ပေကျင်း၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သိပ္ပံပညာရှင်များက လူလိုက်ပါအာကာသယာဉ် Shenzhou-14အတွက် သတ္တုအခြေခံ အပူထိန်းလွှာကို တီထွင်ခဲ့ရာ ၎င်းမှာ အာကာသယာဉ်မှူးများ ဂြိုဟ်ပတ်လမ်းအတွင်း ၆ လကြာနေထိုင်ချိန်ကာလအတွင်း အပူလွန်၊အအေးလွန်ခြင်းဒဏ်မှ ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
မော်စကို၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ရုရှားအစိုးရမီဒီယာက ဇွန် ၁၇ ရက်တွင် ယူကရိန်းစစ်ပွဲတွင် ပါဝင်စဉ် ပျောက်ဆုံးနေသည့် အမေရိကန်စစ်မှုထမ်းဟောင်း ၂ဦး၏ ရုပ်သံဖိုင်ကို ထုတ်လွှင့်ခဲ့ပြီး ၎င်းတို့ ၂ ဦးကို ဒွန်ဘတ်စ်ရှိ ဒေသဆိုင်ရာလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဖော်ပြထားသည်။
ဝါးတာလူး၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ဘယ်လ်ဂျီယံနိုင်ငံဝါးတာလူးတွင်ဇွန် ၁၈ရက်၌ ဖျော်ဖြေသူ ၂,၀၀၀ ခန့်၊ မြင်းအကောင်ရေ ၁၀၀ နှင့် အမြောက် ၂၀ လက် အသုံးပြုကာ ဝါးတာလူးတိုက်ပွဲ ပြန်လည်ပုံဖော်ပြသခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
ဟာရာရီ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံ သမ္မတ Emmerson Mnangagwa က ဇင်ဘာဘွေရှိ အကြီးဆုံး လီသီယမ်သတ္တုတွင်း Bikita အဆင့်မြှင့်တင်ရေးစီမံကိန်းကို ဇွန် ၁၇ ရက်က ဖွင့်လှစ်ပေးခဲ့သည်။ တရုတ်ကုမ္ပဏီ Sinomine Resource Group သည် ယခုနှစ် ဇန်နဝါရီတွင်...
ပေကျင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) လက်ရှိတွင် ကျယ်ပြန့်သော ထွန်းသစ်စစျေးကွက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် BRICS ပူးပေါင်းဆောင်ရွက်မှုအတွင်း ပါဝင်လိုသော ဆန္ဒပိုမိုပြင်းပြလာရာ BRICS ပူးပေါင်းဆောင်ရွက်မှု ထပ်ဆင့်တိုး နက်ရှိုင်းခြင်း၏ အရေးပါမှုက ပိုမိုပေါ်လွင်လာသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့သည်။...
ဂျီနီဗာ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ကုလသမဂ္ဂဆိုင်ရာ (ဂျီနီဗာရုံး) ရှိ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နှင့် ဆွစ်ဇာလန် အခြေစိုက် အခြားနိုင်ငံတကာအဖွဲ့အစည်း ကိုယ်စားလှယ် ချန်ရွှိက ဇွန် ၁၄ ရက် တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (၅၀) ကြိမ်မြောက်အစည်းအဝေး၌ နိုင်ငံပေါင်း ၃၀ ကျော်၏...
ပေကျင်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) လက်ရှိ အမေရိကန်သည် ယူကရိန်းသို့ နေ့စဉ်ပျမ်းမျှ ကန်ဒေါ်လာ သန်း ၁၃၀ တန်ဖိုးရှိ စစ်ရေးအကူအညီအပြင် ဘဏ္ဍရေးနှင့် အခြားအကူအညီများကို ကြီးကြပ်ကွပ်ကဲမှု ယန္တရားမပါရှိဘဲ ပေးပို့နေခြင်းသည် ယင်းလက်နက်ကိရိယာများနှင့် ထောက်ပံ့ငွေများအပေါ် ခိုးယူ၊ ဖြုန်းတီးမှုများ ရှိနိုင်မည် ကို အမေရိကန်...
စတော့ဟုမ်း၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) ဆွီဒင်နှင်ဖင်လန် နိုင်ငံများ၏ နေတိုးအဖွဲ့သို့ဝင်ရောက်ရန် လုပ်ငန်းစဉ်သည် ခန့်မှန်းထားသည်ထက် ရှုပ်ထွေးရာ အဖွဲ့ဝင်ဖြစ်ရေး အချိန်မသေချာသေးကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenbergက ဇွန် ၁၃ ရက် ဆွီဒင်တွင် ပြောကြားခဲ့သည်။
လူဇင်ဘတ်၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ယန်ကျဲ့ချီနှင့် အမေရိကန် သမ္မတ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်(Jake Sullivan)တို့ လူဇင်ဘတ်နိုင်ငံတွင် ဇွန် ၁၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
စင်ကာပူ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) (၁၉)ကြိမ်မြောက် ရှန်ဂရီလာ တွေ့ဆုံဆွေးနွေး၏ ပိတ်ပွဲအခမ်းအနားကို ဇွန် ၁၂ ရက်က စင်ကာပူတွင် ကျင်းပခဲ့သည်။ ယင်းနေ့တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေ့ဖုန့်ဟော်က နိုင်ငံနှင့်ဒေသပေါင်း ၄၀ ကျော်မှ လာရောက်သော အရာရှိများနှင့်ပညာရှင်များအား ဒေသရေးရာစနစ်အပေါ် တရုတ်နိုင်ငံ၏ မျှော်လင့်ချက်...