ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) အီရန်နျူကလီးယားအရေးကိစ္စ သဘောတူညီချက်အား ပြန်လည်လိုက်နာရေးနှင့် ပတ်သက်၍ အမေရိကန်က ထပ်လောင်းတောင်းဆိုမှုများ ပြုလုပ်နေရာ စေ့စပ်ညှိနှိုင်းမှုများကို ပိုမိုခတ်ခဲစေသည်ဟု အီရန်အရာရှိက မတ် ၁၀ ရက်တွင် စွပ်စွဲပြစ်တင်ခဲ့သလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ သက်ဆိုင်ရာအဖွဲ့များက သဘောတူညီချက်အသစ် ရရှိလုနီးပါးဖြစ်ကြောင်းနှင့် ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်း...
ဘစ်ရှ်ကတ်ရှ် ၊ မတ် ၁၁ ရက် (ဆင်ဟွာ) ကာဂျစ္စတန်နိုင်ငံနှင့် တာဂျစ်ကစ္စတန်နိုင်ငံတို့က မတ် ၁၀ ရက်တွင် နှစ်နိုင်ငံနယ်စပ်ဒေသ၌ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ကာဂျစ္စတန်နိုင်ငံ အမျိုးသားလုံခြုံရေးကော်မရှင် သတင်းထုတ်ပြန်ရေးဗျူရိုက မတ် ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုနေ့နံနက်ပိုင်းတွင် ကာဂျစ္စတန်နိုင်ငံ Batken ပြည်နယ်...
ရန်ကုန်၊ မတ် ၁၁ ရက်(ဆင်ဟွာ) ယခုနှစ်ပိုင်းများတွင် ကာဗွန်လျော့နည်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွေးအမြင်များ ကျယ်ပြန့်လာခြင်းနှင့်အတူ အရှေ့တောင်အာရှနိုင်ငံ အများအပြားတွင်လည်း စွမ်းအင်သစ်မော်တော်ယာဉ် ထုတ်လုပ်ရောင်းချမှုများ အစပျိုးလာပြီဖြစ်သည်။
ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) “တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးအင်အား တိုးမြှင့်လာမှုက ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ အင်အားကို တိုးမြှင့်လာစေတယ်” ဟု ပြောကြားလျက် တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်လာခြင်းမှာ ကျိုးကြောင်းဆီလျော်ပြီး စစ်မှန်မှုနှင့် ပွင့်လင်းမြင်သာမှုရှိကြောင်း တရုတ်နိုင်ငံအမျိုးသား ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်၊ စစ်ရေးသိပ္ပံအကယ်ဒမီ ဒုဥက္ကဋ္ဌ He...
ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) လက်ရှိ ရုရှားစစ်တပ်ထိန်းချုပ်ထားသည့် ချာနိုဘိုင်း နျူကလီးယားဓါတ်အားပေးစက်ရုံသည် ဘီလာရုဇ် လျှပ်စစ်အင်ဂျင်နီယာများ၏ အကူအညီဖြင့် ဓါတ်အားပြန်လည် ထုတ်လွှတ်ပေးနေပြီဖြစ်ကြောင်း ရုရှားစွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Yevgeny Grabchak က မတ် ၁၀ ရက်တွင် ရုရှားမီဒီယာများအား ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၁၀ ရက်(ဆင်ဟွာ) ရုရှားအပေါ်စွမ်းအင်ပိတ်ပင်ကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က မတ် ၈ ရက်တွင် ကြေညာခဲ့သည်။ ယင်းနေ့တွင်ပင် ဥရောပသမဂ္ဂက ရုရှားမှ ရေနံနှင့်ဓါတ်ငွေ့တင်သွင်းမှုကို များစွာ လျှော့ချရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သုံးသပ်သူအချို့က အမေရိကန်-ဥရောပ နောက်ဆုံးပိတ်ဆို့ကန့်သတ်မှုများသည် ရုရှားအပေါ် တစ်ဆင့်တိုး ဖိအားဖြစ်စေသော်လည်း ကိုယ်တိုင်ကလည်း...
ပေကျင်း၊ မတ် ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ ရုရှားအပေါ် ချမှတ်ထားသည့် စွမ်းအင်ဆိုင်ရာ ပိတ်ဆို့မှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်နိုင်ငံသည် နိုင်ငံတကာဥပဒေ အခြေအမြစ်မရှိသည့် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်းနှင့် တရုတ်-ရုရှားတို့သည် အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုစိတ်ဓါတ်ဖြင့်ရေနံနှင့်...
ဗီယင်နာ၊ မတ် ၁၀ ရက် (ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ(IAEA) သည် မတ် ၉ ရက်တွင် ဗီယင်နာ၌ အစည်းအဝေး ကျင်းပခဲ့ရာ တရုတ်ဘက်မှ အကြံပြုချက်အရ အစည်းအဝေးတွင် အမေရိကန်-ဗြိတိန်-သြစတြေးလျ နျူကလီးယားရေငုပ်သင်္ဘောပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်သော နျူးကလီယားပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း နှင့် အာမခံမှုကြီးကြပ်ခြင်းစသည့် နျူကလီးယားမပြန့်ပွားရေးစာချုပ်(NPT)...
ပေကျင်း၊ မတ် ၁၀ ရက်(ဆင်ဟွာ) ရုရှားက ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ သဘောတူညီချက်များကို နောက်ဆုတ်ပေးမည်မဟုတ်ဟု ရုရှားနိုင်ငံ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ ဝင် Leonid Slutsky က မတ် ၉ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်သည် နေတိုးအဖွဲ့ဝင်နိုင်ငံများမှ ယူကရိန်းသို့ တိုက်လေယာဉ်များ ထောက်ပံ့ပေးမှုကို ဆန့်ကျင်ကြောင်း အမေရိကန် ကာကွယ်ရေးဌာန...
ပေကျင်း၊ မတ် ၁၀ ရက် (ဆင်ဟွာ) ယူကရိန်း၏ တောင်းဆိုချက်အရ တရုတ်နိုင်ငံကြက်ခြေနီအသင်းက ယူကရိန်းကြက်ခြေနီအသင်းသို့ စားနပ်ရိက္ခာနှင့် နေ့စဉ်သုံးပစ္စည်းများ အပါအဝင် ယွမ် ၅ သန်းတန်ဖိုးရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းတစ်သုတ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်းနှင့် ယင်းအထောက်အပံ့ပစ္စည်းများသည် ပေကျင်းမြို့မှ စတင်ပို့ဆောင်နေပြီဖြစ်ပြီး သင့်လျော်သည့် နည်းလမ်းဖြင့် ယူကရိန်းကြက်ခြေနီအသင်းသို့ အမြန်ဆုံးပေးအပ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ...