ဟာဗားနား၊ ဖေဖော်ဝါရီ၁၂ ရက်(ဆင်ဟွာ) ၁၉၅၀ ပြည့်နှစ်များတွင် ကျူးဘားနိုင်ငံ၌တော်လှန်ရေးအောင်မြင်ခဲ့ပြီးနောက်တွင်အမေရိကန်နိုင်ငံအစိုးရကကျူးဘားအပေါ်ရန်လိုသည့်သဘောထားမူဝါဒကိုချမှတ်ခဲ့ကြောင်း၊၁၉၆၂ခုနှစ်ဖေဖော်ဝါရီ၃ရက်တွင်ထိုစဉ်ကအမေရိကန်သမ္မတKennedyက သမ္မတအမိန့်စာအမှတ် ၃၄၄၇ ကို လက်မှတ်ရေးထိုးခဲ့ပြီးယင်းနှစ် နှစ်ဖေဖော်ဝါရီ ၇ ရက်မှစ၍ ကျူးဘားနိုင်ငံအပေါ်စီးပွားရေး၊ငွေကြေးနှင့်ကုန်သွယ်ရေးပိတ်ဆို့မှုများကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ယခုနှစ်၆၀တာကာလကြာမြင့်ပြီးနောက် အမေရိကန်သည် ကျူးဘားအပေါ်ပိတ်ဆို့မှုများဆက်လက်ဆောင်ရွက်နေကြောင်း၊ ကျူးဘားနိုင်ငံအပေါ်အမေရိကန်၏ပိတ်ဆို့အရေးယူမှုမှာ နိုင်ငံတစ်နိုင်ငံမှအခြားနိုင်ငံအပေါ်ပြုလုပ်သည့်ပိတ်ဆို့မှုသမိုင်းတွင် အချိန်အကြာမြင့်ဆုံး၊အရှုပ်ထွေးဆုံးနှင့်လူသားချင်းစာနာထောက်ထားမှုမဆန်သောစီးပွားရေးပိတ်ဆို့မှုတိုက်ပွဲ အသွင်ဆောင်ကြောင်းနှင့် ကျူးဘားပြည်သူများ၏ လူအခွင့်အရေးအပေါ်ကြီးမားသောထိပါးမှုဖြစ်ကြောင်း ကျူးဘားအစိုးရကဖေဖော်ဝါရီလအစောပိုင်းတွင်ထုတ်ပြန်ပြောဆိုခဲ့သည်။ မကြာသေးမီကဆင်ဟွာသတင်းအေဂျင်စီမှသတင်းထောက်တစ်ဦးက ကျူးဘားနိုင်ငံမြို့တော်ဟာဗားနားရှိနိုင်ငံသားအများအပြားကို...
အော့တဝါ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) ထရပ်ကားယာဉ်မောင်းများ ဆန္ဒပြလှုပ်ရှားမှု တစ်ပြည်နယ်လုံးတွင် ပျံ့နှံ့သွားခြင်းကြောင့် စီးပွားရေးအပေါ် အကြီးအကျယ်ရိုက်ခတ်မှုဖြစ်စေရာ ယနေ့မှစပြီး ပြည်နယ်တစ်ခုလုံး အရေးပေါ်အခြေအနေအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ကန်ဒေါနိုင်ငံ မြို့တော် အော့တဝါရှိ အွန်တေးရီးယိုးပြည်နယ် အစိုးရက ဖေဖော်ဝါရီ ၁၁ ရက်တွင် ကြေညာခဲ့သည်။ ထရပ်ကားယာဉ်မောင်းများ ဆန္ဒပြလှုပ်ရှားမှုကြောင့်...
ဝယ်လင်တန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) နယူးဇီလံနိုင်ငံ ဝယ်လင်တန်ရှိ လွှတ်တော်ရှေ့တွင် ဖေဖော်ဝါရီ ၈ ရက်ကတည်းက ပြည်သူပေါင်းများစွာစုဝေးကာ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးမူဝါဒကို ဆန့်ကျင်သောဆန္ဒပြမှုများပြုလုပ်ခဲ့ကြောင်း၊ နယူးဇီလန် လွှတ်တော် ဥက္ကဌ Trevor Mallard က ဖေဖော်ဝါရီ ၁၀ ရက်က လွှတ်တော်ရှေ့ မြက်ခင်းပြင်၌ တဲထိုးဆန္ဒပြသူများကို...
မော်စကို၊ဖေဖော်ဝါရီ၁၂ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး SergeiShoigu သည် ရုရှားသို့လာရောက်လည်ပတ်သည့် ဗြိတိန်ကာကွယ်ရေးဝန်ကြီး BenWallace နှင့် ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ဆုံပြီး လက်ရှိ ဥရောပ၏ စစ်ရေး၊ နိုင်ငံရေးအခြေအနေများနှင့် နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှု စသည့်ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဥရောပ စစ်ရေး၊နိုင်ငံရေးအခြေအနေသည် ပို၍တင်းမာလာရာ အနောက်နိုင်ငံများအနေဖြင့် ယင်းအခြေအနေကိုဖြေလျှော့ဖို့...
ဗီယင်နာ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်ကို ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးရေးအဖွဲ့(UNIDO)က ထောက်ခံကြောင်း UNIDO ညွှန်ကြားရေးမှူးချုပ်အသစ် Gerd Müllerက ဖေဖော်ဝါရီ ၉ ရက်က ဗီယင်နာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် အထူးသံအမတ်ကြီး ဝမ်ချွင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ Gerd Müllerက...
ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် သမ္မတ Thongloun နှင့် လာအိုအစိုးရကိုယ်စားလှယ်အဖွဲ့တို့က တရုတ်-လာအို ရထားလမ်း ၏ “လန်ချန်း”ကျည်ဆန်ရထားကို ဖေဖော်ဝါရီ ၇ ရက်နှင့် ၉ ရက်တို့တွင် နှစ်ကြိမ်တိုင်တိုင်စီးနင်းခဲ့ကြောင်း၊ တရုတ်-လာအို ရထားလမ်း၏ လုပ်ငန်းအစီရင်ခံစာကို ကြားနာခဲ့ပြီး...
တာရန်တို၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ယခုရက်ပိုင်းများတွင် အီတလီနိုင်ငံ တောင်ပိုင်း အဓိကကျသော ပင်လယ်ဆိပ်ကမ်း ဖြစ်သည့် တာရန်တိုတွင် အထူး စည်ကားနေသည်။ ပင်လယ်ပြာပြာ မိုးသားကောင်းကင်အောက်ရှိ ပင်လယ်ရေပြင်ပေါ်တွင် MingYang Smart Energy Group Limitedက လေအားလျှပ်စစ်ထုတ်လုပ်ရေး စက်ပစ္စည်းများ တပ်ဆင်နေခြင်း ဖြစ်သည်။...
ပေကျင်း၊ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ရုရှားနှင့် ဘီလာရုစ်နှစ်နိုင်ငံစစ်တပ်တို့၏ ” မဟာမိတ်တပ်ဖွဲ့များအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှု ၂၀၂၂ ” ကို ဘီလာရုစ်နိုင်ငံရှိ စစ်ရေးလေ့ကျင့်မှုနယ်မြေအများအပြားတွင် ဖေဖော်ဝါရီ ၁၀ ရက်က စတင်ခဲ့ကြောင်း သိရသည်။ ယခုအကြိမ် စစ်ရေးလေ့ကျင့်ရန် ရုရှားနှင့် ဘီလာရုစ်နှစ်နိုင်ငံခေါင်းဆောင်တို့က ယခင်နှစ် နိုဝင်ဘာကတည်းက ဆုံးဖြတ်ခဲ့ကြောင်း၊...
——————————– (Chinese Version) 北京冬奥会 | “人均一墩”!来看获奖者与金色冰墩墩亲密接触 2022/02/10 22:22:20 来源:新华社 北京冬奥会赛场上,每位登上领奖台的运动员都能得到一个,定制版金色冰墩墩,实现“人均一墩”颁发纪念品仪式上他们初次相遇运动员们如何与这位“顶流”亲密接触的呢?跟着现场高清大图一起来打开获奖者与金色冰墩墩“相处”的N种方式.
ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့၏ ဘက်စုံစွမ်းဆောင်ရည်သည် မျှော်မှန်းချက်နှင့်ကိုက်ညီကြောင်း ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်သို့ တက်ရောက်သော တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Ni Huizhong က ဖေဖော်ဝါရီ ၁၀ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ပါသည်။