တိုကျို၊ ဩဂုတ် ၂၆ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံတွင် ယခုကာလများအတွင်း ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေ ပို၍ ဆိုးဝါးလာခြင်းကြောင့် ဩဂုတ် ၂၇ ရက်မှစပြီး အရေးပေါ်အခြေအနေသတ်မှတ်မှုကို ဟော့ကိုင်းဒိုးကျွန်း၊ မီရာဂျီစီရင်စုစသည့် နေရာဒေသ (၈)ခုကို တိုးချဲ့သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါက ဩဂုတ် ၂၅ ရက် ကိုဗစ်ကပ်ရောဂါတုန့်ပြန်ရေးဌာနချုပ် အစည်းအဝေးတွင် ကြေညာခဲ့သည်။
ကဘူးလ်၊ ဩဂုတ် ၂၅ ရက်(ဆင်ဟွာ) အမေရိကန်အနေဖြင့် ဩဂုတ် ၃၁ ရက် မတိုင်မီ စစ်တပ်နှင့်လူပုဂ္ဂိုလ်အားလုံးကို ရုပ်သိမ်းသွားရမည်ဟု အာဖဂန်တာလီဘန် ပြောရေးဆိုခွင့်ရှိသူ Zabiullah Mujahidက ဩဂုတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဩဂုတ် ၂၅ ရက်(ဆင်ဟွာ) ကာလပိုင်းအခြားတစ်ခုတွင် အနောက်တိုင်းနိုင်ငံရေးသမားများ မိမိအတွက် ထောက်ခံမဲရရှိရန် ကိုဗစ်ကပ်ရောဂါကို နိုင်ငံရေးနှင့်ရောနှော၍ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်တားဆီးရေး၊ ရောဂါဇစ်မြစ်ရှာဖွေရေးလုပ်ငန်းများကို အတားအဆီးလုပ်ကာ အချို့ပြည်သူများအား သိပ္ပံပညာရှင်များကို အွန်လိုင်းအကြမ်းဖက်မှုလုပ်အောင် လှုံ့ဆော်ခဲ့ကြသည်။
လက်စ်ကိုင်၊ ဩဂုတ် ၂၃ ရက်(ဆင်ဟွာ) ဟေတီနိင်ငံတွင် ဩဂုတ် ၁၄ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းအား (၇.၂)အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် ဩဂုတ် ၂၂ ရက် နံနက်ပိုင်းအထိ သေဆုံးသူ (၂,၂၀၇)ဦး၊ ဒဏ်ရာရသူ (၁၂,၂၆၈)ဦးရှိပြီး အခြားပျောက်ဆုံးသူ(၃၄၄)ဦး ရှိကြောင်း ဟေတီမြို့ပြကာကွယ်ရေးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။ နိုင်ငံတောင်ပိုင်းတွင်...
ဝူးလူမုချီ၊ ဩဂုတ် ၂၃ ရက်(ဆင်ဟွာ) “International Military Games-2021” တရုတ်နိုင်ငံ ခုအယ်လဲ့ပြိုင်ပွဲကွင်းဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၂၂ ရက်က ရှင်းကျန်းဒေသ ခုအယ်လဲ့တွင် ကျင်းပခဲ့သည်။ “International Military Games-2021” တရုတ်နိုင်ငံ ခုအယ်လဲ့ပြိုင်ပွဲများကို ဩဂုတ် ၂၃ ရက်မှ စက်တင်ဘာ ၃ ရက်အထိ...
လန်ဒန်၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ) G7 နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂအဆင့်မြင့်ကိုယ်စားလှယ်များသည် ဗွီဒီယို ကွန်ဖရင့်အစည်းအဝေးကို ဩဂုတ် ၁၉ ရက်က ကျင်းပခဲ့ရာ အာဖဂန်နစ္စတန်အရေးကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဒတ်ကာ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ) ပြီးခဲ့သည့်ရက်က တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများလိုက်ပါသည့်ရေယာဉ်တစ်စီးကို မော်ရီတေးနီးယားပင်လယ်ပြင်တွင် ယင်းနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့က တွေ့ရှိခဲ့ရာ ရေယာဉ်ပေါ်ရှိ လူ (၄၇)ဦး သေဆုံးနေကြောင်း ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း(IOM)နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)တို့က ဩဂုတ် ၁၉ ရက် မော်ရီတေးနီးယားနိုင်ငံမြို့တော်နာရာချော့က်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံတွင် နေ့စဉ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာဦးရေသည် ဩဂုတ် ၁၈ ရက်တွင် ထပ်မံ စံချိန်သစ်တင် မြင့်တက်လာခဲ့သည်။ တစ်နိုင်ငံလုံးရှိမြို့၊ခရိုင်စီရင်စု (၄၇)ခုအနက် တစ်ဝက်ကျော်၌ ကိုဗစ်ထပ်တိုးလူနာအရေအတွက်သည် စံချိန်ချိုးမြင့်တက်လျက်ရှိကြောင်း သိရသည်။
ပေကျင်း၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တစ်နိုင်ငံလုံးတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအကြိမ်အရေ (၁.၉)ဘီလီယံကျော် ရှိပြီဖြစ်ကြောင်း တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က ဩဂုတ် ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထိုက်ယွမ်၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာက Tianhui II-02အုပ်စု ဂြိုဟ်တုကို Long March-4B ဒုံးပျံဖြင့် ဩဂုတ် ၁၉ ရက် နံနက် ၆ နာရီ ၃၂ မိနစ်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ရာ သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ ရောက်ရှိသွားပြီဖြစ်၍ ဂြိုဟ်တုလွှတ်တင်ရေးတာဝန် အပြည့်အဝအောင်မြင်မှုရရှိခဲ့ကြောင်း...