ကွမ်ကျိုး၊ ဇွန် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်တွင် မေ ၃၁ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအတွင်း ပြည်တွင်းကူးစက်မှု ကိုဗစ်အတည်ပြုလူနာ (၁၁)ဦး ၊ လက္ခဏာမပြကူးစက်သူ (၂)ဦး ထပ်တိုး လာကြောင်း ယင်းပြည်နယ်ကျန်းမာရေးကော်မရှင်က ဇွန် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ချန်ရှား ၊ ဇွန် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ CRRC Zhuzhou Locomotive ကုမ္ပဏီ မှ ထုတ်လုပ်သည့် ပထမဦးဆုံးသော ဥရောပတိုက် သို့ တင်သွင်းပေးသည့် နှစ်ထပ်အမြန်ရားထား တည်ဆောက်မှုပြီးစီး၍ မေလ ၃၁ ရက်တွင် ဈေးကွက်သို့ စတင်တင်ပို့လိုက်သည်။
ပေကျင်း၊ ဇွန် ၁ ရက်(ဆင်ဟွာ) ဟာမက်စ်အဖွဲ့က အစ္စရေးနှင့် သုံ့ပန်းလဲလှယ်၍ တစ်ဆင့်ခံဆွေးနွေးမှုများ ပြုလုပ်လိုကြောင်း ပါလက်စတိုင်းအစ္စလာမ်မစ်တော်လှန်ရေးအဖွဲ့(ဟာမက်စ်)ခေါင်းဆောင် Yahya Sinwarက မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
အေသင် ၊ ဇွန် ၁ ရက် (ဆင်ဟွာ) ဂရိနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Nikos Dendias က မေ ၃၁ ရက်တွင် အေသင်မြို့သို့ အလည်အပတ် ခရီးစဉ်ဖြင့် ရောက်ရှိလာသော တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlüt Çavuşoğlu အား လက်ခံတွေ့ဆုံခဲ့ပြီး ဂရိနိုင်ငံအနေဖြင့် တူရကီနိုင်ငံ နှင့်...
ပေကျင်း ၊ ဇွန် ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ The Wall Street Journal က “ရုရှား နိုင်ငံ သည် တိရစ္ဆာန်များ အတွက် COVID-19 ရောဂါ ကာကွယ်ဆေး တီထွင်ထုတ်လုပ်” ဟူသည့် သတင်းဆောင်းပါးတစ်ပုဒ် ရေးသားဖော်ပြခဲ့သည်။
တီဟီရန်၊ ဇွန် ၁ ရက်(ဆင်ဟွာ) ဩစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာ၌ ကျင်းပသည့် အီရန်နျူကလီးယားဘက်စုံသဘောတူညီချက် တွေ့ဆုံဆွေးနွေးမှုတွင် သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိသော်လည်း သော့ချက်ကျသည့် ပြသာနာများစွာကို ဖြေရှင်းရန်လိုအပ်နေဆဲဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Saeed Khatibzadehက မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ The Wall Street Journal ၏ လတ်တလောရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည့် ဆောင်းပါးတွင် တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ဆေးအား ပိုမိုလျှင်မြန်စွာ ထိုးနှံပေးခြင်း သည် အာရှစီးပွားရေး ပြန်လည်ကောင်းမွန်စေရေးကို ပိုမိုမြန်ဆန်စေကြောင်း ရေးသားဖော်ပြခဲ့သည်။
မက်ဒရစ် ၊ ဇွန် ၁ ရက် (ဆင်ဟွာ) စပိန် လာလီဂါ ဘောလုံးအသင်း တစ်သင်းဖြစ်သည့် ဘာစီလိုနာ ဘောလုံးအသင်း က မေ ၃၁ ရက်၌ မန်းစီးတီးကစားသမား အာဂျင်တီးနား ရှေ့တန်းတိုက်စစ်မှူး ဆာဂျီယိုအာဂွီရို (Sergio Agüero) အား ခေါ်ယူလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ဟနွိုင်း၊ ဇွန် ၁ ရက်(ဆင်ဟွာ) ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုကို တိုးမြှင့်ရန် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ နွိုင်ဘိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဇွန် ၁ ရက်မှ ၇ ရက်အထိ နိုင်ငံတကာလေကြောင်းလိုင်းဝင်ရောက်မှုကို ယာယီရပ်နားထားမည်ဖြစ်ကြောင်း ဗီယက်နမ်မြို့ပြလေကြောင်းအာဏာပိုင်က မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဘာလင် ၊ မေ ၃၀ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံအနေဖြင့် ယခင် ကိုလိုနီ ပြုခဲ့သည့် နမီးဘီးယားရှိ Herero လူမျိုးစု နှင့် Namaqua လူမျိုးစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က မေ ၂၈ ရက်၌ ဝန်ခံထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ကြေညာချက်တွင်...