မော်စကို၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ရုရှားစစ်တပ်၏ မဟာဗျူဟာဟန့်တားရေးအင်အားကို အထူးတိုက်ပွဲဝင် အသင့်အနေအထားအဖြစ် တပ်လှန့်ထားရန် ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၇ ရက်က အမိန့်ပေးခဲ့ကြောင်း ကရင်မလင်နန်းတော် ဝဘ်ဆိုက် သတင်းများအရ သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) အမေရိကန် ဒရုန်းယာဉ်များ သည် ယူကရိန်းစစ်ပွဲတွင် ပါဝင်ပတ်သတ်နေပြီး ယူကရိန်းတပ်များကို အထောက်အပံ့ပေးနေကြာင်း ရုရှားစစ်တပ်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရုရှားတပ်ဖွဲ့ဝင် အချို့က ကိဗ်မြို့သို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း ကိဗ်မြို့ပေါ်နှင့် ဆင်ခြေဖုံးဒေသများသည် ယူကရိန်းစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း ယူကရိန်းသမ္မတရုံး အကြံပေးပုဂ္ဂိုလ် Mykhailo Podolyak က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ယူကရိန်းသည် ရုရှားနှင့် ဆွေးနွေးရန် ငြင်းဆိုခဲ့ခြင်းကြောင့် ယူကရိန်းရှိ ရုရှားစစ်တပ် ပင်မအင်အားက ယနေ့တွင် စီစဉ်ထားသည့် စစ်ရေးလှုပ်ရှားမှုကို ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း ရုရှားသမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းက...
ကျိုချွမ် ၊ ဖေဖော်ဝါရီ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-4C ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံဖြင့် L-SAR 01B ဂြိုဟ်တုအား ပေကျင်းစံတော်ချိန် နံနက် ၇ နာရီ ၄၄ မိနစ်တွင် အောင်မြင်စွာလွှတ်တင်ခဲ့ပြီး စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) မြောက်အတ္တလန္တတိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) မှ ခေါင်းဆောင်များက ယူကရိန်းနိုင်ငံအခြေအနေနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၅ ရက်တွင် အရေးပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။ နေတိုး အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က နေတိုးအနေဖြင့် လိုအပ်သော အခြေအနေအောက်တွင်...
မော်စကို၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းရှိ Melitopol မြို့ကို ရုရှားစစ်တပ်က အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားမရိန်းတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းတွင် Azov လူနေရပ်ကွက်အတွင်းသို့ ရောက်ရှိလာခဲ့ပြီးနောက် Melitopol မြို့သို့...
ကိဗ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်ရှိ Peremohy prospect ယာဉ်လမ်းကြောတွင် ယူကရိန်းစစ်တပ်အား ထိုးစစ်ဆင်ခဲ့ရာ ယူကရိန်းစစ်တပ်မှ ယင်းတိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ကြောင်း ယူကရိန်းစစ်ဘက် အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၂၆ ရက်တွင် ဆိုရှယ်မီဒီယာ၌ ပြောကြားထားသည်ကို ယူကရိန်းမီဒီယာက သတင်းဖော်ပြခဲ့သည်။...
မော်စကို၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေး လှုပ်ရှားမှုတွင် အနောက်နိုင်ငံများမှ လွန်ခဲ့သည့်လပိုင်းက ယူကရိန်းသို့ ထောက်ပံ့ပေးသည့် လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်က ဖေဖော်ဝါရီ ၂၅ ရက်ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ရုရှားမှ သိမ်းဆည်းရမိသော လက်နက်များတွင် အမေရိကန်မှ ထောက်ပံ့သည့် Javelin...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ရုရှားမြေပြင်တပ်ဖွဲ့၏တိုက်ခိုက်မှုသည် ဖေဖော်ဝါရီ ၂၅ ရက်က ယူကရိန်းနိုင်ငံ ကိဗ်မြို့မြောက်ဘက်သို့ ရောက်ရှိခဲ့ပြီး ရုရှားစစ်တပ်မှာ ထိုနေ့ညပိုင်းတွင်ပင် ကိဗ်မြို့ဆင်ခြင်ဖုံးသို့ ဝင်ရောက်နိုင်ကြောင်း ယူကရိန်းအရာရှိများက ယူဆကြသည်။ ယင်းနေ့တွင် ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက ရုရှားအနေဖြင့် စစ်ရေးလုပ်ရှားမှုများရပ်တန့်ပြီး ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် ရုရှားအား...