ရှန်ဟိုင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ AutoFlight ကုမ္ပဏီက Helichuangxing Intelligent ကုမ္ပဏီထံ တရုတ်နိုင်ငံ၏ ပထမဆုံး “ပျံသန်းရန်သင့်လျော်သည့် အသိအမှတ်ပြု လက်မှတ် ၃ မျိုး”(TC၊ PC နှင့် AC) ရရှိထားသော တန်ချိန်အဆင့် eVTOL (လျှပ်စစ်စွမ်းအင်သုံး ဒေါင်လိုက်အတက်အဆင်း...
ကူမင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ဇူလိုင် ၂၂ ရက် နံနက် ၉ နာရီခန့်တွင် တရုတ်ဘက်၏ ၅၃၁၀၅၊ ၅၃၁၀၇ နှင့် ၅၃၁၀၈ ရေယာဉ်များသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟားရဲဘက်ဆိုင်ရာဆိပ်ကမ်းမှ ဟွန်းသံမြည်ကာ စတင်ထွက်ခွာသည်နှင့်အတူ မဲခေါင်မြစ်...
ကျိန့်ကျိုး၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ကျိန့်ကျိုးမြို့သည် ဆုန်းဆန်းတောင်၏ အရှေ့ဘက်တောင်ခြေ၊ မြစ်ဝါမြစ်၏ ကမ်းနံဘေးတွင် တည်ရှိပြီး တရုတ်နိုင်ငံ၏အလယ်ပိုင်း၌ရှိရာ သမိုင်းတွင် “ကောင်းကင်နှင့် ကမ္ဘာမြေ၏ဗဟို” ဟု ခေါ်ဝေါ်ကြသည်။ ကျိန့်ကျိုးမြို့သည် တရုတ်နိုင်ငံ အလယ်ပိုင်းဒေသ၏ အရေးကြီးသည့် အချက်အချာမြို့ဖြစ်သလို နိုင်ငံသမိုင်းယဉ်ကျေးမှုနာမည်ကျော်မြို့၊ နိုင်ငံတကာအသွင် ဘက်စုံ လမ်းပန်းဆက်သွယ်ရေးအချက်အချာနှင့်...
ချိဖုန်း (အတွင်းမွန်ဂိုလီးယား)၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) နွေရာသီရက်များတွင် တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသ မြက်ခင်းလွင်ပြင်က မိုးရေချိန်ပြည့်၍ မြက်ပင်များ ရှင်သန်လှပလျက်ရှိရာ ခရီးသွားဧည့်သည်များ လာရောက်အပန်းဖြေပြီး ရှုခင်းရှုစားရန် ဆွဲဆောင်လျက်ရှိသည်။ (Xinhua) ——————– (Chinese Version) 草原秀色 新华社照片,赤峰(内蒙古),2025年7月22日 夏日的内蒙古草原雨量充沛、水草丰美,吸引游客前来休闲赏景。 1. 7月21日,马群在内蒙古自治区赤峰市巴林右旗大板镇翁根毛都嘎查境内的沙地草原吃草。...
ဂျီနီဗာ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် ၎င်းအဖွဲ့အစည်း၏ ဂါဇာကမ်းမြောင်ဒေသရှိ ဝန်ထမ်းများ နေထိုင်ရာနေရာ တိုက်ခိုက်ခံရမှုအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း၊ အစ္စရေးဘက်က ထိန်းသိမ်းထားသော ၎င်း၏ဝန်ထမ်းများအား ချက်ချင်းပြန်လွှတ်ပေးရန် တိုက်တွန်းကြောင်း WHO ပြောခွင့်ရပုဂ္ဂိုလ် Tarik Jasarevic က ဇူလိုင်...
ကျန့်ယွမ် (ကွေ့ကျိုး)၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် ပြည်သူ့အားကစားဖလား တစ်နိုင်ငံလုံးဆိုင်ရာ နဂါးလှေလှော်ပြိုင်ပွဲကို ဇူလိုင် ၂၂ ရက်တွင် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချန်တုန်းနန် မြောင်လူမျိုး တုန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ကျန့်ယွမ်မြို့ဟောင်း၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ တစ်နိုင်ငံလုံး ဒေသအသီးသီးမှ နဂါးလှေလှော်အဖွဲ့...
ဗလာဒီဗော့စ်တော့ခ်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) “တရုတ်-ရုရှား ပင်လယ်သမုဒ္ဒရာ သိပ္ပံသုတေသန ပူးတွဲလုပ်ဆောင်မှု” စတင်ခြင်းအခမ်းအနားကို ဇူလိုင် ၂၂ ရက်တွင် ရုရှားနိုင်ငံ အရှေ့ဖျားဆိပ်ကမ်းမြို့ ဗလာဒီဗော့စ်တော့ခ်၌ ကျင်းပခဲ့သည်။ နှစ်နိုင်ငံမှ သိပ္ပံသုတေသနဝန်ထမ်းများက ဇူလိုင် ၂၃ ရက်တွင် ရုရှား Akademik M.A. Lavrentyev...
ဝါရှင်တန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိနေသော ဖိလစ်ပိုင်သမ္မတ မားကို့စ်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ရရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၂၂ ရက်တွင် ဆိုရှယ်မီဒီယာ၌ ရေးသားဖော်ပြ၍ ကြေညာခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်အပေါ် ဈေးကွက် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး စည်းကြပ်ခွန် ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း၊ အမေရိကန်ဘက်မှမူ ဖိလစ်ပိုင်မှ...
ပေကျင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွတည်ဆောက်ခြင်းသည် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်သည့် အဆင့်သစ်သို့ ရောက်ရှိပြီကြောင်း၊ တရုတ်နိုင်ငံသည် ဘက်အသီးသီးနှင့်အတူ ဆက်လက်၍ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့်အတူတကွတည်ဆောက်ခြင်းကို နက်ရှိုင်းခိုင်မြဲလာစေရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဇူလိုင် ၂၂ ရက်က ပြောကြားခဲ့သည်။...
ဝါရှင်တန်/ပဲရစ်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) အမေရိကန်အနေဖြင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) မှ နုတ်ထွက်သွားမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Tammy Bruce က ဇူလိုင် ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းသည် အမေရိကန်က...