Connect with us

Media

ဆူနာမီရိုက်ခတ်မှုဒဏ်ခံရသည့် တွန်ဂါနိုင်ငံသို့ တရုတ်နိုင်ငံက ကယ်ဆယ်ရေး ပစ္စည်းများထောက်ပံ့

ဆူဗာ ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

မကြာသေးခင်က မီးတောင်ပေါက်ကွဲမှုနှင့် ဆူနာမီဒဏ်တို့ကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ရသည့် တွန်ဂါနိုင်ငံကို တရုတ်နိုင်ငံက ယွမ် ၁ မီလီယံ (U.S ဒေါ်လာ ၁၅၇,၉၀၀) တန်ကြေးရှိသည့် ကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းများကို ဖီဂျီနိုင်ငံမှ တစ်ဆင့် သင်္ဘောဖြင့် ပို့ဆောင်ပေးခဲ့သည်။

“ကျွန်တော်အခု ဖီဂျီနိုင်ငံရဲ့ မြို့တော် Suvaမှာ ရှိတဲ့ Walu Bay ငါးဖမ်းဆိပ်ကမ်းမှာ ရောက်နေပါတယ်။ကျွန်တော့်နောက်က ပစ္စည်းတွေကတော့ တရုတ်နိုင်ငံက လှူဒါန်းထားတဲ့ ကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းတွေပါ။
ဒါတွေကို တွန်ဂါနိုင်ငံကို ဒီသင်္ဘော နှစ်စီးနဲ့ ပို့ဖို့ အဆင်သင့်ဖြစ်နေပါပြီ။”

ဇန်နဝါရီလ ၁၄ရက်နှင့် ၁၅ရက်က တွန်ဂါနိုင်ငံ၏ Hunga Tonga – Hunga Ha’apai ကျွန်းတွင် မီးတောင် ပြင်းထန်စွာ ပေါက်ကွဲမှုကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးပြီး သေကြေထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။
မီးတောင်ပြင်းထန်စွာ ပေါက်ကွဲပြီးနောက် ဆူနာမီလှိုင်းများဖြစ်ပေါ်ခဲ့ပြီး တွန်ဂါနိုင်ငံ အထိနာခဲ့သည်။
တွန်ဂါနိုင်ငံမှ ကီလိုမီတာ ၅၀၀ ခန့် အကွာတွင်ရှိသည့် ဖီဂျီနိုင်ငံလည်း မီးတောင်ပေါက်ကွဲမှု ဒဏ်ကိုခံစားခဲ့ရပြီး တွန်ဂါနိုင်ငံကို အကူအညီအထောက်အပံများ ပေးပို့ရန်အတွက် အချက်အခြာနိုင်ငံ ဖြစ်လာသည်။

“တရုတ်နိုင်ငံဟာ နောက်ထပ်အကူအညီ အထောက်အပံ့တွေပေးဖို့အတွက် အမြဲအသင့်ရှိနေတယ်။
ကျွန်တော်တို့ တရုတ်လူမျိုးတွေဟာကိုယ်ပြောတဲ့စကားကိုယ် တည်အောင် အမြဲထိန်းပါတယ်။
တရုတ်နိုင်ငံနဲ့ ပစိဖိတ်‌ကျွန်းနိင်ငံတွေက ကျယ်ပြန့်တဲ့ မဟာဗျူဟာစီးပွားဖက် နိုင်ငံတွေဖြစ်ကြတယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့ အမြဲအလေးထားပါတယ်။
ဒီနေ့မှာ ကျွန်တော်တို့ဟာ အဲဒီအချက်ကို လက်တွေ့လုပ်ဆောင်မှုနဲ့ သက်သေပြခဲ့တယ်လို့ ထင်ပါတယ်။
ဖီဂျီနိုင်ငံဟာ တွန်ဂါနိုင်ငံနဲ့ ပိုနီးပြီး ဆက်စပ်မှုရှိပါတယ်။
၂၁ရာစု ရပ်၀န်းနဲ့ပိုးလမ်းမစီမံကိန်း ပဏာမခြေလှမ်းရဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ပိုးလမ်းမမှာ ဖီဂျီနိုင်ငံဟာ မဟာဗျူဟာကျတဲ့ ဆုံချက်နိုင်ငံ ဖြစ်ပါတယ်။
၎င်းဟာ ပစိဖိတ်ကျွန်းနိုင်ငံတွေကြား အရေးပါသော နိုင်ငံလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ တွန်ဂါ နိုင်ငံကို အကူအညီချက်ချင်းပေးဖို့နဲ့ ကူညီရန်စည်းရုံးလှုံ့ဆော်ပေး
ဖို့ တာ၀န်ရှိပါတယ်။”

“ဖီဂျီနိုင်ငံရှိ တရုတ်နိုင်ငံသံရုံးက တွန်ဂါနိုင်ငံကို အရောက်ပို့ဖို့ ကယ်‌ဆယ်ရေးအထောက်အပံ့ပစ္စည်းတွေ အပ်နှံခဲ့ပါတယ်။ တွန်ဂါနိုင်ငံရဲ့ ကပ်ဘေးဆိုက်မှုကို လျော့ပါးသက်သာစေပြီး တွန်ဂါပြည်သူတွေကို ကူညီဖို့ အတွက်ပါ။
ကျွန်တော်တို့ရဲ့ တာ၀န် အောင်မြင်ဖို့အတွက် ဘယ်လိုကြိုးစားအားထုတ်မှုမျိုးကိုမဆို လုပ်ဆောင်မှာပါ။”

—————————————
(English Version)
GLOBALink | China ships relief supplies to tsunami-hit Tonga
China shipped relief supplies worth 1 million yuan (157,900 U.S. dollars) on Monday from Fiji to Tonga, which has suffered heavy damage from the recent volcanic eruptions and tsunami.
Produced by Xinhua Global Service■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.