လော့စ်အိန်ဂျယ်လိစ်၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း Orangeခရိုင် ကမ်းရိုးတန်းတွင် ပြီးခဲ့သည့် ရက်ပိုင်းက ရေနံစိမ်း ယိုစိမ့်မှု ဆိုးဆိုးဝါးဝါးဖြစ်ပွားခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၃ ရက်နေ့လယ်ပိုင်းအထိ ရေနံစိမ်းယိုစိမ့်မှုပမာဏ ၁၂၆,၀၀၀ ဂါလန်(၄၇၇,၀၀၀ လီတာခန့်)ရှိပြီး ပင်လယ်ရေမျက်နှာ ၃၅ စတုရန်းကီလိုမီတာနီးပါးကို ညစ်ညမ်းစေခဲ့ရာ...
ကျိုကျိုက်ကိုး၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကျိုကျိုက်ကိုး ရှုခင်းသာခရီးသွားနေရာကို စက်တင်ဘာ ၂၈ ရက်က တရားဝင်အပြည့်အဝ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။
ဂျီနီဗာ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) အမေရိကန်နှင့် ရုရှား နှစ်နိုင်ငံ ကိုယ်စားလှယ်များသည် မဟာဗျူဟာတည်ငြိမ်ရေး တွေ့ဆုံဆွေးနွေးမှု ဒုတိယအကြိမ်အစည်းအဝေးကို ဆွီဒင်နိုင်ငံ ဂျီနီဗာမြို့တွင် စက်တင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့ရာ နှစ်ဖက်ဌာနချင်းဆက်ဆံရေး ကျွမ်းကျင်လုပ်ငန်းအဖွဲ့နှစ်ခု ဖွဲ့စည်းရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြကြောင်း သိရသည်။
မော်စကို၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေဆိုးဝါးလာရာ ယခုရက်သတ္တပတ် ၂ ပတ်အတွင်း ကိုဗစ်လူနာ ဦးရေ ၂၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ရုရှားဝန်ကြီးချုပ် မစ်ရှုစတင်က စက်တင်ဘာ ၃၀ ရက် ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဗြိတိန်က ယခုနှစ် နှစ်ကုန်ပိုင်းတွင် အီတလီ၊ ဆွီဒင်နှင့်သဘောတူမှုစာချုပ် ချုပ်ဆိုရန်ရှိရာ ဗြိတိန်က ဦးဆောင်သည့် မျိုးဆက်သစ် တိုက်လေယာဉ်”Tempest” ပူးပေါင်းတီထွင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၊ ဂျပန်နှင့်သက်ဆိုင်ရာဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ဗြိတိန်လေကြောင်း အာကာသစနစ် ကုမ္ပဏီ(BAE)က စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ပြုံယမ်း၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) မြောက်ကိုရီယား ကာကွယ်ရေး သိပ္ပံအကယ်ဒမီက အသစ်တီထွင် ထုတ်လုပ်ထားသော အသံထက်မြန်သည့်ဒုံးကျည်သစ် Hwasong-8 ကို Jagangပြည်နယ် Ryongrimကောင်တီ Toyang-riတွင် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက စမ်းသပ်ပစ်လွှတ်မှု ပြုလုပ်ခဲ့ရာ အောင်မြင်ကြောင်း KCNA သတင်းဌာန ၏ စက်တင်ဘာ...
ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(CFPD)သည် မြန်မာနိုင်ငံ အလင်းရောင်ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ရန်ကုန်မြို့သစ် ကြည့်မြင်တိုင်မြို့နယ် ကျေးရွာတစ်ရွာတွင် အခက်အခဲရှိသည့် အိမ်ထောင်စုပေါင်း ၂၀၀ ကျော်ကို စက်တင်ဘာ ၂၈ ရက်က ဆန်တန်ချိန် (၄)တန်စသည့် စားသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ယခုအကြိမ်လှူဒါန်းမှုသည်...