ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၇ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီအတွင်း အသစ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာ ၂၃၄ ဦး ရှိကြောင်း တရုတ်နိုင်ငံ ပြည်နယ်၊ ဒေသ၊ မြို့ ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏...
ဟောင်ကောင်၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ဖေဖော်ဝါရီ ၂၇ ရက် ၀၀:၀၀ နာရီ အထိ ဟောင်ကောင်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆,၀၂၆ ဦး ထပ်တိုးလာကြောင်း တရုတ်နိုင်ငံ ဟောင်ကောင် အထူးဒေသအစိုးရ ကျန်းမာရေးဌာန ကျန်းမာရေးကာကွယ်မှုဗဟိုက ယင်းနေ့တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ယူကရိန်းနှင့်ရုရှား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း နှစ်နိုင်ငံစလုံးက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားဗဟိုဘဏ်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ တွင် ရုရှား၌လိုအပ်သည့်အရင်းအမြစ်များပိုင်ဆိုင်ပြီး ဘဏ္ဍာရေးတည်ငြိမ်အောင်၊ ဘဏ္ဍာရေးကဏ္ဍလုပ်ငန်းများ လည်ပတ်မှု အာမခံရှိစေအောင် ဆောင်ရွက်၍ ရကြောင်း ဆိုသည်။
မော်စကို၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ရုရှားစစ်တပ်၏ မဟာဗျူဟာဟန့်တားရေးအင်အားကို အထူးတိုက်ပွဲဝင် အသင့်အနေအထားအဖြစ် တပ်လှန့်ထားရန် ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၇ ရက်က အမိန့်ပေးခဲ့ကြောင်း ကရင်မလင်နန်းတော် ဝဘ်ဆိုက် သတင်းများအရ သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) အမေရိကန် ဒရုန်းယာဉ်များ သည် ယူကရိန်းစစ်ပွဲတွင် ပါဝင်ပတ်သတ်နေပြီး ယူကရိန်းတပ်များကို အထောက်အပံ့ပေးနေကြာင်း ရုရှားစစ်တပ်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရုရှားတပ်ဖွဲ့ဝင် အချို့က ကိဗ်မြို့သို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း ကိဗ်မြို့ပေါ်နှင့် ဆင်ခြေဖုံးဒေသများသည် ယူကရိန်းစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း ယူကရိန်းသမ္မတရုံး အကြံပေးပုဂ္ဂိုလ် Mykhailo Podolyak က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ယူကရိန်းသည် ရုရှားနှင့် ဆွေးနွေးရန် ငြင်းဆိုခဲ့ခြင်းကြောင့် ယူကရိန်းရှိ ရုရှားစစ်တပ် ပင်မအင်အားက ယနေ့တွင် စီစဉ်ထားသည့် စစ်ရေးလှုပ်ရှားမှုကို ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း ရုရှားသမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းက...
ကျိုချွမ် ၊ ဖေဖော်ဝါရီ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-4C ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံဖြင့် L-SAR 01B ဂြိုဟ်တုအား ပေကျင်းစံတော်ချိန် နံနက် ၇ နာရီ ၄၄ မိနစ်တွင် အောင်မြင်စွာလွှတ်တင်ခဲ့ပြီး စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) မြောက်အတ္တလန္တတိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) မှ ခေါင်းဆောင်များက ယူကရိန်းနိုင်ငံအခြေအနေနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၅ ရက်တွင် အရေးပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။ နေတိုး အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က နေတိုးအနေဖြင့် လိုအပ်သော အခြေအနေအောက်တွင်...
မော်စကို၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းရှိ Melitopol မြို့ကို ရုရှားစစ်တပ်က အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားမရိန်းတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းတွင် Azov လူနေရပ်ကွက်အတွင်းသို့ ရောက်ရှိလာခဲ့ပြီးနောက် Melitopol မြို့သို့...