Connect with us

CHINA

တရုတ်နိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းသို့ COVID-19 ကာကွယ်ဆေးအကြိမ်ရေ သန်း ၅၀၀ စာ ထောက်ပံ့ပေးထား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ မေ ၁၂ ရက်က စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် တရုတ်နိုင်ငံက လှူဒါန်းသည့် COVID-19 ကာကွယ်ဆေးများ ရောက်ရှိလာစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် နိုင်ငံတကာအဖွဲ့အစည်း နှင့် နိုင်ငံပေါင်း ၁၀၀ ကျော်အား COVID-19 ကာကွယ်ဆေး အကြိမ်ရေ သန်း ၅၀၀ စာ နှင့် အသက်ရှူစက်များ ထောက်ပံ့ပေးခဲ့ကြောင်း ၊ ယင်းမှာ လက်ရှိကမ္ဘာလုံးဆိုင်ရာ COVID-19 ကာကွယ်ဆေးထုတ်လုပ်မှု၏ ခြောက်ပုံတစ်ပုံခန့် ပမာဏ ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၉ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာစီးပွားရေးရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Guo Xuejun က ဆင်ဟွာနှင့် ပြုလုပ်သော တွေ့ဆုံ မေးမြန်းမှုတွင် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးစွမ်းရည်ကို တိုးချဲ့ရန် ကာကွယ်ဆေးထုတ်လုပ်ရာတွင် တရုတ်နိုင်ငံက အခြားဖွံ့ဖြိုးဆဲနိုင်ငံများအား တက်ကြွစွာ ထောက်ပံ့ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက COVID-19 ကာကွယ်ဆေးများအတွက် ပြည်တွင်း နှင့် ပြည်ပ လိုအပ်ချက်များအား အမြဲတမ်းကူညီဆောင်ကြဉ်းပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ဆေးအမျိုးသားရေးဝါဒကို ဆန့်ကျင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံအစိုးရ၏ အကူအညီဖြင့် တရုတ်ကာကွယ်ဆေးလုပ်ငန်းများသည် ယူအေအီး ၊ အင်ဒိုနီးရှား ၊ မလေးရှား ၊ အီဂျစ် ၊ ဘရာဇီး ၊ တူရကီ ၊ ပါကစ္စတန် နှင့် မက္ကဆီကိုနိုင်ငံတို့အပါအဝင် နိုင်ငံများတွင် အလုံးရေ သန်း ၂၀၀ ကျော် ထုတ်လုပ်မှုနှင့်အတူ ပူးတွဲကာကွယ်ဆေးထုတ်လုပ်ရေး အစီအစဉ်ကို လုပ်ဆောင်ခဲ့ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် Guo Xuejun က ပြောကြားခဲ့သည်။

နိုင်ငံ ၁၄၀ အနက် တရုတ်နိုင်ငံ နှင့် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးထားသည့် ၈၄ နိုင်ငံသည် ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်ကာကွယ်ဆေးများ အသုံးပြုရန်အဆိုပြုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပြီး တရုတ်နိုင်ငံသည် ယင်းနိုင်ငံများအားလုံးကို ကောင်းမွန်သည့် တုန့်ပြန်မှုများ ပြုလုပ်ခဲ့ကာ ကာကွယ်ဆေးများ ထောက်ပံ့ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အနာဂတ်တွင် တရုတ်နိုင်ငံသည် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ၊ စီးပွားရေး ပြန်လည်ထူထောင်ရေးကို မြှင့်တင်ခြင်း နှင့် ကပ်ရောဂါတိုက်ဖျက်ရေးအား ကြီးမားသည့်အထောက်အပံ့ ပြုလုပ်ရန် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာကွယ်ဆေး အသုံးပြုနိုင်ခြင်း နှင့် လက်လှမ်းမီခြင်းတို့အား ထပ်မံတိုးတက်စေရန် အဖွဲ့အစည်း အားလုံးနှင့် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် Guo Xuejun က ပြောကြားခဲ့သည်။ (Xinhua)
————————————
(English Version)
China provides 500 million COVID-19 vaccine doses to int’l community
BEIJING, July 10 (Xinhua) — China has provided more than 100 countries and international organizations with 500 million doses of COVID-19 vaccines and concentrates, accounting for one-sixth of the current global COVID-19 vaccine production, a Foreign Ministry official told Xinhua on Friday.
Guo Xuejun, deputy director-general of the department of international economic affairs at the Foreign Ministry, said during an interview with Xinhua that China has also actively supported other developing countries in producing vaccines to expand the global vaccine capacity.
China has always accommodated domestic and foreign needs for COVID-19 vaccines, said Guo, adding that China opposes vaccine nationalism.
With the help of the Chinese government, Chinese vaccine enterprises have carried out joint vaccine production in countries including the UAE, Indonesia, Malaysia, Egypt, Brazil, Turkey, Pakistan and Mexico, with production exceeding 200 million doses, Guo said.
Among the 140 countries that have signed Belt and Road cooperation documents with China, 84 countries have proposed introducing Chinese vaccines in the first half of this year, said Guo, adding that China has made a positive response to all these countries and provided vaccines.
Guo said that in the future China will continue to work with all parties to enhance vaccine cooperation, further improve the accessibility and affordability of vaccines in developing countries to make a greater contribution to fighting the pandemic and promoting economic recovery. ■
Photo – A forklift unloads China-donated COVID-19 vaccines from a military transport plane shortly after it landed in Dhaka, Bangladesh, on May 12, 2021. (Xinhua)