ကူမင်း၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ ရွှေလီမြို့မှ မြန်မာနိုင်ငံ မူဆယ်ဒေသသို့ ကူညီပံ့ပိုးတည်ဆောက်ပေးသည့် ကိုဗစ်-၁၉ ကုသရေးစင်တာကို အောက်တိုဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ ဖွင့်ပွဲအခမ်းအနားကို တက်ဟုန်းပြည်နယ်ခွဲနှင့် မူဆယ်ဒေသ သက်ဆိုင်ရာ ကိုယ်စားလှယ်များက ဗွီဒီယိုဖြင့် တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံ မူဆယ်မြို့...
လော့စ်အိန်ဂျယ်လိစ်၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း Orangeခရိုင် ကမ်းရိုးတန်းတွင် ပြီးခဲ့သည့် ရက်ပိုင်းက ရေနံစိမ်း ယိုစိမ့်မှု ဆိုးဆိုးဝါးဝါးဖြစ်ပွားခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၃ ရက်နေ့လယ်ပိုင်းအထိ ရေနံစိမ်းယိုစိမ့်မှုပမာဏ ၁၂၆,၀၀၀ ဂါလန်(၄၇၇,၀၀၀ လီတာခန့်)ရှိပြီး ပင်လယ်ရေမျက်နှာ ၃၅ စတုရန်းကီလိုမီတာနီးပါးကို ညစ်ညမ်းစေခဲ့ရာ...
ကျိုကျိုက်ကိုး၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကျိုကျိုက်ကိုး ရှုခင်းသာခရီးသွားနေရာကို စက်တင်ဘာ ၂၈ ရက်က တရားဝင်အပြည့်အဝ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။
ဂျီနီဗာ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) အမေရိကန်နှင့် ရုရှား နှစ်နိုင်ငံ ကိုယ်စားလှယ်များသည် မဟာဗျူဟာတည်ငြိမ်ရေး တွေ့ဆုံဆွေးနွေးမှု ဒုတိယအကြိမ်အစည်းအဝေးကို ဆွီဒင်နိုင်ငံ ဂျီနီဗာမြို့တွင် စက်တင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့ရာ နှစ်ဖက်ဌာနချင်းဆက်ဆံရေး ကျွမ်းကျင်လုပ်ငန်းအဖွဲ့နှစ်ခု ဖွဲ့စည်းရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြကြောင်း သိရသည်။
မော်စကို၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေဆိုးဝါးလာရာ ယခုရက်သတ္တပတ် ၂ ပတ်အတွင်း ကိုဗစ်လူနာ ဦးရေ ၂၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ရုရှားဝန်ကြီးချုပ် မစ်ရှုစတင်က စက်တင်ဘာ ၃၀ ရက် ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဗြိတိန်က ယခုနှစ် နှစ်ကုန်ပိုင်းတွင် အီတလီ၊ ဆွီဒင်နှင့်သဘောတူမှုစာချုပ် ချုပ်ဆိုရန်ရှိရာ ဗြိတိန်က ဦးဆောင်သည့် မျိုးဆက်သစ် တိုက်လေယာဉ်”Tempest” ပူးပေါင်းတီထွင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၊ ဂျပန်နှင့်သက်ဆိုင်ရာဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ဗြိတိန်လေကြောင်း အာကာသစနစ် ကုမ္ပဏီ(BAE)က စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ပြုံယမ်း၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) မြောက်ကိုရီယား ကာကွယ်ရေး သိပ္ပံအကယ်ဒမီက အသစ်တီထွင် ထုတ်လုပ်ထားသော အသံထက်မြန်သည့်ဒုံးကျည်သစ် Hwasong-8 ကို Jagangပြည်နယ် Ryongrimကောင်တီ Toyang-riတွင် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက စမ်းသပ်ပစ်လွှတ်မှု ပြုလုပ်ခဲ့ရာ အောင်မြင်ကြောင်း KCNA သတင်းဌာန ၏ စက်တင်ဘာ...