ပေကျင်း ၊ ဇွန် ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ The Wall Street Journal ၏ လတ်တလောရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည့် ဆောင်းပါးတွင် တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ဆေးအား ပိုမိုလျှင်မြန်စွာ ထိုးနှံပေးခြင်း သည် အာရှစီးပွားရေး ပြန်လည်ကောင်းမွန်စေရေးကို ပိုမိုမြန်ဆန်စေကြောင်း ရေးသားဖော်ပြခဲ့သည်။
မက်ဒရစ် ၊ ဇွန် ၁ ရက် (ဆင်ဟွာ) စပိန် လာလီဂါ ဘောလုံးအသင်း တစ်သင်းဖြစ်သည့် ဘာစီလိုနာ ဘောလုံးအသင်း က မေ ၃၁ ရက်၌ မန်းစီးတီးကစားသမား အာဂျင်တီးနား ရှေ့တန်းတိုက်စစ်မှူး ဆာဂျီယိုအာဂွီရို (Sergio Agüero) အား ခေါ်ယူလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ဟနွိုင်း၊ ဇွန် ၁ ရက်(ဆင်ဟွာ) ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုကို တိုးမြှင့်ရန် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ နွိုင်ဘိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဇွန် ၁ ရက်မှ ၇ ရက်အထိ နိုင်ငံတကာလေကြောင်းလိုင်းဝင်ရောက်မှုကို ယာယီရပ်နားထားမည်ဖြစ်ကြောင်း ဗီယက်နမ်မြို့ပြလေကြောင်းအာဏာပိုင်က မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဘာလင် ၊ မေ ၃၀ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံအနေဖြင့် ယခင် ကိုလိုနီ ပြုခဲ့သည့် နမီးဘီးယားရှိ Herero လူမျိုးစု နှင့် Namaqua လူမျိုးစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က မေ ၂၈ ရက်၌ ဝန်ခံထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ကြေညာချက်တွင်...
အဘူဂျာ ၊ မေ ၃၀ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယား နိုင်ငံအစိုးရ၏ မေလ ၂၉ ရက်ထုတ်ပြန်ကြေညာချက်အရ နိုင်ငံအနောက်မြောက်ပိုင်းတွင် မေ ၂၆ ရက်က ဖြစ်ပွားခဲ့သော စက်လှေတိမ်းမှောက်မှုအတွင်း သေဆုံးသူအရေအတွက်သည် ၇၆ ဦးထိ ရောက်ရှိလာပြီး လူပေါင်း ၂၀ ကျော်ကို ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။...
ဗျူနိုအေးရိစ် ၊ မေ ၃၀ ရက် (ဆင်ဟွာ) ဥရုဂွေးနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ လတ်တလောရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်အရ တရုတ်နိုင်ငံ Sinovac COVID-19 ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှုခံယူပြီးနောက် ၁၄ ရက်အကြာတွင် COVID-19 ရောဂါကြောင့် သေဆုံးမှုကို ၉၇ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း...
အော့တဝါ၊ မေ ၂၉ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ် Kamloops မြို့ရှိ ဘော်ဒါကျောင်းတစ်ကျောင်း၏နေရာဟောင်းတွင် ဌာနေတိုင်းရင်းသား ကလေးငယ် (၂၁၅)ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း ကနေဒါ မီဒီယာများ၏ မေ ၂၈ ရက် သတင်းအရ သိရသည်။ အဆိုပါကလေးငယ်များသည် Kamloops အင်ဒီးယန်း ဘော်ဒါကျောင်းမှ...
အစ္စလာမ်မာဘတ်၊ မေ ၂၉ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံတွင် Rashakai အထူးစီးပွားရေးဇုန် တည်ဆောက်မှုဖွင့်ပွဲအခမ်းအနားကို မေ ၂၈ ရက်က ကျင်းပခဲ့သည်။ ၎င်းမှာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံမူဘောင်အောက်တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် ပထမဆုံး စက်မှုဥယျာဉ်၏ ဘက်စုံတည်ဆောက်မှုဖြစ်သည်။ စက်မှုထွန်းကားရေးသည် နိုင်ငံ၏အနာဂတ်ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan...
ကွာလာလမ်ပူ၊ မေ ၂၉ ရက် (ဆင်ဟွာ) ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ ဆိုးဝါးလာမှုကြောင့် ဇွန် ၁ ရက်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာ ဘက်စုံ Lockdown ချမှတ်ရန် ဆုံးဖြတ်လိုက်ကြောင်းနှင့် စီးပွားရေး၊ လူမှုရေးလှုပ်ရှားမှုများကို ယာယီရပ်နားထားမည်ဖြစ်ကြောင်း မလေးရှား အစိုးရက မေ ၂၈ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။...
တိုကျို၊ မေ ၂၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ Kurushimaရေလက်ကြား အနီးတွင် မေ ၂၇ ရက် ဒေသစံတော်ချိန် ညပိုင်း ၁၁ နာရီ ၅၅ မိနစ်ခန့်က ဂျပန်ကုန်သင်္ဘောနှင့် မာရှယ်ကျွန်းစုနိုင်ငံ ကုန်သင်္ဘောတိုက်မိမှုဖြစ်ပွားခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့၏ ယင်းနေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ အချင်းဖြစ်ရပ်ကြောင့် ဂျပန်ကုန်သင်္ဘောနစ်မြုပ်ခဲ့ပြီး ဂျပန်သင်္ဘောသား...