ဂျကာတာ ၊ ဇွန် ၆ ရက် (ဆင်ဟွာ) အရှေ့တီမောနိုင်ငံ ဒုတိယဝန်ကြီးချုပ် Armanda Berta dos Santos က ဇွန် ၅ ရက်၌ ပြုလုပ်သော တရုတ်နိုင်ငံအစိုးရမှ ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါ ကာကွယ်ဆေးလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်စဉ် နိုင်ငံ၌ COVID-19...
လန်ဒန် ၊ ဇွန် ၆ ရက် (ဆင်ဟွာ) ၂၀၂၀-၂၀၂၁ ပရီးမီးယားလိဂ် ဘောလုံးရာသီ၏ အကောင်းဆုံး ကစားသမားဆုကို ထုတ်ပြန်ကြေညာခဲ့ရာတွင် မန်စီးတီးအသင်း နောက်တန်းကစားသမား Rúben Dias သည် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိသည့် စတုတ္ထမြောက် နောက်တန်းကစားသမား တစ်ဦးဖြစ်လာခဲ့ကြောင်း ပရီးမီးယားလိဂ်၏ ဇွန် ၅...
လိုမီ ၊ ဇွန် ၆ ရက် (ဆင်ဟွာ) ဘာကီးနားဖာဆိုနိုင်ငံ သတင်းမီဒီယာ၏ ဇွန် ၅ ရက်ဖော်ပြချက်အရ နိုင်ငံမြောက်ပိုင်း Sahel ဒေသအတွင်းရှိ ကျေးရွာနှစ်ရွာတွင် ဇွန် ၄ ရက်ညပိုင်းက အကြမ်းဖက်သမားများ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရွာသူရွာသားပေါင်း ၁၀၀ ကျော်သေဆုံးသွားခဲ့ရကြောင်း ၊ ဇွန် ၅...
ဘဂ္ဂဒက် ၊ ဇွန် ၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံသည် ဇွန် ၅ ရက်က နယ်စပ်ဖြတ်ကျော်၍ အီရတ်နိုင်ငံမြောက်ပိုင်းရှိ ဒုက္ခသည်စခန်းတစ်ခုအား ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ယင်းစခန်းအတွင်းရှိ အနည်းဆုံး လူ ၃ ဦး သေဆုံးသွားခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိကြောင်း အီရတ်နိုင်ငံ နိုင်ငံရေးပါတီတစ်ခုမှ အရာရှိတစ်ဦး က...
ကူမင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) တရုတ်-လာအို ရထားလမ်း ကျင်ကျိုက် ဥမင်လိုဏ်ခေါင်းကို ဇွန် ၅ ရက် နံနက်ပိုင်းက လုံခြုံဘေးကင်းစွာ ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ရာ ဥမင်အလွှာပြုလုပ်ခြင်း၊ အတွင်းသားနံရံနှင့် ရထားလမ်းကြောင်း ဆောက်လုပ်ခြင်းစသည့် ကျန်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း China Railway Kunming Group၏ သတင်းများအရ...
ထန်ဆန်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟဲပေပြည်နယ် ထန်ဆန်းမြို့ရှိ ရှီးဖုန်းခိုအနောက်ဘက် ဖန်းကျားခိုအပိုင်း မဟာတံတိုင်းကို ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိသည်။ ၁၉၇၀ ပြည့်နှစ် များတွင် ဖန်းကျားခိုရေလှောင်ကန်ကို ပြုပြင်တည်ဆောက်ခဲ့ရာ ဖန်းကျားခိုအပိုင်း မဟာတံတိုင်းအစိတ်အပိုင်းတစ်ခု ရေနစ်မြုပ်ခဲ့ပြီးနောက် ရေအောက်မဟာတိုင်း ရှုမြင်ကွင်း ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။ ...
ဗီယင်ကျန်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးမည်ဖြစ်သော်လည်း မြို့တော် ဗီယင်ကျန်း၏ Lockdown ကာလကို ဇွန် ၁၉ ရက် အထိ (၁၅) ရက် ထပ်တိုးသွားမည်ဖြစ်ကြောင်း လာအိုအစိုးရက ဇွန် ၄ ရက်တွင် ကြေညာခဲ့သည်။ အချို့ပြည်နယ်နှင့်မြို့များတွင်...
ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တစ်နိုင်ငံလုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း(၇၀၀)ကျော် ထိုးနှံပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်က ဇွန် ၃ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။ မေလမှစ၍ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအခြေအနေသည် ဆိုးဝါးဆဲဖြစ်ရာ...
ဟူပေ၊ ဇွန် ၄ ရက် (ဆင်ဟွာ) ရှန်ဟိုင်း-ချုံချင့် အဝေးပြေးအမြန်လမ်းမကြီး၏ ဟူပေပြည်နယ်အနောက်ဘက်လမ်းအပိုင်း ဖြစ်သည့် ရီအန်းလမ်းအပိုင်းကို ၂၀၀၄ ခုနှစ် ဩဂုတ်လတွင် ဖောက်လုပ်တည်ဆောက်ခဲ့ရာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်သွားလာနိုင်ခဲ့သည်။ တရုတ်နိုင်ငံ ဟူပေပြည်နယ် အန်းစီးထူကျားလူမျိုး၊မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ပါးတုန်းခရိုင်...
ကဘူးလ်၊ ဇွန် ၄ ရက် (ဆင်ဟွာ) ပြီးခဲ့သည့် ၂၄ နာရီအတွင်း အာဖဂန်အစိုးရတပ်သည် ပြည်နယ်အများစုတွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ပြီး တာလီဘန်လက်နက်ကိုင် (၂၂၃)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အစိုးရတပ်များက Nangarhar ၊ Kandahar စသည့်...