ပေကျင်း၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) ဇူလိုင် ၁၉ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီထိ တရုတ်နိုင်ငံတွင် ထပ်တိုး ကိုဗစ်အတည်ပြုလူနာအသစ် ၆၅ ဦး ရှိရာ ၎င်းအနက် ပြည်ပကူးစက် ၅၇ ဦး (ယူနန် ၄၁ ဦး၊ ကွမ်တုန်း...
ကိုလံဘို၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ အမျိုးသား ဆေးဝါးကြီးကြပ်ရေးဌာန(NMRA)က တရုတ်နိုင်ငံ၏ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးအား နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သီရိလင်္ကာ ဆေးဝါးထုတ်လုပ်ပံ့ပိုးရေးနှင့်ကြီးကြပ်ရေးဝန်ကြီး Channa Jayasumana က ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု ဒေသခံမီဒီယာများတွင် ဖော်ပြထားသည်။
ဘရပ်ဆဲလ်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ဥရောပတိုက် နေရာအများအပြားတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး နေအိမ်အဆောက်အအုံနှင့် လမ်းများပျက်စီးခဲ့ကာ ဆက်သွယ်ရေး ပြတ်တောက်ခဲ့ကြောင်း သိရသည်။ ဇူလိုင် ၁၆ ရက်အထိ ရေဘေးကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိကြောင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ဝါရှင်တန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) လက်ရှိတွင် ဟေတီနိုင်ငံသို့ စစ်တပ်စေလွှတ်ရန် အမေရိကန်တွင် အစီအစဉ်မရှိသေးဟု အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ကွာလာလမ်ပူ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံတွင် ဇူလိုင်လ ၁၅ ရက် နေ့လယ်ပိုင်းအထိ ၂၄ နာရီအတွင်း ထပ်တိုး ကိုဗစ်အတည်ပြုလူနာ ၁၃,၂၁၅ ဦးရှိရာ ကပ်ရောဂါဖြစ်ပွားသည့် ကာလတစ်လျှောက်အမြင့်ဆုံးစံချိန်တင်ခဲ့သလို ၃ ရက်ဆက်တိုက် နေ့စဉ်ထပ်တိုးအတည်ပြုလူနာ ၁၀,၀၀၀ ကျော်ရှိလာခြင်း ဖြစ်ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာန၏ ယင်းနေ့တွင်...
ဂျိုဟန္နက်စဗတ်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း Jacob Zumaကို ဖမ်းဆီးအကျဉ်းချမှုကြောင့် အဓိကရုဏ်းများဖြစ်ပွားခဲ့ရာ အခင်းဖြစ်ရပ်ကြောင့် သေဆုံးသူ (၁၁၇)ဦး ရှိပြီဖြစ်ကြောင်း ယင်းနိုင်ငံ သမ္မတရုံး ခေတ္တဝန်ကြီး Khumbudzo Ntshavheniက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဂျိုဟန်နက်စဘတ်မြို့ ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း Jacob Zumaကို ဖမ်းဆီးအကျဉ်းချမှုကြောင့် အဓိကရုဏ်းဖြစ်ပွားခဲ့ရာ အချင်းဖြစ်ရပ်ကြောင့် ယနေ့အထိ သေဆုံးသူ (၇၂)ဦး၊ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူ (၁,၂၃၄)ဦး ရှိကြောင်း တောင်အာဖရိက ရဲတပ်ဖွဲ့က ဇူလိုင် ၁၃ ရက်ညပိုင်းတွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံအတွင်း ကာကွယ်ဆေးပံ့ပိုးမှု အာမခံချက်ရှိစေရန်အတွက် ပြည်တွင်းထုတ် AstraZeneca ကိုဗစ်ကာကွယ်ဆေး တင်ပို့မှုကို ထိန်းချုပ်ရန် အစိုးရက ချိန်ဆလျက်ရှိသည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ (၁.၄)ဘီလီယံကျော် ထိုးနှံပြီးဖြစ်ရာ ကိုယ်ခံစွမ်းအား မဟာတံတိုင်းကို တစ်ဆင့်တိုး တည်ဆောက်နိုင်ခဲ့ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး fiber optic network၊ 4G နှင့် 5G independent networkများ တည်ဆောက်ပြီးစီးပြီ ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် (၁၂)ကြိမ်မြောက် တရုတ်နိုင်ငံအင်တာနက်ကွန်ဖရင့် ဇူလိုင် ၁၃ ရက်သတင်းများအရ သိရသည်။