လန်ဒန်၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းမည် ဖြစ်ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ကြေညာခဲ့ရာ နိုင်ငံခြားရေး၊ တရားစီရင်ရေး၊ ပညာရေးနှင့် အိမ်ရာဝန်ကြီးစသည့်နေရာများကို အပြောင်းအလဲပြုလုပ်ခဲ့သည်။
ဖူကျိုး၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ)
ဘရပ်ဆဲလ်၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) အာဖဂန်အရေးတွင် ဥရောပသမဂ္ဂက သက်ရောက်မှုရှိလိုပါက အာဖဂန်တာလီဘန်တို့နှင့်ထိတွေ့ဆက်ဆံမှုမှလွဲ၍ အခြားရွေးချယ်စရာမရှိဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒအဆင့်မြင့်ကိုယ်စားလှယ် Josep Borrellက စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ) ယခုကာလများ၌ အိန္ဒိယနိုင်ငံတွင် ထပ်တိုး ကိုဗစ်အတည်ပြုလူနာနှင့်သေဆုံးလူနာအရေအတွက်လျော့ကျလာရာ ထိုအခြေအနေကြောင့် ကာကွယ်ဆေး ပထမတစ်လုံးထိုးနှံပြီးသူများအနေဖြင့် ဒုတိယတစ်လုံးမထိုးနှံကြတော့မည်ကို အချို့ ကျန်းမာရေးပညာရှင်များက စိုးရိမ်လျက်ရှိသည်။ အိန္ဒိယတွင် ယနေ့အထိ ကိုဗစ်ကာကွယ်ဆေးအကြိမ်ရေ (၇၄၄)သန်း ထိုးနှံပြီးဖြစ်ကြောင်း၊ အရွယ်ရောက်ပြီးသူ (၉၄၄)သန်းတွင် ကာကွယ်ဆေး ပထမတစ်လုံးထိုးနှံထားသူ (၆၀)ရာခိုင်နှုန်းရှိပြီး ကာကွယ်ဆေးနှစ်လုံးထိုးနှံပြီးသူသည်...
ဖနွမ်းပင်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးသည့် ကမ္ဘောဒီးယားနိုင်ငံ၏အားကစားကွင်းသည် ယနေ့အထိ တရုတ်နိုင်ငံမှပြည်ပသို့ ကူညီပံ့ပိုးပေးသည် ပမာဏအကြီးဆုံးနှင့် အဆင့်မြင့်ဆုံး အားကစားကွင်းဖြစ်သည်။ ရွက်လှေသဏ္ဍာန် သရုပ်ဖော်ထားသည့် အဆိုပါအားကစားကွင်း၏ ဒီဇိုင်းရေးဆွဲမှုတွင် ရှေးဟောင်း အန်ကောဝပ် အဆောက်အအုံ၏လက်မှုပညာအနှစ်သာရများပါဝင်သလို တရုတ်နိုင်ငံက တီထွင်သည့် ပထမတန်းစားလက်ရာနည်းပညာများကို အသုံးပြုတည်ဆောက်ထားခြင်း...
နန်နင်း၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ) (၁၈)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၁၀ ရက်မှစ၍ (၄)ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်သည်။ တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန်တည်ဆောက်ခြင်း၊ တရုတ်နိုင်ငံနှင့်အာဆီယံ အပြန်အလှန်အားဖြင့် အကြီးဆုံးကုန်သွယ်ဖက်ဖြစ်လာခြင်း၊ ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆောင်ရွက်မှု(RCEP)အား တရားဝင် သဘောတူလက်မှတ်ထိုးနိုင်ခြင်းတို့နှင့်အတူ (၁၈)နှစ်ကာလအတွင်း ဝန်ဆောင်မှုလွတ်လပ်သောကုန်သွယ်ရေးဇုန်မှ အဆင့်မြင့်တည်ဆောက်ရေးအတွက် အထောက်အပံ့ဖြစ်လာခဲ့သည်။...
ဝါရှင်တန်၊စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ) အမေရိကန်အနေဖြင့် မြောက်ကိုရီးယားအပေါ်ထားရှိသည့် မူဝါဒရပ်တည်ချက် ပြောင်းလဲမှု မရှိကြောင်း၊ မြောက်ကိုရီးယားကျွန်းဆွယ် နျူကလီးယားအလုံးစုံကင်းစင်ရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ပြီး မြောက်ကိုရီးယားနှင့် သံတမန်ရေး ထိတွေ့ဆက်ဆံမှုများ ပြုလုပ်သွားရန် ပြင်ဆင်နေဆဲဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော် သတင်းပြန်ကြားရေး ဒုတိယ အတွင်းရေးမှူး Karine Jean-Pierreက စက်တင်ဘာ ၁၃...
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(CFPD)သည် နေအုပ်ဖောင်ဒေးရှင်းနှင့်ပူးပေါင်း၍ တရုတ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင်ကြီးများအသင်း အထည်ချုပ်လုပ်ငန်းဆိုင်ရာအသင်းခွဲ၊ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအသင်းတို့နှင့်အတူ စက်တင်ဘာ ၁၁ ရက်က ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်မြို့သစ်ဒေသ ကျေးရွာရှိ အခက်အခဲနှင့်ကြုံတွေ့နေရသည့်မိသားစုများအား စားသုံးကုန်၊ ကပ်ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများ လှူဒါန်းကူညီပေးခဲ့ကြောင်း သိရသည်။ အခက်အခဲရှိသည့် အိမ်ခြေ (၁၀၀)အတွက်...
ဖနွမ်းပင်၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်သည် ဖနွမ်းပင်မြို့တွင် ကမ္ဘောဒီးယားသို့ တရားဝင်အလည်အပတ်ခရီးစဉ်လာရောက်သည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် စက်တင်ဘာ ၁၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဟွန်ဆန်က ဝမ်ရိမှ တရုတ်နိုင်ငံခေါင်းဆောင်များအား နှုတ်ခွန်းဆက်စကား တစ်ဆင့် ပြောကြားခဲ့ရာ ကမ္ဘောဒီးယား-တရုတ်ချစ်ကြည်ရေးသည် ကာလကြာတည်ရှိပြီး...
မင့်စ်ခ်၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) ရုရှား-ဘီလာရုဇ် လက်နက်ကိုင်အင်အားစု “အနောက်ပိုင်း-၂၀၂၁” ပူးတွဲ မဟာဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှုများကို စက်တင်ဘာ ၉ ရက်က စတင်ခဲ့သည်။ “အနောက်ပိုင်း-၂၀၂၁” သည် ရုရှား-ဘီလာရုဇ် နှစ်နိုင်ငံစစ်တပ်အတွက် ယခုနှစ်ပူးတွဲစစ်ရေးလေ့ကျင့်မှု၏ အဆုံးပိုင်းဖြစ်ကြောင်း ရုရှားသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ စစ်သည်များ၏ လက်တွေ့လေ့ကျင့်မှုများကို စက်တင်ဘာ...