ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ထုတ်ပြန်သည့် အချက်အလက်များအရ ဥရောပတိုက်ဒေသများတွင် ပြီးခဲ့သည့်ရက်သတ္တပတ်ကထပ်တိုးကိုဗစ်အတည်ပြု လူနာ ၇ ရာခိုင်နှုန်း နှင့် သေဆုံးလူနာ၁၀ ရာခိုင်နှုန်း ရှိလာခဲ့ကြောင်း၊အတည်ပြုလူနာနှင့်သေဆုံးသူဦးရေ နှစ်ခုလုံး တိုးလာသည့် ကမ္ဘာ့တစ်ခုတည်းသော ဒေသဖြစ်ကြောင်း သိရသည်။
ကဘူးလ်၊ နိုဝင်ဘာ ၁၁ (ဆင်ဟွာ)
ဂလပ်စဂိုး၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) “တရုတ်-အမေရိကန် ၂၀၂၀ ပြည့်လွန်နှစ် ဥတုရာသီဆိုင်ရာ လုပ်ဆောင်မှုများ အားဖြည့်ဆောင်ရွက်ရေး ဂလပ်စဂိုး ပူးတွဲကြေညာချက်”ကို တရုတ်၊အမေရိကန် နှစ်နိုင်ငံက ကုလသမဂ္ဂ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ဂလပ်စဂိုးအစည်းအဝေးကာလ နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ အာရှ-ပစိဖိတ် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ခေါင်းဆောင်များအစည်းအဝေး(APEC CEO Summit)သို့ ယနေ့ နိုဝင်ဘာ ၁၁ ရက်တွင် ပေကျင်းမြို့မှ ဗီဒီယိုလင့်ခ်ဖြင့်တက်ရောက်ခဲ့ပြီး “ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ခိုင်မာစွာဆောင်ရွက်၍ အာရှ-ပစိဖိတ် အေးတူပူအမျှအသိုက်အဝန်း အတူလက်တွဲတည်ဆောက်ကြမည်”ဟူသော ခေါင်းစဉ်ဖြင့်...
အဘူဂျာ ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Katsina ပြည်နယ် Batsali မြို့နယ်ရှိ ဗလီတစ်ခုအား အမည်မသိ စစ်သွေးကြွလက်နက်ကိုင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူ ၁၁ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့က နိုဝင်ဘာ...
ယူနန်၊ နိုဝင်ဘာ ၁၀ ရက် ဆင်ဟွာ တရုတ်နိုင်ငံ၊ယူနန်ပြည်နယ် တာ့ဆန်းပေါင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နယ်မြေ၏ စီမံခန့်ခွဲမှုနှင့် ကာကွယ်ရေးဗျူရို၏ နောက်ဆုံးစောင့်ကြည့်လေ့လာမှုအရ နိုဝင်ဘာလ ၅ ရက်နေ့မှစတင်၍ ယခုနှစ် ပထမအသုတ် လည်ပင်းနက်ကြိုးကြာငှက်များသည် ယင်းဧရိယာရှိ Dahaizi Wetland သို့ ပျံသန်းလာခဲ့ကြောင်း တွေ့ရှိရသည်။
ဖော်ဆန်း၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဖော်ဆန်းမြို့ စွန့်တယ်ခရိုင် ရှီးဆန်းမူလတန်းကျောင်းနှင့် စွန့်တယ်ဖုန့် စားဖိုမှူး အသက်မွေးဝမ်းကျောင်း နည်းပညာစွမ်းရည် မွမ်းမံသင်တန်းကျောင်းတို့ ပူးပေါင်းပြီး မူလတန်းစာသင်ကျောင်းအတွင်း ”ရှီးဆန်း အစွမ်းထက် စားဖိုမှူး မွမ်းမံသင်တန်း စင်တာ”တစ်ခုကို ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့သည်။
ဂျေရုဆလင်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) မကြာသေးမီက အစ္စရေးတွင် ကိုဗစ်ကပ်ရောဂါသည် တဖြည်းဖြည်းသက်သာလာရာ တစ်ရက်တည်းတွင် ထပ်တိုးအတည်ပြုလူနာအရေအတွက်သည် သြဂုတ်လကုန်၊စက်တင်ဘာလအစတွင် ၁၀,၀၀၀ ခန့်မှ ယခုအခါ ရာကျော်အထိကျဆင်းခဲ့ကြောင်း သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ကိုဗစ်ကာကွယ်ထိုးနှံထားခြင်းမရှိသည့် သူလူအုပ်စုသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသူနှင့် နှိုင်းယှဉ်ပါက ရောဂါကူးစက်ပြီးနောက် ရောဂါပြင်းထန်နိုင်မှု သို့မဟုတ် သေဆုံးနိုင်မှုသည် ၁၅ ဆ ပို၍ မြင့်မားကြောင်း ဩစတြေးလျနိုင်ငံ နယူးဆောက်သ် ဝေးလ်ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၈ ရက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မော်စကို၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ရုရှားနယ်စပ်အနီးတွင် နိုင်ငံစုံ စစ်ရေးအစုအဖွဲ့ ဖွဲ့စည်းရန် အမေရိကန်ကြိုးပမ်းနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။