ဂျကာတာ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီရေလက်ကြားအတွင်း သင်္ဘောတိမ်းမှောက်မှုကြောင့် လူ ၆ ဦးသေဆုံး၍ ၂၄ ဦး ပျောက်ဆုံးနေပြီး အခြား ၃၅ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ ညဉ့်နက်လာမှုကြောင့် ရှာဖွေကယ်ဆယ်ရေးလှုပ်ရှားမှု ခေတ္တအဆုံးသတ်ခဲ့ပြီး ဇူလိုင် ၄ ရက်၌ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဘာလီကျွန်း...
ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) အမေရိကန် သမ္မတ ထရမ့်က လုပ်ငန်းရှင်အဖွဲ့အား ဦးဆောင်၍ တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်မည့် သက်ဆိုင်ရာသတင်းများနှင့်စပ်လျဉ်း၍ သတင်းထောက်တစ်ဦးက တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဇူလိုင် ၃ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ သတင်းအချက်အလက် ပြောကြားဖွယ်မရှိသေးကြောင်း...
နယူးယောက်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) အမေရိကန် အောက်လွှတ်တော်က အထက်လွှတ်တော်ဗားရှင်းဖြစ်သည့် “ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” အခွန်နှင့် အသုံးစရိတ် ဥပဒေမူကြမ်းကို ဇူလိုင် ၂ ရက်တွင်စတင်၍ ဆွေးနွေးခဲ့သည်။ အထက်လွှတ်တော်သည် ယခင်က အောက်လွှတ်တော် အတည်ပြုခဲ့သော ဥပဒေကြမ်းအား...
အဒစ်အဘာဘာ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အီသီယိုးပီးယားနိုင်ငံအား ကူညီထောက်ပံ့သော ဆေးကုသရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများ လွှဲပြောင်းခြင်း အခမ်းအနားကို ဇူလိုင် ၂ ရက်တွင် အီသီယိုးပီးယားနိုင်ငံ မြို့တော် အဒစ်အဘာဘာရှိ Tirunesh-Beijing ဆေးရုံတွင် ကျင်းပခဲ့သည်။ (Xinhua) ………………………………… (Chinese Version) 中方向埃塞俄比亚捐赠医疗物资...
ဟဲဖေ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) လက်ရှိတွင် တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟဲဖေမြို့က နိုင်ငံတော်၏ အနာဂတ်စက်မှုလုပ်ငန်း ပျိုးထောင်ရေး မဟာဗျူဟာဖြန့်ကြက်မှုနှင့်အညီ ကွမ်တမ်အချက်အလက်၊ ဝေဟင်နိမ့် စီးပွားရေး၊ စီးပွားဖြစ်အာကာသလုပ်ငန်း၊ ဖျူးရှင်းစွမ်းအင်၊ ဉာဏ်ရည်တု AI ၊ လူပုံစံတူစမတ်စက်ရုပ်နှင့် ဇီဝထုတ်လုပ်ရေးစသည့် ထုတ်လုပ်ရေးလုပ်ငန်းလမ်းကြောင်းအသစ်များကို အမြော်အမြင်ရှိစွာ ခင်းကျင်းပုံဖော်ထားပြီး...
ဟန်ယန် (ဟူနန်)၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ဟန်ယန်မြို့ ဟန်ဆန်းခရိုင်၌ စိုက်ပျိုးသည့် နွေစပါးများသည် ရှေ့ဆင့်နောက်ဆင့် ရင့်မှည့်လာပြီး ရိတ်သိမ်းရာသီသို့ ဝင်ရောက်လာပြီဖြစ်သည်။ ဒေသခံရွာသူ၊ ရွာသားများက ရာသီဥတု နေသာချိန်တွင် စိုက်ပျိုးရေးစက်ကိုမောင်းနှင်ကာ နွေစပါးများအား ရိတ်သိမ်းလျက်ရှိသည်။ (Xinhua) ——————— (Chinese...
ကုလသမဂ္ဂ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ကုလသမဂ္ဂအနေဖြင့် အီရန်က အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) နှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းကြောင်း ကြေညာလိုက်ခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန်း ဒူဂျာရစ်က ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။ ကုလသမဂ္ဂဘက်က...
အိုဆာကာ(ဂျပန်)၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) “လှပသော တရုတ်နိုင်ငံ ကျန်းရှီးစံနမူနာကို ဖန်တီးခြင်း၊ ကျန်းရှီး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးအနာဂတ်ကို စိတ်ကူးပုံဖော်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ၂၀၂၅ ခုနှစ် အိုဆာကာကုန်စည်ပြပွဲ တရုတ်ပြခန်းတွင် ကျန်းရှီးပြည်နယ် အခမ်းအနားနေ့ကို ဇွန်လ ၂ ရက်တွင် အိုဆာကာကမ္ဘာ့ပြပွဲဥယျာဉ်တွင် ကျင်းပခဲ့သည်။...
ဂျေရုဆလမ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုက ဇူလိုင် ၂ ရက်တွင် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) အား “အမြစ်ဖြတ် ဖယ်ရှားမည်” ဟု ဆိုခဲ့သည်။ ထိုမတိုင်မီ ရှေ့တစ်ရက်တွင် အမေရိကန် သမ္မတ ထရမ့်က...
ဘရပ်ဆဲလ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ဘယ်လ်ဂျီယမ်နိုင်ငံ ဝန်ကြီးချုပ် Bart De Wever သည် ဒေသစံတော်ချိန် ဇူလိုင် ၁ ရက်တွင် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် Bart De...