ကျောင်းထုံး (ယူနန်)၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျောင်းထုံးမြို့ တာ့ဆန်းပေါင်း လည်ပင်းနက်ကြိုးကြာများ အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေသည် တရုတ်နိုင်ငံရှိ လည်ပင်းနက်ကြိုးကြာများ ဆောင်းရာသီတွင် အဓိကအနားယူကျက်စားရာနေရာများအနက် တစ်ခုဖြစ်သည်။ လက်ရှိတွင် ဆောင်းခိုရန် လည်ပင်းနက်ကြိုးကြာတစ်ထောင်ကျော် တာ့ဆန်းပေါင်း သဘာဝထိန်းသိမ်းရေးနယ်မြေသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ (Xinhua)...
ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံ ဝေဟင်နှင့် အနီးပတ်ဝန်းကျင်လေပိုင်နက်အား “ဘက်စုံ ပိတ်ထားသည့် အခြေအနေအဖြစ် သတ်မှတ်ကြောင်း” ဇန်နဝါရီလ ၂၉ ရက်တွင် ဆိုရှယ်မီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ ယင်းနောက် ဗင်နီဇွဲလားနိုင်ငံသည် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြီး နိုင်ငံစုံယန္တရားများ စတင်ဆောင်ရွက်ခြင်းဖြင့် ရင်ဆိုင်တုံ့ပြန်ခဲ့သည်။...
ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ဆောင်းရာသီအစောပိုင်းအခါသမယတွင် နေရာဒေသအသီးသီး၌ အရောင်စုံဆေးရောင်စုံရှုခင်းများဖြင့် တောက်ပနေကာ သက်ဝင်လှုပ်ရှား၍ ရင်သပ်ရှုမောဖွယ်လှပသော ဆောင်းရာသီကနဦးကာလ ပန်းချီကားတစ်ချပ်ဖြစ်လာပြီး လှပသော ရှုခင်းများ များပြားလှရာ ရှုစားမဆုံးနိုင် ဖြစ်ပေသည်။ (Xinhua) ……………….. (Chinese Version) 缤纷冬日 新华社照片,北京,2025年11月30日 初冬时节,各地五彩斑斓,构成浓墨重彩的初冬画卷,美不胜收。 图说1:11月30日拍摄的上海市黄浦区局门路银杏大道。...
ကိုင်ရို၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် အီဂျစ် “တရုတ်ရုပ်ရှင်သီတင်းပတ်” ကို မကြာမီရက်ပိုင်းက အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ Zamalek ရုပ်ရှင်ရုံတွင် ဖွင့်လှစ်ခဲ့သည်။ တရုတ်နိုင်ငံဧည့်သည်တော်များက “တရုတ်ရုပ်ရှင်သီတင်းပတ်” ဖွင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားရာတွင် တရုတ်ရုပ်ရှင်ဈေးကွက်သည် တံခါးဖွင့်လှစ်မှုနှင့် အားလုံးပါဝင်မှုရှိကြောင်း၊ နှစ်ဖက်ရုပ်ရှင်လုပ်ငန်းနယ်ပယ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊...
ကရာကက်စ်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ကာရေဘီယံဒေသတွင် အမေရိကန် စစ်ရေးဖြန့်ကြက်မှုတိုးမြှင့်ခြင်းက ဗင်နီဇွဲလားနိုင်ငံအပေါ် ခြိမ်းခြောက်မှုဖြစ်သလို ကမ္ဘာ့စွမ်းအင်ဈေးကွက်တည်ငြိမ်ရေးကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း ဗင်နီဇွဲလားသမ္မတ မာဒူရိုက ရေနံတင်ပို့သောနိုင်ငံများအသင်း (OPEC) အထွေထွေအတွင်းရေးမှူးချုပ် Haitham al-Ghais ထံသို့ မကြာမီရက်ပိုင်းတွင် စာလွှာပေးပို့၍ ပြောကြားခဲ့သည်။ ဗင်နီဇွဲလား ဒုတိယသမ္မတနှင့် ရေနံဝန်ကြီးဌာန...
ချင်းကျိုး (ကွမ်ရှီး)၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်ပိုင်း ကုန်းရေနှစ်သွယ်လမ်းကြောင်းသစ်ဖြင့် စုစုပေါင်းပို့ဆောင်သည့် ကုန်စည်ပမာဏသည် နိုဝင်ဘာ ၂၉ ရက်အထိ TEU ၅ သန်းကျော်ရှိလာကာ TEU ၅.၀၀၃ သန်း ရှိလာပြီဖြစ်ကြောင်း၊ ၎င်းအနက် ယခုနှစ်အတွင်းပို့ဆောင်မှုသည် TEU ၁.၃ သန်းကျော်ရှိလာပြီး...
ဂျေရုဆလမ်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုသည် အစ္စရေးနိုင်ငံ သမ္မတ အီဆက် ဟာဇော့ထံ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် လျှောက်ထားချက်တစ်ရပ် တင်ပြထားပြီးဖြစ်ကြောင်း အစ္စရေးနိုင်ငံ သမ္မတရုံးက နိုဝင်ဘာ ၃၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ နေတန်ယာဟုသည် လက်ရှိတွင် အဂတိလိုက်စားမှုကြောင့် စစ်ဆေးမှုခံယူနေရသည်။ နေတန်ယာဟု၏ရှေ့နေ...
ပြုံယမ်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံတွင် ပြည်သူ့တပ်မတော်လေတပ် တည်ထောင်ခြင်း နှစ် ၈၀ ပြည့် အခမ်းအနားများကို နိုဝင်ဘာ ၂၈ ရက်က ကျင်းပခဲ့ရာ ကိုရီးယားအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းက မြောက်ကိုရီးယားလေတပ်တွင် မဟာဗျူဟာမြောက် စစ်ရေးပစ္စည်းသစ်များ တပ်ဆင်မည်ဖြစ်သလို တစ်ချိန်တည်းတွင်ပင်...
ကိုလံဘို၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) လတ်တလောရက်ပိုင်းတွင် သီရိလင်္ကာနိုင်ငံ၌ ယနေ့တိုင် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သီရိလင်္ကာနိုင်ငံ သမ္မတ Anura Kumara Dissanayake က နိုဝင်ဘာ ၃၀ ရက်တွင် နိုင်ငံတော်မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။ လက်ရှိတွင် အစွန်းရောက်ရာသီဥတုကြောင့် နိုင်ငံတစ်ဝန်း၌ သေဆုံးသူ...
ဟောင်ကောင်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၌ နိုဝင်ဘာ ၂၉ ရက်တွင် ဝမ်းနည်းအောက်မေ့ခြင်းအခမ်းအနား ပြုလုပ်၍ တာ့ဖူခရိုင် ဟုန်ဖူအိမ်ရာ မီးလောင်ကျွမ်းမှုအတွင်း ကံမကောင်းစွာ ဆုံးပါးခဲ့သူများအတွက် ဝမ်းနည်းအောက်မေ့မှု လုပ်ဆောင်ခဲ့သည်။ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ အဆောက်အအုံများတွင် ဝမ်းနည်းအောက်မေ့ခြင်း အထိမ်းအမှတ်အနေဖြင့် နိုင်ငံတော်အလံနှင့် ဒေသအလံများအား အလံတိုင်တစ်ဝက်လွှင့်ထူခဲ့ကြောင်း...