ပေကျင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပါတီနှင့် နိုင်ငံ့ခေါင်းဆောင်များဖြစ်ကြသော ရှီကျင့်ဖိန်၊ လီခဲ့ချန်၊ လိကျန့်ဆူး၊ ဝမ်းယန်၊ ဝမ်ဟုနင်၊ ကျောက်လဲ့ကျိ၊ ဟန်ကျိန့်နှင့် ဝမ်ချီဆန်း တို့သည် မတ် ၃၀ ရက်တွင် ပေကျင်းမြို့ တာ့ရှင်းခရိုင် ဟွမ်ချွန်းမြို့နယ်၌ မြို့တော်စေတနာ့သစ်ပင်စိုက်ပျိုးရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြကြောင်း သိရသည်။(Xinhua)...
ပေကျင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တတိယအကြိမ်မြောက် အာဖဂန်နစ္စတန် အိမ်နီးချင်းနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ မတ် ၃၁ ရက်က မိန့်ခွန်းသဝဏ်လွှာပေးပို့ခဲ့သည်။ သဝဏ်လွှာတွင် သမ္မတရှီကျင့်ဖိန်က အာဖဂန်နစ္စတန်သည် ခရီးကြမ်းနှင့်ဆင်းရဲမှုဒဏ်ကို အတိခံစားခဲ့ရပြီး လုပ်ငန်းပေါင်းများစွာ ပြန်လည်ရှင်သန်ရန်စောင့်ဆိုင်းနေသော ရှုပ်ထွေးမှုများကြားမှ စီမံအုပ်ချုပ်ရေးသို့ သွားနေသည့်...
ပေကျင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ) G7 က ရုရှားနိုင်ငံ၏ သဘာဝဓာတ်ငွေ့ကို ရူဘယ်ငွေကြေးဖြင့် ဝယ်ယူခြင်း တောင်းဆိုချက်အား လိုက်နာမည်မဟုတ်ဟု ထုတ်ဖော်ပြောကြားပြီးနောက် ရုရှားက ရပ်တည်ချက် ပြောင်းလဲမှုမရှိကြောင်းနှင့် အခြေအနေကို ရှင်းလင်းစွာ သိရှိရန် တိုက်တွန်းကြောင်း မတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
နန်နင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ရှီးနန်နင်းမှ ချုံကျော်အထိ စုစုပေါင်းအရှည် ၅,၇၂၅ မီတာရှိ Liucun ဥမင်လိုဏ်ခေါင်း၏ ဆက်ကြောင်းမဲ့ ရထားသံလမ်ကို မတ် ၂၉ ရက်တွင် ဖောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ၊ မတ် ၃၀ ရက်(ဆင်ဟွာ) ဘက်စုံ ခွဲခြားခြင်းမရှိသည့် ပိတ်ဆို့အရေးယူမှုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသစ်ကို ဖြစ်ပေါ်စေကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ဒုတိယကိုယ်စား သိုက်ပင်းက မတ် ၂၉ ရက် က ယူကရိန်း လူသားချင်းစာနာထောက်ထားရေး လုံခြုံရေးကောင်စီ သုံးသပ်ဆွေးနွေးမှုတွင် ထောက်ပြပြောကြားခဲ့သည်။
မော်စကို၊ မတ် ၃၀ ရက် (ဆင်ဟွာ) ရုရှားသမ္မတ ဗလာတီမာပူတင်သည် မတ် ၂၉ ရက်တွင် ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ရာ နှစ်ဖက်စလုံးမှ ထိုနေ့တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပခဲ့သည့် ရုရှား-ယူကရိန်း အသစ်တစ်ကြိမ် ဆွေးနွေးမှုအပါအဝင် ယူကရိန်းအရေးအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရသည်။
ကွေ့တိန့်၊ မတ် ၂၉ ရက်(ဆင်ဟွာ) လက်ရှိ CCCC Second Highway Engineering Co.,Ltdနှင့်CCCC Fourth Highway Engineering Co.,Ltd.တို့ တာဝန်ယူတည်ဆောက်နေသည့် တရုတ်နိုင်ငံကွေ့ကျိုးပြည်နယ် ကွေ့-ဟွမ် မြန်နှုန်းမြင့် အဝေးပြေး ပင်မလမ်းတည်ဆောက်မှုသည် ပြီးစီးတော့မည်ဖြစ်ရာ ယခုနှစ်အတွင်း လမ်းကြောင်းအပြည့် ဖွင့်လှစ်ပြေးဆွဲနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။
နယူးယောက်၊ မတ် ၂၉ ရက်(ဆင်ဟွာ) သက်ဆိုင်ရာဘက်ပေါင်းစုံက ယူကရိန်းတွင် လူသားချင်းစာနာထောက်ထားမှု အပစ်ခတ်ရပ်စဲရေး ချက်ချင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က မတ် ၂၈ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။ ရုရှားနှင့်ယူကရိန်း ကိုယ်စားလှယ်အဖွဲ့များသည် တူရကီနိုင်ငံ အကြီးဆုံးမြို့ ဖြစ်သော အစ္စတန်ဘူလ်မြို့သို့ မတ် ၂၈ ရက်က ရောက်ရှိခဲ့ရာ နှစ်ဖက်...
ပေကျင်း၊ မတ် ၂၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံက ရုရှာနိုင်ငံထံမှ မီးသင့်ကျောက်မီးသွေး(coking coal)တင်သွင်းမှုပမာဏကို တစ်ဆထပ်တိုး တင်သွင်းသွားမည်ဖြစ်ကြောင်း အိန္ဒိယသံ ၊သံမဏိကဏ္ဍဝန်ကြီးဌာန ဝန်ကြီး Ramchandra Prasad Singh က မတ်၂၇ ရက်တွင် ပြောကြားခဲ့သည်။ Ramchandra Prasad Singh က မြို့တော်နယူးဒေလီရှိ အစည်းအဝေးတစ်ခုတွင်...
ခတ္တမန္ဒူ၊ မတ် ၂၈ ရက်(ဆင်ဟွာ) နီပေါနိုင်ငံ သမ္မတ ဘန်ဒါရီသည် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအားခတ္တမန္ဒူမြို့ သမ္မတ အိမ်တော်တွင် မတ် ၂၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ နီပေါနိုင်ငံ သမ္မတ ဘန်ဒါရီက ဝမ်ရိအား သမ္မတရှီကျင့်ဖိန်သို့ နှုတ်ခွန်းဆက်သကြောင်းနှင့် သမ္မတရှီကျင့်ဖိန် ၂၀၁၉ ခုနှစ် နီပေါသို့လာရောက်သည့်...