ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ပိတ်ဆို့အရေးယူခြင်းသည် ပြဿနာရပ်များကို ဖြေရှင်းရာတွင် အခြေခံကျထိရောက်မှုရှိသည့် နည်းလမ်းမဟုတ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် မည်သည့် တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့ အရေးယူမှုကိုမဆို တစ်စိုက်မတ်မတ် ကန့်ကွက်ကြောင်း အမေရိကန် စသည့် အနောက်နိုင်ငံများက ရုရှားအား ပိတ်ဆို့မှုအသစ်များ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေး အစိုးရချင်း တွေ့ဆုံဆွေးနွေးမှုယန္တရား ပူးတွဲ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ကုလသမဂ္ဂဆိုင်ရာ ကာတာအမြဲတမ်းကိုယ်စားလှယ် Alya Ahmed Saif Al-Thani နှင့် ဒိန်းမတ်အမြဲတမ်းကိုယ်စားလှယ် Martin...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) Donbass သို့ရုရှားစစ်တပ်များ ချက်ချင်းဝင်ရောက်မည်ဟုမဆိုလိုကြောင်း နှင့် ရုရှား၏ နောက်တစ်ဆင့် ဆောင်ရွက်မှုကို ရှေ့ဆက်အခြေအနေအပေါ် မူတည်၍ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
တူးနစ်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ တူနီးရှားသို့ ကူညီပံ့ပိုးပေးသည့် ကိုဗစ်ကာကွယ်ဆေး အသစ်တစ်သုတ် သည် ဖေဖော်ဝါရီ၂၂ ရက်တွင် မြို့တော်တူးနစ်သို့ ရောက်ရှိခဲ့သည်။ တူနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jianguo နှင့် တူနီးရှားနိုင်ငံ ကျန်းမားရေးဝန်ကြီး Ali Mrabet တို့က လေဆိပ်သို့...
မော်စကို၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ “ဒွန်းဘတ်စ်ပြည်သူ့သမ္မတနိုင်ငံ”နှင့် “လုဟန့်စ်ပြည်သူ့သမ္မတနိုင်ငံ”အား အသိအမှတ်ပြုသည့် အမိန့်ကြေညာချက်တစ်စောင်ကို ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းတွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့အပေါ် ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ရုရှား၏ဆုံးဖြတ်ချက်သည် ယူကရိန်း၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုက်နက်ပြည့်စုံမှုကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောကြားပြီး...
နန်ကျင်း၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) ယန်ဇီမြစ်ဝှမ်း၏ ပထမဆုံး တန်ချိန် ၃,၀၀၀ ရှိ လျှပ်စစ်စွမ်းအင် ကုန်တင်သင်္ဘော “CHUANLIAN YI HAO” သည် ဖေဖော်ဝါရီ ၂၂ ရက်က နန်ကျင်းမြို့တွင် ခရီးစတင်ခဲ့ကြောင်း သိရသည်။ ယင်းကုန်တင်သင်္ဘောကို ယခင်က လောင်စာဆီသုံးကုန်တင်သင်္ဘောမှ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် သင်္ဘောတစ်စင်းလုံးအတွက်...
ချုံချင့်၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး အကြီးစား ယှေလကျောက်သဘာဝဓာတ်ငွေ့လုပ်ကွက်ဖြစ်သည့် တရုတ်နိုင်ငံ SINOPEC JIANGHAN OILFIELD ဖူလျင် ယှေလကျောက်သဘာဝဓါတ်ငွေ့လုပ်ကွက်တွင် ထုတ်လုပ်မှုစွမ်းရည်တည်ဆောက်ခြင်း၊ ထုတ်လုပ်မှုလျော့နည်းသည့် တွင်းများအား ကောင်းမွန်စွာ စီမံဆောင်ရွက်ခြင်းများကြောင်း ယင်းလုပ်ကွက်၌ တွင်းသစ် ၁၉ ခု ထုတ်လုပ်နိုင်ပြီဖြစ်ရာ နေ့စဉ်ပံ့ပိုးမှု ဓါတ်ငွေ့ပမာဏ...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့သည်။
ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ဥရောပသမဂ္ဂက ရုရှားအပေါ် ပိတ်ဆို့မှုများ ဆောင်ရွက်သွားမည်ဟု ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michelနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းတွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့်လုံခြုံရေးအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန်အတွက် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ အမေရိကန် စစ်လက်နက်ပစ္စည်းရောင်းချရာတွင် ရေရှည်ပါဝင်သည့် စစ်ဘက်ဆိုင်ရာ လုပ်ငန်းနှစ်ခုကို တန်ပြန် ပိတ်ဆို့ရန် တရုတ်နိုင်ငံ အစိုးရက ဆုံးဖြတ်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။