နန်နင်း၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) ညခင်းပိုင်းရောက်လျှင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းရှိ ချင်းကျိုးရထားကွန်တိန်နာဗဟိုဆိပ်ကမ်းတွင် နေ့ခင်းပိုင်းကဲ့သို့ ပျားပန်းခတ်စည်ကားအလုပ်များနေဆဲဖြစ်သည်။
ကာနေလ်ခရီလ်၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) အာဏာအသွင်ကူးပြောင်းရေး တည်ငြိမ်အောင် တွန်းအားပေးနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် ဖွဲ့စည်းသွားမည်ဟု ဂီနီနိုင်ငံ အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) Pfizer ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ကို သိသာစွာ လျော့နည်းစေကြောင်း အစ္စရေး သုတေသီများက ယခုကာလများအတွင်း ကြိုတင်ပုံနှိပ်ထုတ်ပြန်သည့် သုတေသနာစာတမ်း နှစ်ခုတွင် ဖော်ပြထားသည်။
ပေကျင်း၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံတွင် ပဥ္စမမြောက် ကိုဗစ်လှိုင်း အထွတ်အထိပ်သို့ ရောက်ရှိနေရာ ဒေသအသီးသီရှိ ဆေးရုံများတွင် လူနာကုတင်လိုအပ်ချက်များ ဆိုးဆိုးဝါးဝါးဖြစ်ပွားလျက်ရှိသည်။ ဂျပန်ဒေသ ၂၅ ခုရှိ ဒေသဆိုင်ရာ အစိုးရများက ကျန်းမာရေးစနစ်ဝန်ဖိအားကို ဖြေလျှော့နိုင်ရန်အတွက် အောက်ဆီဂျင်စက်ရုံအပါအဝင် ယာယီဆေးကုသရေးစင်တာများ တည်ဆောက်ရန် စဉ်းစားနေကြောင်း Kyodo သတင်းဌာန၏...
ကူမင်း၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက 《တရုတ်-မြန်မာ နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်》 အကောင်အထည်ဖော်ဆောင်ရွက်ရေးစနစ်လမ်းကြောင်းကို အတည်ပြုပေးခဲ့ရာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွက် ကပ်ရောဂါကုသထိန်းချုပ်ရေး အထောက်အပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ဩဂုတ် ၅ ရက်က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်းတိုင်လူမျိုးဂျိမ်းဖော်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ ရွှေလီမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်တွင် ကျင်းပခဲ့သည်။...
ဝူးလူမုချီ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) International Army Games 2021၏ “Clear Sky” MANPADS လေကြောင်းကာကွယ်ရေးစနစ် တပ်ဖွဲ့ အထွေထွေပေါင်းစပ်စွမ်းရည်ပြိုင်ပွဲကို ဩဂုတ် ၁ ရက်က တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ခုအယ်လဲ့တွင် ကျင်းပခဲ့ရာ တရုတ်တပ်ဖွဲ့က ပထမဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ယင်းပြိုင်ပွဲပြီးဆုံးခြင်းသည်...
ပေကျင်း၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်၌ တပ်စွဲခဲ့သည့် နှစ်ပေါင်း(၂၀)ကြာကာလတွင် အမေရိကန်သည် ၎င်း၏ပုံစံ စံညွှန်းများဖြင့် ဆောင်ရွက်ဖို့ အစဉ်တစိုက် ကြိုးပမ်းခဲ့သော်လည်း နောက်ဆုံး ရလဒ်က ဝမ်းနည်းကြေကွဲဖွယ်ရာများသာ ဖြစ်ခဲ့ကြောင်း ရုရှားသမ္မတ ပူတင်က စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) ကာကွယ်ဆေးပံ့ပိုးပေးသည့် COVAX အစီအစဉ်တွင် တရုတ်နိုင်ငံက အစဉ်တစိုက် ကြိုးပမ်းပါဝင်ဆောင်ရွက်လျက်ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကိုဗစ်ကာကွယ်ဆေးလက်လှမ်းမီစေဖို့ တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဩဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်။ ယခုကာလများအတွင်း ကာကွယ်ဆေး သန်း(၃၀)ခန့်ကို အယ်လ်ဂျီးရီးယား၊...
မန္တလေး၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) မန္တလေးမြို့ အခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံးက မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး အရပ်ဖက် လူမှုကယ်ဆယ်ရေးအဖွဲ့များအား ဩဂုတ် ၃၁ ရက်တွင် အောက်ဆီဂျင်စက် (Oxygen Concentrator)များ ပေးအပ်လှူဒါန်းခဲ့ကြောင်း မန္တလေးအခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ရုံး၏ စက်တင်ဘာ ၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ချုံချင့်၊ ဩဂုတ် ၃၀ ရက်(ဆင်ဟွာ) စက်ပစ္စည်းကိရိယာ ကွန်တိန်နာ အလုံး ၅၀ အပြည့်တင်ဆောင်ထားသည့် တရုတ်-ဥရောပ ရထားကြီးသည် တရုတ်နိုင်ငံ ချုံချင့်မြို့ ထွန်ကျယ်ကျေးရွာဘူတာမှစတင် ဩဂုတ် ၂၉ ရက်တွင် စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။ ယင်းရထားကြီးသည် အတွင်းမွန်ဂိုးလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ အော့လျန်ဟောက် နယ်စပ်ဂိတ်ကို ဖြတ်ကျော်၍ ယူကရိန်းနိုင်ငံ မြို့တော်...