ဂျေရုဆလမ်၊ မေ ၄ ရက် (ဆင်ဟွာ) အစ္စရေးနှင့် သွင်းကုန်ပို့ကုန် ကုန်သွယ်ရေးလှုပ်ရှားမှုများ အားလုံးယာယီရပ်ဆိုင်းသည့် တူရကီ၏ ဆုံးဖြတ်ချက်အပေါ် တန်ပြန် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၃ ရက်တွင် ကြေညာခဲ့သည်။ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနသည် စီးပွားရေးဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာနတို့နှင့်...
ပေကျင်း၊ မေ ၃ ရက် (ဆင်ဟွာ) မေ ၄ ရက်တွင် ကျရောက်မည့် တရုတ်နိုင်ငံလူငယ်များနေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပါတီဗဟိုကော်မတီကိုယ်စား နိုင်ငံတစ်ဝန်းရှိ လူငယ်များအား ယင်းနေ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် စိတ်ရင်းမှန်ဖြင့် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။...
ဟိုင်ခို၊ မေ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) ၏ လနှင့်အာကာသ စူးစမ်းရှာဖွေရေး အင်ဂျင်နီယာစင်တာမှ ဦးဆောင်ပြုလုပ်သော Chang’e-6 မစ်ရှင် နိုင်ငံတကာ Payload များဆိုင်ရာ ဆွေးနွေးပွဲကို မေ ၃ ရက်တွင် ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။...
အန်ကာရာ၊ မေ ၃ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်တွင် အစ္စရေး၏ လှုပ်ရှားမှုများကြောင့် ယင်းဒေသရှိ လူသားချင်းစာနာထောက်ထားမှုကပ်ဘေး ဆက်တိုက် ဆိုးရွားလျက်ရှိခြင်းကြောင့် အစ္စရေးနှင့် သွင်းကုန်ပို့ကုန် ကုန်သွယ်ရေးအားလုံးကို ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု တူရကီ ကုန်သွယ်ရေးဝန်ကြီးဌာနက မေ ၂ ရက်၌ ကြေညာခဲ့သည်။ တူရကီနိုင်ငံသည် ဧပြီ...
ပေကျင်း၊ မေ ၃ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ ပါဝင်တက်ရောက်ရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၏ကြေညာချက်အပေါ် သတင်းထောက်၏ မေးမြန်းမှုအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၂ ရက်၌ ပြန်လည်ဖြေကြားခဲ့သည်။ “ ဒီနှစ် ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ ထိုင်ဝမ်ကို လေ့လာသူအဖြစ် ပါဝင်တက်ရောက်ဖို့ ဖိတ်ခေါ်ရန်...
ဘိုဂိုတာ၊ မေ ၂ ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံအနေဖြင့် မေ ၂ ရက်မှစ၍ အစ္စရေးနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်သွားမည် ဖြစ်သည်ဟု ကိုလံဘီယာ သမ္မတ Gustavo Petro က မြို့တော် ဘိုဂိုတာ၌ မေ ၁ ရက်တွင် ကြေညာခဲ့သည်။ ယခုလို...
ကုလသမဂ္ဂ၊ မေ ၂ ရက် (ဆင်ဟွာ) အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှု (ဟားမက်စ်) လူသားချင်းစာနာထောက်ထားရေး အပစ်အခတ် ရပ်စဲမှု စသည့် သဘောတူညီချက်များရရှိအောင် ဆောင်ရွက်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဧပြီ ၃၀ ရက် သတင်းစာရှင်းလင်းပွဲတွင် တိုက်တွန်းပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်တွင်...
ကုလသမဂ္ဂ၊ မေ ၂ ရက် (ဆင်ဟွာ) ပါလက်စတိုင်း-အစ္စရေးပြဿနာတွင် အမေရိကန်နိုင်ငံက ဗီတိုအာဏာကို အကြိမ်ကြိမ် အလွဲသုံးစားလုပ်ခဲ့ကြောင်း ထောက်ပြ၍ ယင်းမှာ တာဝန်ယူမှုရှိသော နိုင်ငံကြီးအနေဖြင့် မလုပ်သင့်ကြောင်း ဗီတိုအာဏာ အသုံးပြုမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် Fu Cong က...
မိန်ကျိုး၊ မေ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ ဖူကျန့်ပြည်နယ်သို့သွားသော ကွမ်တုန်းပြည်နယ် မိန်သာ့အမြန်လမ်း K11+900 မီတာအနီးတွင် မေ ၁ ရက် နံနက် ၂ နာရီ ၁၀ မိနစ်အချိန်ခန့်က အမြန်လမ်းမြေပြိုမှုဖြစ်ပွားခဲ့ကြောင်း၊ မေ ၂ ရက် နံနက် ၅ နာရီ...
ဂျေရုဆလမ်၊ ဧပြီ ၃၀ရက် (ဆင်ဟွာ) ပါလက်စတိုင်းနှင့်အတူ အပစ်အခတ် ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်ရန် အစ္စရေး ကိုယ်စားလှယ်အဖွဲ့ကို ဧပြီ ၃၀ ရက်တွင် အီဂျစ်သို့ စေလွှတ်မည်ဖြစ်ကြောင်း အစ္စရေး အစိုးရ တာဝန်ရှိသူများက ဧပြီ ၂၉ ရက်၌ ဆင်ဟွာ သတင်းဌာနမှ သတင်းထောက်အား အတည်ပြုပြောကြားခဲ့ကြောင်း၊...