ဂျနီဗာ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ဇန်နဝါရီ ၁၀ ရက် ထုတ်ပြန်သော အချက်အလက်များအရ ကမ္ဘာပေါ်တွင် ကိုဗစ်ကူးစက်ခံရသူစုစုပေါင်း သန်း ၃၀၀ ကျော်ရှိလာပြီး သေဆုံးသူစုစုပေါင်း ၅ ဒသမ ၄၉ သန်းနီးပါးအထိ ရှိလာကြောင်း၊ အိုမီခရွန်ကိုရိုနာဗိုင်းရပ်သည် ကမ္ဘာတစ်ဝှမ်းတွင် လျင်မြန်စွာ...
ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP)အာဏာပိုင်များက နိုင်ငံရေးခြယ်လှယ်ကစားပြီး ထိုင်ဝမ်ကျွန်းတွင် “ထိုင်ဝမ်ရေလက်ကြား အရေးကြုံလျှင် အမေရိကန် သေချာပေါက် ကူညီပေးမည်”ဟူသော စိတ်ကူးယဉ်မှုကို အလေးထား ဖန်တီးပြောကြားနေကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်က ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာရေးပွဲတော် ရောက်ရှိတော့မည့်အချိန်နှင့်အတူ လူပေါင်း ၁ သန်း နီးပါးက အိန္ဒိယနိုင်ငံ အနောက် ဘန်ဂေါပြည်နယ် တောင်ပိုင်းရှိ ကျွန်းလေးတစ်ကျွန်းသို့ လာရောက် ဘုရားဖူးပြီး စုပြုံရေချိုးကြမည်ဟု ခန့်မှန်းရကြောင်း ယင်းပြည်နယ်အရာရှိတစ်ဦးက ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ပြီးခဲ့သည့်နှစ်များတွင် အမေရိကန်က ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဘာသာရေးစသည်တို့ကို ဘန်းပြကာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွပ်ဖက်ခဲ့ရာ တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ဆိုရွားစွာထိခိုက်စေကြောင်း၊ တရုတ်နိုင်ငံသည် ဥပဒေနှင့်အညီ တန်ပြန်အရေးယူမှုများ ပြုလုပ်ခြင်းသည် သဘာဝကျကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာနှင့်...
ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ဇန်နဝါရီ ၁၀ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီအတွင်း အသစ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာ ၁၉၂ ဦး ရှိကြောင်း တရုတ်နိုင်ငံ ပြည်နယ်၊ ဒေသ၊ မြို့ ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏...
ဂျီနီဗာ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်-ရုရှား မဟာဗျူဟာ တည်ငြိမ်ရေး တစ်ရက်ကြာ အသစ်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဇန်နဝါရီ ၁၀ ရက်က ကျင်းပခဲ့သည်။ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkovနှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Wendy Sherman တို့က နှစ်နိုင်ငံ...
မနီလာ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၁၀ ရက်ထုတ်ပြန်ချက်များအရ ထပ်တိုး ကိုဗစ်အတည်ပြုလူနာ ၃၃,၁၆၉ ဦး ရှိရာ ပိုးတွေ့ရှိမှု ၄၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ယင်းကိန်းဂဏန်း ၂ ခုလုံးသည် ဖိလစ်ပိုင်တွင် ကပ်ရောဂါဖြစ်ပွားပြီးနောက် အမြင့်ဆုံးစံချိန်ဖြစ်သည်။
အက်တာနာ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ပြည်တွင်း အဓိကရုဏ်းများကြောင့် လူအများအပြား အသက်ဆုံးရှုံးခဲ့ရခြင်းအတွက် ကာဇက်စတန်နိုင်ငံတွင် ဇန်နဝါရီ ၁၀ ရက်က တစ်ပြည်လုံး ဝမ်းနည်းခြင်းအထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ ကာဇက်စတန်သမ္မတရုံး၊ အစိုးရဌာနအဆင့်ဆင့်နှင့် ပြည်ပအခြေစိုက် ကာဇက်စတန်ဌာနဆိုင်ရာများက နိုင်ငံတော်အလံတစ်ဝက်ချ၍ ဝမ်းနည်းအောက်မေ့ဖွယ်လှုပ်ရှားမှုပြုလုပ်ခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ၂၀၂၂ ခုနှစ် ပေကျင်း ဆောင်းရာသီ အိုလံပစ်နှင့် ဆောင်းရာသီ မသန်စွမ်းအိုလံပစ်အားကစားပွဲ၏ ပင်မ မီဒီယာ စင်တာ စီမံခန့်ခွဲမှုများ တရားဝင်စတင်ပြီဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၄ ရက်မှ ၂၂ ရက် စမ်းသပ်လည်ပတ်သည့်ကာလအတွင်း ကမ္ဘာ့အနယ်နယ်အရပ်ရပ်မှ သတင်းမီဒီယာသမား ၁,၇၀၀...
ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) အာဖရိကတိုက် ဆူဒန်နိုင်ငံတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကုန်မှစတင်ခဲ့သော မငြိမ်မသက်ကမောက်ကမဖြစ်ပွားမှု အခြေအနေကို အဆုံးသတ်နိုင်စေရန် ရည်ရွယ်ကာ ကုလသမဂ္ဂက ဆူဒန် စစ်တပ်၊ နိုင်ငံရေးပါတီနှင့်အခြားအဖွဲ့အစည်းကိုယ်စားလှယ်များကို တွေ့ဆုံဆွေးရန် ဖိတ်ကြားမည်ဖြစ်ကြောင်း ကုလသမဂ္ဂကဘက်က ဇန်နဝါရီ ၈ ရက် တွင် ပြောကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးရန်...