ပေကျင်း၊ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ၂၀၂၁ခုနှစ်အတွင်း တရုတ်နိုင်ငံက ပြည်ပသို့ ရင်းနှီးမြုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများသည် တည်ငြိမ်စွာတိုးတက်လျက်ရှိကြောင်းတရုတ်နိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ စုကြွယ်ထင်က ဇန်နဝါရီ၂၀ရက်တွင်ပြောကြားခဲ့သည်။ လုပ်ငန်းကဏ္ဍအားလုံး၏ပြည်ပသို့တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုပမာဏသည်တရုတ်ယွမ်ငွေ၉၃၆.၆၉ဘီလီယံရှိရာယမန်နှစ် အလားတူကာလထက်၂.၂ရာခိုင်နှုန်းတိုးတက်လာကြောင်းသိရသည်။ ယင်းနေ့၌ကျင်းပသောစီးပွား/ကူးသန်းဝန်ကြီးဌာန၏အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင်စုကြွယ်ထင်က၂၀၂၁ခုနှစ်တွင်တရုတ်နိုင်ငံကBRIလမ်းကြောင်းတစ်လျှောက်နိုင်ငံများသို့ ငွေရေးကြေးရေးဏ္ဍမဟုတ်သောတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုသည်အမေရိကန်ဒေါ်လာ၂၀.၃ ဘီလီယံရှိပြီးကာလတူထက်၁၄.၁ရာခိုင်နှုန်းတိုးတက်လာရာအိမ်ရှင်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်အပြုသဘောအကျိုးဖော်ဆောင်ခဲ့သည်။ အသစ်ချုပ်ဆိုသောစာချုပ်၌အမေရိကန်ဒေါ်လာသန်း၁၀၀ကျော်ရှိသည့်စီမံကိန်း၅၆၀ရှိရာပြီးခဲ့သည့်နှစ်က၄၆ခု မြင့်တက်လာကြောင်း၊အဓိကအားဖြင့်လမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးစသည့်အခြေခံအဆောက်အအုံကဏ္ဍများတွင်ဖြစ်ရာအပြန်အလှန်ချိတ်ဆက်ဆက်သွယ်မှုတစ်ဆင့်တိုးမြှင့်ရေးအတွက်အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း သိရသည်။ “ပြည်ပရှိကုန်သွယ်ရေးဇုန်တည်ဆောက်မှုတွေမှာသိသိသာသာအောင်မြင်ထိရောက်မှုရှိခဲ့တယ်”ဟုစုကြွယ်ထင်ကပြောသည်။၂၀၂၁ခုနှစ်နှစ်ကုန်ပိုင်းအထိစီးပွား/ကူးသန်းဝန်ကြီးဌာနစာရင်းများသို့ထည့်သွင်းသောပြည်ပရှိကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုဒေသများကနိုင်ငံပေါင်း၄၆ကျော်တွင်ဖြန့်ကျက်တည်ရှိနေရာရင်းနှီးမြုပ်နှံမှုစုစုပေါင်းအမေရိကန်ဒေါ်လာ၅၀.၇ဘီလီယံရှိပြီးအိမ်ရှင်နိုင်ငံသို့အခွန်ပေးဆောင်မှု ၆.၆ဘီလီယံ၊ ဒေသန္တရအတွက်အလုပ်အကိုင်ဖန်တီးမှု၃၉၂,၀၀၀ရှိခဲ့ပြီးအပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ ဘုံအကျိုးစီးပွားတူညီစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အားကောင်းစွာမြှင့်တင်ပေးခဲ့သည်ဟု ဆိုသည်။ (Xinhua)...
ဂျီနီဗာ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ရိုးရာတိုင်းရင်းဆေးကြီးကြပ်ရေးအေဂျင်စီ လက်ထောက်ညွှန်ကြားရေးမှူး Huang Luqi သည် ပြီးခဲ့သည့်ရက်အနည်းငယ်က “တရုတ်တိုင်းရင်းဆေးပညာဖြင့် Covid-19 ရောဂါကုသရေး သက်သေအထောက်အထားအခြေခံ အကဲဖြတ်ခြင်းဆိုင်ရာ သုတေသအစီရင်ခံစာ” ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)သို့ တရားဝင်တင်ပြခဲ့ကြောင်း၊ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက်...
ကဘူးလ်၊ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ၏ ယာယီဝန်ကြီးချုပ် Mullah Hassan Akhund က တာလီဘန် က ဖွဲ့စည်းထားသည့် အိမ်စောင့်အစိုးရကို အသိအမှတ်ပြုရန်နှင့် ၎င်းနှင့်သံတမန်ဆက်ဆံရေးထူထောင်ရန် နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုကြောင်း ဇန်နဝါရီ ၁၉ ရက်က အာဖဂန်နစ္စတန်ယာယီအစိုးရ ကျင်းပသော စီးပွားရေးဆိုင်ရာအစည်းအဝေး တွင်ပြောကြားခဲ့သည်။...
မနီလာ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) တရုတ်ကုမ္ပဏီအများအပြားပါဝင်ဖွဲ့စည်းထားသော ဖက်စပ်လုပ်ငန်းတစ်ခုသည် ပြီးခဲ့သည့်ရက်က ဖိလစ်ပိုင်အမျိုးသားရထားလမ်း တောင်ဘက်လမ်းပိုင်း ခရီးဝေးသယ်ယူပို့ဆောင်ရေးအပိုင်း၏ ပထမအဆင့်ဆောက်လုပ်ရေးလုပ်ငန်းကို လေလံအောင်ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံ၏ လက်ရှိအချိန်ထိ မိုင်အရှည်ဆုံးနှင့် အမြန်ဆုံး ရထားလမ်း စီမံကိန်းကို တာဝန်ယူတည်ဆောက်ပေးမည်ဖြစ်ကြောင်း၊ ၎င်းစီမံကိန်းမှာ ဒေသတွင်း အခြေခံအဆောက်အအုံများ ပြည့်စုံကောင်းမွန်စေရေး၊ သယ်ယူပို့ဆောင်ရေး စွမ်းအင်မြှင့်တင်ရေးနှင့်...
ရှီးနင်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ၂၀၂၁ ခုနှစ် ယူရှုလေဆိပ် ခရီးသွားအဝင်အထွက်ပမာဏသည် ၃၇၄,၅၆၁ အထိရောက်ရှိခဲ့ပြီး ချင်းဟိုင်ပြည်နယ်တွင်း ဒေသဆိုင်ရာလေဆိပ်များထဲမှ ခရီးသွားအဝင်အထွက်ပမာဏ အများဆုံးဖြစ်ကြောင်း ချင်းဟိုင်လေဆိပ်ကုမ္ပဏီ၊ ယူရှုလေဆိပ်ကုမ္ပဏီခွဲမှ သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) Economic Information Daily သတင်းစာတွင် ဆောင်းပါးရှင် ဝမ်ကျင့် ရေးသားသော 《အမေရိကန် ကုန်စည်ထောက်ပို့မှုကွင်းဆက်အကျပ်အတည်း ရေတိုအတွင်းဖြေရှင်းနိုင်ရန် ခဲယဉ်း》ဟူသော ဆောင်းပါးကို ဇန်နဝါရီ ၁၉ ရက်က ထုတ်ပြန်ခဲ့သည်။
ကူမင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ၏ ၁၁၃ ကြိမ်မြောက် မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုတွင် ပါဝင်သော တရုတ် ဥပဒေစိုးမိုးရေးရေယာဉ် ၂ စင်းသည် ဇန်နဝါရီ ၁၈ ရက်နံနက် ၉ နာရီတွင် ယူနန်ပြည်နယ်၊ ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ကျင်ဟားဆိပ်ကမ်းမှ...
ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် ၂၀၂၁ ခုနှစ်က ဆင်းရဲနွမ်းပါးမှုမှ လွတ်ကင်းသူများ၏ အလုပ်အကိုင်နေရာရရှိသည့်ဦးရေသည် ၃၁.၄၅ သန်းရှိရာ ၎င်းမှာ ပြီးခဲ့သည့် နှစ်ကထက် ၁.၂၆ သန်း တိုးလာခြင်းဖြစ်ပြီး လုပ်ခလစာဝင်ငွေသိသိသာသာမြင့်မားလာသူ ၆၇.၉ ရာခိုင်နှုန်းရှိခြင်းကြောင့် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်သို့ ပြန်လည်မဆင်းသက်သွားရန် အားကောင်းသည့်အထောက်အပံ့ဖြစ်ခဲ့ကြောင်း ဗဟိုကျေးလက်ရေးရာလုပ်ငန်းဦးဆောင်အဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး၊...
ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၄၇ နိုင်ငံ၊ နိုင်ငံတကာအဖွဲ့အစည်း ၃၂ ခုနှင့် အတူ “ရပ်ဝန်းနှင့်ပိုးလမ်းမ”ပူးပေါင်းဖော်ဆောင်ရေး စာရွက်စာတန်း ၂၀၀ ကျော် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ကျန်းရှန်တုန်းက ဇန်နဝါရီ...
ဂျီနီဗာ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ကမ္ဘာတစ်ဝန်း၌ အသစ်ထပ်တိုးသော ကိုဗစ်အတည်ပြုလူနာ ဦးရေ ၁၈ သန်းရှိခဲ့ပြီး အချို့နိုင်ငံများတွင် ထပ်တိုးလူနာဦးရေသည် အထွတ်အထိပ်ကို ရောက်ရှိနေပြီဖြစ်သော်လည်း ကိုဗစ်ကပ်ရောဂါအဆုံးသတ်ရန် အလှမ်းဝေးနေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ဇန်နဝါရီ ၁၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်စ်...