ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ခြားရေးဝန်ကြီးဟောင်း မိုက်ပွမ်ပီယိုက ၎င်း၏ကိုယ်ပိုင် Facebook အကောင့်တွင် ထိုင်ဝမ်အရေးနှင့် စပ်လျဉ်း၍ ရေးသားဖော်ပြထားသော မှာယွင်းသည့် မှတ်ချက်ပြုမှုသည် ဒီမိုကရေစီတိုးတက်ရေးပါတီ(DPP) အာဏာပိုင်များ၏ အမြဲချဲ့ကားပြောကြားတတ်သော အဓိပ္ပာယ်မဲ့သည့် မှတ်ချက်များသာဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်က မတ်...
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရင်း ရှေ့သို့ဆက်လက်တိုးတက်လျက်ရှိကြောင်းနှင့် တရုတ်နိုင်ငံသားများသည် အခက်အခဲနှင့် အတားအဆီးမှန်သမျှ ကျော်လွှားနိုင်သောရဲစွမ်းသတ္တိ၊ ဉာဏ်ပညာနှင့် ခွန်အားရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မတ် ၅ ရက်တွင် အစိုးရလုပ်ငန်း အစီရင်ခံစာတင်ပြရာ၌ ထောက်ပြခဲ့သည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့များအကြား တတိယအကြိမ် ဆွေးနွေးပွဲကို မတ် ၅ ရက် သို့မဟုတ် ၆ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ယူကရိန်း သမ္မတရုံး အကြံပေး Mykhailo Podolyak က မတ် ၄ ရက်တွင်...
ပေကျင်း၊ မတ် ၄ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံတွင် “No-fly Zone” သတ်မှတ်ပေးရန် ယူကရိန်း သမ္မတ ဇယ်လန်းစကီးက မတ် ၁ ရက်တွင် ထပ်မံ တိုက်တွန်းခဲ့သည်။
ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အရေးကိစ္စနှင့် ပတ်သက်၍ အနောက်တိုင်းမီဒီယာမှ တရုတ်နိုင်ငံနှင့် ဆက်စပ်ရေးသားဖော်ပြထားသည့် သတင်းအချက်အလက်များသည် အတုအယောင်ချည်းသာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်း အကျပ်အတည်းကို အစပြုသူများအနေဖြင့် ယူကရိန်းအကျပ်အတည်းအတွင်း မည်သည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ကို...
မော်စကို၊ မတ် ၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် နိုင်ငံပေါင်းစုံနှင့်အတူ အရပ်သားများကို ယူကရိန်းမှထွက်ခွာရန် ကူညီသွားလိုကြောင်း ရုရှား အမျိုးသားကာကွယ်ရေး စီမံခန့်ခွဲမှုစင်တာ တာဝန်ရှိသူ Mikhail Minzintsev က မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ) ယူကရိန်း အကျပ်အတည်း အရှိန်မြင့်တက်လာမှုနှင့်အတူ ဥရောပနိုင်ငံအများအပြားတွင် ကာကွယ်ရေးမူဝါဒ ယခုကာလများတွင် ကြီးမားသည့် ချိန်ညှိပြောင်းလဲမှုများ ဖြစ်လာသည်။ ဂျာမနီပြန်လည်ပေါင်းစည်း(German reunification)ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကာကွယ်ရေး ဘတ်ဂျက် များစွာ တိုးမြှင့်ခဲ့သလို ပထဝီနိုင်ငံရေး ဆက်ဆံမှုတွင် ဘက်မလိုက်ကြားနေမူဝါဒကို ရေရှည်ထိန်းသိမ်းထားသည့် ဆွီဒင်၊...
ဘူချာရက်၊ မတ် ၃ ၇က် (ဆင်ဟွာ) ရိုမေးနီးယားနိုင်ငံတွင် မတ် ၂ ရက် ညနေပိုင်းက တိုက်လေယာဉ်တစ်စင်းနှင့် စစ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားရာ ၎င်းတို့အနက် ရဟတ်ယာဉ်တစ်စင်းတွင် လိုက်ပါသူ ၇ ဦးလုံး သေဆုံးခဲ့ကြောင်း ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ ရိုမေးနီးယား လေတပ်၏ MiG-21...
ချုံချင့်၊ မတ် ၃ ရက်(ဆင်ဟွာ) ကုန်းလမ်း-ပင်လယ်ရေကြောင်း လမ်းနှစ်သွယ် ဆက်နွယ်ထားသည့် တရုတ်-လာအို ရထားလမ်း ကျန်းကျင်း- ဗီယင်ကျန်း နိုင်ငံတကာ ကုန်စည်ရထားကြီးသည် ချုံချင့်မြို့ ကျန်းကျင်း လော့ဟွမ် ကုန်စည်သယ်ယူပို့ဆောင်ရေးဥယျာဉ်ဇုန်ရှိ ရှောင်နန်ရား ရထားလမ်းပို့ဆောင်ရေးစင်တာတွင် မတ် ၂ ရက် ညနေပိုင်းတွင် တရားဝင်စတင်ထွက်ခွာသွားပြီဖြစ်သည်။ ယင်းကုန်စည်ရထားသည် ကွန်တိန်နာ...
မော်စကို၊ မတ် ၃ ရက်(ဆင်ဟွာ) ရုရှားကိုယ်စားလှယ်အဖွဲ့သည် ဆွေးနွေးပွဲပြုလုပ်မည့် ဘီလာရုဇ်နိုင်ငံ Brest ပြည်နယ် Belovezhskaya သစ်တောသို့ ရောက်ရှိနေပြီဖြစ်ပြီး ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယအကြိမ် ဆွေးနွေးမှုများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ သမ္မတ လက်ထောက်Vladimir Medinsky က မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။...