မင့်စ်ခ်၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) ရုရှား-ဘီလာရုဇ် လက်နက်ကိုင်အင်အားစု “အနောက်ပိုင်း-၂၀၂၁” ပူးတွဲ မဟာဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှုများကို စက်တင်ဘာ ၉ ရက်က စတင်ခဲ့သည်။ “အနောက်ပိုင်း-၂၀၂၁” သည် ရုရှား-ဘီလာရုဇ် နှစ်နိုင်ငံစစ်တပ်အတွက် ယခုနှစ်ပူးတွဲစစ်ရေးလေ့ကျင့်မှု၏ အဆုံးပိုင်းဖြစ်ကြောင်း ရုရှားသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ စစ်သည်များ၏ လက်တွေ့လေ့ကျင့်မှုများကို စက်တင်ဘာ...
ပြုံယမ်း၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံအကယ်ဒမီက စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်များတွင် အသစ်တီထွင်ထုတ်လုပ်သည့် တာဝေးပစ်ခရုစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရာ အောင်မြင်မှုရရှိကြောင်း မြောက်ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) သတင်းဌာနက စက်တင်ဘာ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။ ပစ်လွှတ်ခဲ့သည့် တာဝေးပစ်ခရုစ်ဒုံးကျည်၏ ပျံသန်းချိန်သည် (၇,၅၈၀)စက္ကန့်ရှိပြီး...
ကိုလုံး၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) ယခုရက်ပိုင်း ရွှေဖရုံသီးရိတ်သိမ်းပွဲအထိမ်းအမှတ်ဖြစ် ဂျာမနီနိုင်ငံ ကိုလုံးမြို့အနီးရှိ လောမာမြို့လေးတွင် ရိုးရာရွှေဖရုံသီးပွဲတော် ကျင်းပခဲ့သည်။ စိတ်ဝင်စားဖွယ် ရွှေဖရုံသီးအလေးချိန်ပြိုင်ပွဲက ယင်းပွဲတော်ကာလတွင် ထည့်သွင်းကျင်းပသော အဓိကအစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်သည်။ ဂျာမနီ၊ ဘယ်လ်ဂျီယံစသည့်ဒေသများမှလာသော ဖရုံစိုက်ပျိုး တောင်သူများက မိမိတို့စိုက်ပျိုးထားသည့် အရည်အသွေးမြင့် ဖရုံသီးများကို...
ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်အရေးကိစ္စနှင့်ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် စက်တင်ဘာ ၉ ရက်က တံခါးဖွင့်ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့်အတူ တယ်လီဖုန်းဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး၊ နှစ်ဖက်အလေးထားဂရုပြုကြသည့် သက်ဆိုင်ရာအရေးကိစ္စများကို ပွင့်လင်း၊နက်ရှိုင်းစွာဖြင့် မဟာဗျူဟာမြောက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖလှယ်ခဲ့ကြသည်။
ပေကျင်း၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က (၁၈)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြုပ်နှံမှုထိပ်သီးအစည်းအဝေးသို့ စက်တင်ဘာ ၁၀ ရက်က ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
အက်ခရာ၊စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်း(ECOWAS)အဖွဲ့ဝင်နိုင်ငံများသည် စက်တင်ဘာ ၈ ရက်က အွန်လိုင်း အထူးအစည်းအဝေးကျင်းပပြီး ဂီနီနိုင်ငံအား အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
တိုကျို၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) တိုကျို အိုလံပစ် အားကစားပွဲနှင့် မသန်စွမ်းသူများအိုလံပစ်အားကစားပွဲကျင်းပပြီးနောက် တိုကျိုအိုလံပစ်ကျင်းပရေးကော်တီ၏ ဝန်ထမ်းအရေအတွက်ကို အောက်တိုဘာလတွင် ဝန်ထမ်းအများဆုံး (၇,၀၀၀) ဦး ရှိရာမှ (၁,၁၀၀)ဦးထိ လျှော့ချသွားမည်ဖြစ်ကာ အိုလံပစ်ကျင်းပရေးကော်မတီတစ်ခုလုံးကို လာမည့်နှစ် ဇွန်လတွင် ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ဂျပန်မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။
နန်နင်း၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) ညခင်းပိုင်းရောက်လျှင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းရှိ ချင်းကျိုးရထားကွန်တိန်နာဗဟိုဆိပ်ကမ်းတွင် နေ့ခင်းပိုင်းကဲ့သို့ ပျားပန်းခတ်စည်ကားအလုပ်များနေဆဲဖြစ်သည်။
ကာနေလ်ခရီလ်၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) အာဏာအသွင်ကူးပြောင်းရေး တည်ငြိမ်အောင် တွန်းအားပေးနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် ဖွဲ့စည်းသွားမည်ဟု ဂီနီနိုင်ငံ အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။