ကဘူးလ်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ ဘတ်စ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် အနည်းဆုံး အရပ်သားတစ်ဦးသေဆုံးကာ အခြား အရပ်သား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် တာလီဘန် ပြောရေးဆိုခွင့်ရှိသူ မူဂျာဟစ်က နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ပေါက်ကွဲမှုသည် ကဘူးလ်၏ အမှတ်...
တိုကျို၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံတောင်ပိုင်း၊ ကာဂိုရှီးမားစီရင်စုရှိ Izumi မြို့၌ ကြက်မွေးမြူရေးခြံတစ်ခုတွင် ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားသော ကြက်ငှက်တုပ်ကွေးရောဂါကြောင့် မွေးမြူထားသည့် ကြက်အကောင်ရေ ၄၀,၀၀၀ ခန့်ကို သုတ်သင်ရှင်းလင်းခဲ့ရကြောင်း ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက နိုဝင်ဘာ ၁၃ ရက်က ကြေညာချက်...
ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) မကြာသေးမီက တရုတ်နိုင်ငံ ပေကျင်းမြို့ ဟိုင်တျန့်ခရိုင်တွင် အသက် ၃ နှစ်မှ ၁၁ နှစ်ကြား လူအုပ်စုများအား စနစ်တကျ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံသည့် လူအုပ်စုတွင် ကျောင်းဝင်းမှ ကျောင်းသားများနှင့် ကျောင်းဝင်းထဲမှမဟုတ်သော လူအုပ်စုတို့ ပါဝင်ပြီး...
ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် နိုဝင်ဘာ ၁၃ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး ခဲ့သည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒင် တို့သည် နို၀င်ဘာ ၁၆...
ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ယနေ့အထိ ကမ္ဘာပေါ်ရှိ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၁၁၀ ကျော်အတွက် ကာကွယ်ဆေး ၁.၇ ဘီလီယံကျော် ထောက်ပံ့ပေးခဲ့ပြီး ၂၀၂၁ ခုနှစ်တစ်လျှောက်တွင် နိုင်ငံခြားသို့ ကာကွယ်ဆေးပမာဏ ၂ ဘီလီယံ ပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင်...
ဝါရှင်တန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကာတာနိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်၏ အကျိုးစီးပွားအတွက် ကိုယ်စားလှယ် ဖြစ်လာမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့၌ ကြေညာခဲ့သည်။
မော်စကို၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံနှင့် ၎င်း၏ နေတိုး (NATO) မဟာမိတ်တပ်ဖွဲ့များသည် ပင်လယ်နက်ရေပြင်တွင် စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုသို့လှုပ်ရှားမှုများတွင် အဓိကအားဖြင့် ရေတပ်၊ ဝေဟင်၊ ရေကြောင်းကင်းထောက်ခြင်းနှင့် မဟာဗျူဟာမြောက် လေကြောင်းတပ်ဖွဲ့များ၏ လုပ်ဆောင်ချက်များဆိုင်ရာ...
ဟနွိုင်း၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတွင် နိုဝင်ဘာ ၁၁ ရက်က အသစ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာ ၈,၁၆၂ ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ ၁,၀၀၀,၈၉၇ ဦး ရှိခဲ့ကြောင်းနှင့် အသစ်ထပ်တိုးသေဆုံးသူ ၈၄ ဦးရှိခဲ့ရာ စုစုပေါင်းသေဆုံးလူနာ ၂၂,၈၄၉ ဦး ရှိကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာန၏ ယင်းနေ့တွင်...
ဗီယင်ကျန်း၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးသော လာအို Mahosot အထွေထွေရောဂါကုဆေးရုံစီမံကိန်း ပထမအဆင့် တည်ဆောက်ပြီးစီးမှု လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၁၁ ရက်က လာအိုဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ကျန်းကျိုက်တုန်းက လူနာအဆောင်၊ ကူးစက်ရောဂါလူနာဆောင် အသစ်ဆောက်လုပ်မှုများ ပါဝင်သည့်...
ထိုက်ယွမ်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆန်းရှီး ပြည်နယ် ထိုက်ယွမ်မြို့ရှိ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရှေးဟောင်းသုတေသနဌာနမှ ရှေးဟောင်းသုတေသနပညာရှင်များက ထိုက်ယွမ်မြို့၌ အလယ်နှင့်နှောင်းပိုင်း Yangshao ကာလရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့အနက် နှစ်ပေါင်း ၅,၅၀၀ သက်တမ်းရှိ ပဉ္စဂံအသွင်ရှိသော အဆောက်အဦနေရာကို ထိုက်ယွမ်ဒေသတွင် ပထမဆုံးအကြိမ်...