ဝါရှင်တန်၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) Pfize ကိုဗစ်ကာကွယ်ဆေး အရေးပေါ်အသုံးပြုခွင့်ကို အမေရိကန် အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဌာန(FDA)က စက်တင်ဘာ ၂၂ ရက်တွင် ပြင်ဆင်ခဲ့ရာ သက်ကြီးရွယ်အိုနှင့်ကူးစက်မှုအန္တရာယ်များလူအုပ်စုများအား Pfizeကိုဗစ်ကာကွယ်ဆေး ဒုတိယတစ်လုံးထိုးနှံပြီး အနည်းဆုံး ၆ လကြာတွင် အားဖြည့်ကာကွယ်ဆေးထပ်ထိုးရန် ခွင့်ပြု ခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် (၇၆)ကြိမ်မြောက် ကမ္ဘာကုလသမဂ္ဂညီလာခံသို့ စက်တင်ဘာ ၂၁ ရက်က ပေကျင်းမြို့မှ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ပြီး “ခိုင်မာသည့် ယုံကြည်ချက်ဖြင့် လက်ရှိအခက်အခဲအကျပ်အတည်းများကို ယှဉ်တွဲကျော်ဖြတ်ကာ ပို၍သာယာလှပသည့်ကမ္ဘာကြီးအား အတူတည်ဆောက်ကြမည်”ဟူသည့် ခေါင်းစဉ်ဖြင့် အရေးကြီးမိန့်ခွန်း ပြောကြားခဲ့သည်။
ဝါရှင်တန်၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်အစိုးရအနေဖြင့် အမိမြေလုံခြုံရေးတပ်ဖွဲ့ဝင် ၆၀၀ ကျော်ကို တက္ကဆပ်ပြည်နယ် အနောက်တောင်ပိုင်း Del Rioမြို့လေးသို့ စေလွှတ်ထားပြီးဖြစ်ရာ ယခုကာလများအတွင်း ယင်းဒေသ၌ စုပြုံနေသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား နေရပ်ပြန်လည်ပို့ဆောင်ရန် အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး Alejandro Mayorkasက စက်တင်ဘာ ၂၀ ရက်တွင်...
ဝန်ချန်း၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အာကာသစခန်း တည်ဆောက်ရေးအတွက် စက်တင်ဘာ ၂၀ ရက် ညနေပိုင်းက Tianzhou-3 ကုန်တင်အာကာသယာဉ်လွှတ်တင်မှု အပြည့်အဝအောင်မြင်ခဲ့ကြောင်း သိရသည်။ ဒေသစံတော်ချိန် ၁၅ နာရီ ၁၀ မိနစ်တွင် Tianzhou-3 ကုန်တင်အာကာသယာဉ်အား သယ်ဆောင်ထားသည့် Long March-7 Y4...
မက်ချာနစ်၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) စိတ်ဝင်စားဖွယ် ရွှေဖရုံသီး လှေလှော်ပြိုင်ပွဲကို ဂျာမနီနိုင်ငံ ကိုလုံးမြို့အနီးရှိ မက်ချာနစ် မြို့နယ်လေးတွင် စက်တင်ဘာ ၂၀ ရက်က ကျင်းပခဲ့သည်။ ယင်းပွဲတွင် ပြိုင်ပွဲဝင်များက ဧရာမ ရွှေဖရုံးသီးကြီး၏ အသားများကို ခြစ်ထုတ်ပြီး အပြင်ခွံအား လှေလုပ်ကာ လှော်တပ်ဖြင့် လှော်ခတ်ပြိုင်ရခြင်း ဖြစ်သည်။...
ပေကျင်း၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခုနှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၈ ရက်အထိ တရုတ်နိုင်ငံ၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအကြိမ်ရေပေါင်း (၂,၁၇၄.၀၄၃)သန်း ရှိပြီး ကာကွယ်ဆေးထိုးနှံထားသူ (၁,၁၀၀.၈၄၂) သန်း၊ ၎င်းတို့အနက် ကာကွယ်ဆေးအပြည့်အဝထိုးထားသူ (၁,၀၂၂.၂၀၇) ဦး...
ပါရီ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) ပြင်သစ်နှင့်ချုပ်ဆိုထားသည့် ရေငုပ်သင်္ဘောစာချုပ်ကို ဩစတြေးလျဖက်က ချိုးဖျက်ပြီး အမေရိကန်၊ ဗြိတိန်တို့နှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ခဲ့ကြောင်း ၊ ၎င်းသည် ပြင်သစ်မဟာမိတ်များ၏ “လိမ်ညာမှု”၊ “အပြင်ပန်းနှင်စိတ်ရင်း ထပ်တူမကျမှု”ကို ထင်ဟပ်နေရာ ဆိုးဝါးသည့် အန္တရာယ်အကျပ်အတည်းတစ်ခုဖြစ်စေကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က...
မက်ဒရစ်၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) စပိန်နိုင်ငံ၏ ခရီးသွားအပန်းဖြေနေရာ La Palmaကျွန်းတွင် စက်တင်ဘာ ၁၉ ရက်က မီးတောင် ပေါက်ကွဲမှု ဖြစ်ပွားရာ လူပေါင်း ၅,၀၀၀ ကျော်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
ဟူစတန်၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) နယ်စပ် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ အကျပ်အတည်းကို ဖြေရှင်းရန် အမေရိကန်-မက္ကဆီကို နယ်စပ်ရှိ တက္ကဆက်ပြည်နယ် ပြည်ဝင်ဂိတ် ၆ ခုကို ပိတ်ထားဖို့ ယင်းပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbottက စက်တင်ဘာ ၁၆ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။
နန်ဟိုင်၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) Tianzhou-3 ကုန်တင်အာကာသယာဉ်နှင့်ဒုံးပျံ အတွဲလိုက်ကို စက်တင်ဘာ ၁၆ ရက်က လွှတ်တင်မည့်နေရာသို့ ဒေါင်လိုက်ရွှေ့ပြောင်းခဲ့ရာ ယခုရက်ပိုင်း အလျဉ်းသင့်သည့်အချိန်တွင် လွှတ်တင်သွားမည် ဖြစ်ကြောင်း သိရသည်။