Connect with us

Media

စမတ်နည်းပညာသုံးအရေးပေါ် တရုတ်ရိုးရာတိုင်းရင်းဆေးဖော်စပ်ပေးသည့်ယာဉ်

နန်နင်း၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းတွင် မကြာသေးမီက ပြီးစီးခဲ့သည့် ၉ ကြိမ်မြောက် အခြေခံဆေးဘက်ဝင်ပစ္စည်းများ ပူးပေါင်းထုတ်လုပ်ရေး ပြပွဲ၌ တရုတ်နိုင်ငံ၏ ရိုးရာတိုင်းရင်းဆေးကို စမတ်နည်းပညာများဖြင့် ပေါင်းစပ်အသုံးပြုကာ ဖော်စပ်ပေးသည့် အရေးပေါ်ဆေးဝါးထုတ်လုပ်ရေးမော်တော်ယာဉ်တစ်စင်းကိုလည်း ပြသခဲ့သည်။
တရုတ်ရိုးရာတိုင်းရင်းဆေးဝါးများကို ဖော်စပ်ထုတ်ပိုးသည့်ကိရိယာကို တရုတ်နိုင်ငံရှိ မြို့များစွာ၌ COVID-19 တိုက်ဖျက်ရာတွင် အသုံးပြုခဲ့သည်။
ပြပွဲတွင် ရိုးရာတိုင်းရင်းဆေးကို စမတ်နည်းပညာအသုံးပြုကာ ဖော်စပ်ပေးသော အရေးပေါ်ဆေးဝါးထုတ်လုပ်ရေး မော်တော်ယာဉ်အား ထုတ်လုပ်သည့် Chengdu Yuheng Intelligent Technology Co.,Ltd မှ ဈေးကွက်မြှင့်တင်ရေးမန်နေဂျာ Hu Wenke က “တိုင်းရင်းဆေးဖော်စပ်မယ့် အရေးပေါ်ဆေးဝါးထုတ်လုပ်ရေးမော်တော်ယာဉ်ကို ကျွန်တော်တို့ ကုမ္ပဏီတစ်ခုတည်းက အမျိုးသားမူပိုင်ခွင့်နဲ့ ထုတ်လုပ်ထားတာပါ။ ကားပေါ်မှာ တိုင်းရင်းဆေးကုန်ကြမ်းအမယ်ပေါင်း ၃၀၀ ကျော်ပါဝင်တာကြောင့် ဆေးရုံတွေက ညွှန်းလိုက်တဲ့ ဆေးစာမှာပါတဲ့ အခြေခံပါဝင်ပစ္စည်းအကုန်လုံးကို ရနိုင်ပါတယ်၊ ဒီမော်တော်ယာဉ်စနစ်ထဲကို အီလက်ထရောနစ်ဆေးစာ ပို့လိုက်တာနဲ့ ဆေးပေးတဲ့သူက “ဖော်စပ်ရန်” ဆိုတဲ့ခလုတ်လေးကို နှိပ်လိုက်ရုံပါပဲ၊ ဒီလိုနဲ့ မကြာခင်မှာ အညွှန်းထဲက ဆေးဝါးတွေ စင်ပေါ်ကို အဆင်သင့်ပို့ဆောင်ပေးနိုင်အောင် ဆောင်ရွက်ထားပါတယ်။ ဆေးဘူးပေါ်မှာ ဘားကုတ်ပါဝင်ပြီးတော့ အဲဒီဘားကုတ်ကို စကန် (Scan) ထပ်ဖတ်ပြီး ပါဝင်တဲ့ဆေးအမယ်တွေကို အလိုအလျောက် မရောစပ်မီမှာ နောက်တစ်ကြိမ် တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်၊ ဆရာဝန်ရဲ့ ဆေးစာကိုလည်း တစ်ပါတည်း ပရင့် (Print) ထုတ်ပေးပါတယ်၊ ဒီလိုနဲ့ လိုအပ်တဲ့ဆေးဝါးတွေ အဆင်သင့်ဖြစ်အောင်ဆောင်ရွက်ပေးတာပါ။ ဒီစနစ်က သိပ်ပြီးတော့အဆင်ပြေစေပါတယ်။ အရေးပေါ်ဆေးဝါးထုတ်လုပ်ရေးမော်တော်ယာဉ်ဟာ တရုတ်ရိုးရာတိုင်းရင်းဆေးဖော်စပ် ရာမှာ အခက်အခဲတွေကိုဖြေရှင်းပေးနိုင်ပြီးတော့ ဆေးရုံရဲ့ ဝန်ဆောင်မှုပေးတဲ့ဒေသတိုင်းကို ကျယ်ပြန့်ထိရောက်စွာ သွားရောက်ဝန်ဆောင်မှုပေးနိုင်ပါတယ်” ဟုဆိုသည်။ (Xinhua)

…………………..
(English Version)
GLOBALink | Mobile smart emergency pharmacy for TCM applied in China’s anti-pandemic efforts

NANNING, Oct. 18 (Xinhua) — A mobile emergency smart pharmacy for traditional Chinese medicine (TCM) was under the spotlight at the freshly-concluded 9th Alliance of Co-construction of Medicinal Materials Bases in Nanning, capital of south China’s Guangxi Zhuang Autonomous Region. #GLOBALink
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.