲ့ကြပြီး စီးပွားရေးတိုးတက်မှုအတွက် လက်တွဲဆောင်ရွက်ခဲ့ရာ တရုတ်နှင့်မဲခေါင်မြစ်တစ်လျှောက်ရှိ နိုင်ငံ၅နိုင်ငံကြားကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၄၀၀ ဘီလီယံနီးပါးအထိ မြင့်တက်လာစေရန်တွွန်းအားပေးလုပ်ဆောင်ခဲ့သဖြင့် ကာလတူထက် ၂၃ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း ဧပြီ၇ရက်တွင်ကျင်းပသော၂၀၂၂ခုနှစ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးနှင့်နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားမှသိရသည်။ ယခုအကြိမ်”လန်ချန်း-မဲခေါင်သီတင်းပတ်”သည်အွန်လိုင်းနှင့်အော့ဖ်လိုင်း...
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) အမေရိကန်နှင့် ထိုင်ဝမ်တို့သည် အချင်းချင်းချိတ်ဆက်နေကြပြီး အချို့သူများက ကွဲပြားသော ကိစ္စရပ်နှစ်ခုဖြစ်သည့် ထိုင်ဝမ်နှင့် ယူကရိန်းအရေးကို နှိုင်းယှဉ်ပြောဆိုကာ မငြိမ်မသက်မှုကို အခွင့်ကောင်းယူ၍ လူများအား ရှုပ်ထွေးစေရန် ကြံစည်နေကြောင်းနှင့် ထိုသို့လုပ်ဆောင်ချက်မှာ မီးနှင့်ဆော့ကစားခြင်းဖြစ်ပြီး ကစားသူကိုယ်တိုင်သာ မီးမြိုက်ခံရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက...
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) အမေရိကန်ဘက်မှ ယူကရိန်းအား စစ်ရေးအကူအညီများ ပိုမိုပေးအပ်သည့်အနေဖြင့် ယူကရိန်းစစ်ပွဲ မဖြစ်ပွားမီ အမေရိကန်နိုင်ငံ၌ ယူကရိန်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်မှုပေးခဲ့သလို လက်ရှိတွင်လည်း ၎င်းတို့အား မောင်းသူမဲ့လေယာဉ် ထိန်းချုပ်မောင်းနှင်ခြင်း လေ့ကျင့်ပေးလျက်ရှိကြောင်း အမေရိကန်စစ်တပ်က ဧပြီ ၆ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ အမေရိကန်က ယူကရိန်းအား...
မော်စကို၊ ဧပြီ ၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နေရာမှ ဧပြီ ၇ ရက်ကစပြီး ကြိုတင် ရပ်နားအဆုံးသတ်ရန် ဆုံးဖြတ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ယင်းနေ့က ရုရှားကို လူအခွင့်အရေးကောင်စီအဖွဲ့ဝင်နေရာမှ ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ရာ ယင်းဆုံးဖြတ်မှုသည် “တရားမဝင်...