ပဲရစ်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ၂၀၅၀ ခုနှစ်ရောက်လျှင် ကမ္ဘာ့ကုန်းမြေ၏ ၉၀ ရာခိုင်နှုန်းသည် ယိုယွင်းသွားနိုင်ပြီး ဇီဝမျိုးစုံမျိုးကွဲများနှင့် လူသားတို့၏နေထိုင်မှုအပေါ် ကြီးမားသော အန္တရာယ် ဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ဇူလိုင် ၁ ရက်တွင် သတိပေးခဲ့ကြောင်း...
ဖနွမ်းပင်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်အကူအညီပေးသော တတိယအသုတ် တရုတ်တိုင်းရင်းဆေးကုသရေးအဖွဲ့သည် ဇူလိုင် ၂ ရက်တွင် ဖနွမ်းပင်မြို့သို့ ရောက်ရှိလာပြီး ပြည်ပနိုင်ငံများသို့ တစ်နှစ်တာ ဆေးဘက်ဆိုင်ရာ အကူအညီပေးရေးမစ်ရှင်ကို စတင်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ တိုင်းရင်းဆေးပညာစီမံအုပ်ချုပ်ရေးဌာန၏ ခွင့်ပြုချက်ဖြင့် အဖွဲ့ဝင်စုစုပေါင်း ၈ ဦးပါဝင်သည့်...
ပေကျင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) အကြမ်းဖက်တိုက်ခိုက်ခံရမည်ကို စိုးရိမ်၍ အမေရိကန် စစ်ဘက်ဆိုင်ရာက ဥရောပရှိ အမေရိကန် စစ်အခြေစိုက်စခန်းများ၏ တပ်လှန့်မှုကို ဇွန် ၃၀ ရက်က ဒုတိယအဆင့်အထိ တိုးမြှင့်ထားကြောင်း အမေရိကန် အရာရှိတစ်ဦးက ယင်းနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ စစ်အခြေစိုက်စခန်းများတွင် ဂျာမနီနိုင်ငံ Stuttgart...
ပေကျင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် “လူငယ်လူရွယ်များ လက်တွဲအတူ လျှောက်လှမ်းမည်” အမေရိကန် လူငယ် ကိုယ်စားလှယ်အဖွဲ့အား သတင်းစကားပါးခဲ့သည်။ သမ္မတ ရှီက တရုတ်-အမေရိကန် ဆက်ဆံရေးသည် ပြည်သူတွင် ရှိသလို ပြည်သူတွင်ပင် အခြေတည်ကြောင်း၊ အနာဂတ်သည် လူငယ်များတွင် ရှိသလို...
ဝါရှင်တန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် “၂၀၂၀ ရွေးကောက်ပွဲ၌ ဝင်ရောက်စွက်ဖက်ခြင်း” နှင့် ပတ်သက်သည့် အမှုများတွင် ပြစ်မှုဆိုင်ရာ တရားစွဲဆိုခြင်းကို အတိုင်းအတာတစ်ခုအထိ ကင်းလွတ်ခွင့် ရရှိကြောင်း အမေရိကန်နိုင်ငံ တရားရုံးချုပ်က ဇူလိုင် ၁ ရက်တွင် ချမှတ်ခဲ့သည်။ ထို့နောက်...
ဆိုးလ်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်သစ် “Hwasongpho-11 Da-4.5” ကို မြောက်ကိုရီးယား ဒုံးကျည်ရေးရာ ရုံးချုပ်က ဇူလိုင် ၁ ရက်တွင် အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြောင်း၊ အဆိုပါ ဒုံးကျည်သည် အလေးချိန် ၄.၅ တန် ရှိသော ဧရာမ ဒုံးကျည်ထိပ်ဖူးကို...
ဘူဒါပတ်စ် ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ဟန်ဂေရီနိုင်ငံသည် ခြောက်လကြာ ဥရောပသမဂ္ဂ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ဇူလိုင် ၁ ရက်တွင် လွှဲပြောင်းရယူခဲ့ကြောင်း သိရသည်။ (Xinhua) ……………………………………. (Chinese Version) 匈牙利接任欧盟轮值主席国 布达佩斯,2024年7月2日 匈牙利7月1日接任欧盟轮值主席国,为期六个月。 图说:这是7月1日在匈牙利布达佩斯拍摄的欧盟委员会驻匈牙利代表处大楼外景。 新华社发(弗尔季·奥蒂洛摄)
ဂျေရုဆလမ်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) အစ္စရေးတပ်၏ ဟားမက်စ်ကို ချေမှုန်းမှုက “နောက်ဆုံးအဆင့်” သို့ ရောက်ရှိနေပြီဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့တွင် အစ္စရေးတပ်၏ တိုက်ခိုက်မှုများက “ကြီးမားသည့် အောင်မြင်မှု” ရရှိခဲ့ပြီးဖြစ်ရာ ဟားမက်စ်ကို...
ဗီယင်ကျန်း၊ ဇွန် ၂ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ လာအိုနိုင်ငံသို့ ဖြတ်သန်းသွားလာမည့် ခရီးသွားကုမ္ပဏီအဖွဲ့အစည်းများ၊ သာမန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သည့် တရုတ်ပြည်မကြီးနှင့် တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအို ၊ ထိုင်ဝမ် ခရီးသွားအဖွဲ့များအတွက် ၁၅...
တိုကျို၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီသည် H3 ဒုံးပျံအမှတ် ၃ အား ဇူလိုင် ၁ ရက်တွင် လွှတ်တင်ခဲ့ပြီး အဆင့်မြင့်မြေပြင်စောင့်ကြည့်ရေးဂြိုဟ်တု “Daichi4 (ALOS-4)” ကို သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ အောင်မြင်စွာ လွှတ်တင်ခဲ့သည်။ ယင်းမှာ ဂျပန်နိုင်ငံ မျိုးဆက်သစ် ပင်မသယ်ဆောင်ရေးဒုံးပျံဖြင့် ပထမဆုံးအကြိမ်...