ဒူဘိုင်း၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန် သမ္မတ Ghaniက ၎င်းသည် လက်ရှိ ယူအေအီး(အာရပ်စော်ဘွားများပြည်ထောင်စု)တွင် ရှိနေကြောင်း ၊ တာလီဘန်နှင့် ယခင်အာဖဂန်အစိုးရ အရာရှိများ၏တွေ့ဆုံဆွေးနွေးမှုကို ထောက်ခံကြောင်း ဩဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ဘဂ္ဂဒက်၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) တူရကီ မောင်းသူမဲ့ဒရုန်းယာဉ်က ဩဂုတ် ၁၇ ရက်တွင် အီရတ်နိုင်ငံမြောက်ပိုင်း ကာဒစ္စတန်အလုပ်သမားပါတီနေရာတစ်ခုကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လက်နက်ကိုင် (၁၈)ဦး သေဆုံးခဲ့ကြောင်း အီရတ် စစ်တပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။
လက်စ်ကိုင်၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) ဟေတီနိုင်ငံ အနောက်ပိုင်းဒေသတွင် ဩဂုတ် ၁၄ ရက်က ပြင်းအား (၇.၂)အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာ ဩဂုတ် ၁၇ ရက် ညနေပိုင်းအထိ ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး (၁,၉၄၁)ဦး၊ ဒဏ်ရာရသူ(၉,၉၀၀)ဦးရှိကြောင်း ဟေတီမြို့ပြကာကွယ်ရေးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။
တိုကျို၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) ဩဂုတ် ၅ ရက် ၁၈ နာရီ ၃၀ မိနစ် အထိ ဂျပန်နိုင်ငံတွင် ကိုဗစ်ထပ်တိုးအတည်ပြုလူနာ (၁၅,၂၆၃)ဦး စစ်ဆေးတွေ့ရှိခဲ့ရာ ယင်းမှာ အမြင့်ဆုံး စံချိန်တင်အရေအတွက်ဖြစ်ကြောင်း NHK ရုပ်သံ၏စာရင်းများအရ သိရသည်။ ယင်းနေ့အထိ ဂျပန်တွင် စုစုပေါင်း ကိုဗစ်အတည်ပြုလူနာ...
ရန်ကုန်၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) လူသားမျိုးနွယ်တို့၏ကျန်းမာရေး အေးတူပူအမျှအသိုက်အဝန်း တည်ဆောက်ကြမည်ဆိုသည့် တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်အဆိုကို အကောင်အထည်ဖော်ဆောင်ရွက်ရန် နှင့် BRIတစ်လျှောက်နိုင်ငံများ ကပ်ရောဂါရိုက်ခတ်မှုတွင် အကူအညီအထောက်အပံ့ဖြစ်စေရန် ၊နိုင်ငံအသီးသီးပြည်သူများအကြား ချစ်ကြည်ရေးခိုင်မာစေရန် ၊ ပြည်သူချင်း စိတ်ချင်းဆက်နွယ်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်တွင် တရုတ်ပရဟိတ ဗဟိုအသင်းကြီးက တရုတ်နိုင်ငံအရပ်ဖက်အဖွဲ့အစည်းများနှင့်အတူ နိုင်ငံတကာနှီးနွယ်ဖလှယ်မြင့်တင်မှုများ...
အက်တာနာ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) China Three Gorges Corporation(CTG)လက်အောက်ရှိ China International Water & Electric Corp. (CWE)မှ တာဝန်ယူတည်ဆောက်ပေးသည့် ကာဇက်စတန်နိုင်ငံ Turguson ရေအားလျှပ်စစ်စက်ရုံသည် ပြီးခဲ့သည့်ရက်က ယူနစ်အားလုံး လျှပ်စစ်ဓါတ်အား ထုတ်လွှတ်ပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဝူဟန့်၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန့်တွင် ဩဂုတ် ၄ ရက်က အဓိကလူအုပ်စုရှိရာ နေရာနှင့် အဓိကဒေသများ၏ Nucleic acidစစ်ဆေးမှုများ ပြီးဆုံးခဲ့ရာ ဩဂုတ် ၆ ရက်မတိုင်မီ တစ်မြို့လုံးလွှမ်းခြုံ Nucleic acidစစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း ဝူဟန့်မြို့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း သတင်းစာရှင်းလင်းပွဲ...
ကဘူးလ်၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) အာဖဂန်နိုင်ငံ လက်ရှိကာကွယ်ရေးဝန်ကြီးBismillah Khan Mohammadi ၏ ကဘူးလ်မြို့နေအိမ်အနီးတွင် ဩဂုတ် ၃ ရက်က ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကိုင် (၄)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အာဖဂန်ရဲတပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ဘေရွတ်၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်မြို့ တောင်ပိုင်း ပင်လယ်ကမ်းခြေမြို့တစ်ခုတွင် ဩဂုတ် ၁ ရက်က လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ အနည်းဆုံး လူ (၅) ဦး သေဆုံးပြီး (၁၀) ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ လက်ဘနွန် ဟက်ဇ်ဘိုလာပါတီအား ထောက်ခံသည့်...
ဂျီနီဗာ၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) ပြီးခဲ့သည့် ရက်သတ္တပတ်၌ ကမ္ဘာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၄)သန်းခန့် ထပ်တိုးလာရာ လက်ရှိအခြေအနေအရ လာမည့် ရက်သတ္တပတ်(၂)ပတ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း သန်း ၂၀၀ ကျော် ရှိလာမည်ဟု ခန့်မှန်းရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ဇူလိုင်...