ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(CFPD)သည် မြန်မာနိုင်ငံ အလင်းရောင်ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ရန်ကုန်မြို့သစ် ကြည့်မြင်တိုင်မြို့နယ် ကျေးရွာတစ်ရွာတွင် အခက်အခဲရှိသည့် အိမ်ထောင်စုပေါင်း ၂၀၀ ကျော်ကို စက်တင်ဘာ ၂၈ ရက်က ဆန်တန်ချိန် (၄)တန်စသည့် စားသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ယခုအကြိမ်လှူဒါန်းမှုသည်...
ပေကျင်း၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူချုပ် ဂူတာရက်စ်နှင့် စက်တင်ဘာ ၂၇ ရက်တွင် ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက ရာစုနှစ်ကပ်ရောဂါသည် နှစ်တစ်ရာအပြောင်းအလဲကို ပို၍ မြန်ဆန်စေရာ ကမ္ဘာကြီးသည် မသေချာမရေရာမှု၊မတည်ငြိမ်မှုတို့နှင့် ပြည့်နှက်နေကြောင်း၊...
ဟဲထျန်၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Taklamakanသဲကန္တရကို ပတ်၍ ခင်းကျင်းထားသည့် ရထားလမ်း နောက်ဆုံး ၁ ကီလိုမီတာ၏ ဟဲရော့ ရထားလမ်းအပြည့် သံလမ်းလမ်းခင်းမှုလုပ်ငန်းသည် စက်တင်ဘာ ၂၇ ရက်တွင် နောက်ဆုံးရထားသံလမ်းအပိုင်းနှစ်ခု ခင်းကျင်းတပ်ဆင်ခြင်းနှင့်အတူ ပြီးဆုံးသွားပြီဖြစ်ရာ ၂၀၂၂ ခုနှစ် ရထားလမ်းလည်ပတ်သွားလာနိုင်ရန်အတွက် ခိုင်မာသည့်အခြေခံအုတ်မြစ်...
အေသင်၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) ဂရိနိုင်ငံ Creteကျွန်းတွင် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက ပြင်းအား ၅.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လက်ရှိတွင် ငလျင်ကြောင့် သေဆုံးသူ ၁ ဦး ရှိပြီဖြစ်ကြောင်း အေသင် အမျိုးသား နက္ခတ္တဗေဒဌာန၏ သတင်းများအရသိရသည်။ ငလျင်သည် Creteကျွန်း...
ကျူးဟိုင်၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) မြို့ချင်း လေကြောင်းပြေးဆွဲရန် သီးသန့် ဒီဇိုင်းရေးဆွဲထားသော အလိုအလျောက်မောင်းနှင်နိုင်သည့် လူတင်လေယာဉ် ”Yihang intelligent VT-30”ကို စက်တင်ဘာ ၂၇ ရက်က ကျူးဟိုင်တွင် ပြသခဲ့သည်။ အဆိုပါလေယာဉ်သည် ပေါင်းစပ်လေယာဉ်တောင်ပံဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ရာ ဘေးနှစ်ဖက်တွင် ပန်ကာ ၈ လုံး...
အစ္စတန်ဘူလ်၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ) ရုရှားထံမှ ဒုတိယအသုတ် S-400 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ် ဝယ်ယူရန် စဉ်းစားနေကြောင်း တူရကီ သမ္မတ အာဒိုဂန်က စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ “အနာဂတ်မှာ ဘယ်သူကမှ ဘယ်နိုင်ငံက ကာကွယ်ရေးစနစ်ရမယ်မရဘူးဆိုတာ စွက်ဖက်နိုင်မှာမဟုတ်ဘူး….ကျွန်တော်တို့ကသာ ဆုံးဖြတ်နိုင်တဲ့သူဖြစ်တယ်”ဟု အာဒိုဂန်က...
လာပါလ်မား၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ) စပိန်နိုင်ငံ လာပါလ်မားကျွန်းတွင် Cumbre Viejaမီးတောင် ပေါက်ကွဲမှုသည် ယခုရက်ပိုင်းတွင် ပိုမိုပြင်းထန်လာခြင်းကြောင့် လက်ရှိ ယင်းဒေသ လေဆိပ်အား လုံးဝပိတ်ထားလိုက်ရကြောင်း သိရသည်။ ရေယာဉ်သည် အချင်းဖြစ်ပွားရာကျွန်းတွင် သွားလာနိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်ပြီး လူအများအပြားကို အရေးပေါ်ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။ မီးတောင်ဝ၌ စက်တင်ဘာ ၂၄...
အိုရန်ဘာ့ဂ်၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု(SCO)အဖွဲ့ဝင်နိုင်ငံများ အကြမ်းဖက်နှိမ်နှင်းရေး စစ်ရေးလေ့ကျင့်မှုများကို ကြာသပတေးနေ့က ရုရှားနိုင်ငံ အိုရန်ဘာ့ဂ်ရှိ Donguzလေ့ကျင့်ရေးကွင်းတွင် ကျည်အစစ်ဖြင့် ပစ်ခတ်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) ယခုနှစ်များတွင် တရုတ်နိုင်ငံသည် ရထားလမ်းကို အဓိကထား၊ ကုန်လမ်းကို အခြေခံထား၊ ရေလမ်းပို့ဆောင်ရေးနှင့် လေကြောင်းပို့ဆောင်ရေးအားသာချက်ကို အပြည့်အဝအသုံးချနိုင်ခဲ့ရာ နိုင်ငံ၏အထွေထွေလမ်းပန်းဆက်သွယ်ရေး ရုပ်လုံးသည် တစ်နေ့တစ်ခြားပို၍ ပြည်စုံလာခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက် မြန်နှုန်းမြင့်ရထားလမ်းသည် လူပေါင်းတစ်သန်းကျော်ရှိသည့် မြို့များ၏ ၉၅ ရာခိုင်နှုန်းကို လွှမ်းခြုံထားနိုင်ပြီဖြစ်သည်။