Connect with us

Africa & Middle East

အာဖဂန်ပြည်နယ်များသို့ တရုတ်နိုင်ငံက ကူညီထောက်ပံ့သည့် စားနပ်ရိက္ခာများအား ပို့ဆောင်

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ ဇန်နဝါရီ ၂၂ ရက်တွင် ထရပ်ကားတစ်စီးပေါ်သို့ တရုတ်နိုင်ငံက ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှု စားနပ်ရိက္ခာများအား တင်ဆောင်နေစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ၏ အိမ်စောင့်အစိုးရသည် တရုတ်နိုင်ငံက ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှု စားနပ်ရိက္ခာများအား နိုင်ငံအတွင်းရှိ ပြည်နယ် ၃၄ ခုအနက် ပြည်နယ် ၁၀ ခုထက်မနည်းကို ဇန်နဝါရီ ၂၂ ရက်တွင် စတင်ပေးပို့ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ Faryab ပြည်နယ် Maimana မြို့၌ ဇန်နဝါရီ ၁၀ ရက်တွင် ဒေသခံများက တရုတ်နိုင်ငံက လှူဒါန်းသည့် ကယ်ဆယ်ရေးအကူအညီများအား လက်ခံရယူနေစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ Faryab ပြည်နယ် Maimana မြို့၌ ဇန်နဝါရီ ၁၀ ရက်တွင် ဒေသခံများက တရုတ်နိုင်ငံက လှူဒါန်းသည့် ကယ်ဆယ်ရေးအကူအညီများအား လက်ခံရယူနေစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ ဇန်နဝါရီ ၂၂ ရက်တွင် ထရပ်ကားတစ်စီးပေါ်သို့ တရုတ်နိုင်ငံက ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှု စားနပ်ရိက္ခာများအား တင်ဆောင်နေစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ Faryab ပြည်နယ် Maimana မြို့၌ ဇန်နဝါရီ ၁၀ ရက်တွင် ဒေသခံများက တရုတ်နိုင်ငံက လှူဒါန်းသည့် ကယ်ဆယ်ရေးအကူအညီများအား လက်ခံရယူနေစဉ်(ဆင်ဟွာ)

ဆန်တန်ချိန် ၄၄၀ တန် အပါအဝင် ထောက်ပံ့မှုများအား အများဆုံး ဘေးဒဏ်သင့်သည့် ပြည်နယ် ၁၀ ခုသို့ ထရပ်ကား အစီး ၂၀ ဖြင့် ပို့ဆောင်သွားမည် ဖြစ်ကြောင်း ဒုက္ခသည်များ နှင့် နေရပ်ပြန်ပို့ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Abdul Mutalib Haqqani က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှု စားနပ်ရိက္ခာများအား လာမည့်ရက်များအတွင်း အခြားပြည်နယ်များသို့ ထပ်မံပို့ဆောင်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ Abdul Mutalib Haqqani က အာဖဂန်နစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံက လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့များ အသုတ်အများအပြားအား လက်ခံရရှိခဲ့ပြီး ဖြစ်ကြောင်း နှင့် ဝန်ကြီးဌာနသည် ပြည်နယ် ၃၄ ခုရှိ ဘေးဒဏ်သင့်ပြည်သူများအား ပစ္စည်းအကူအညီများ ပေးပို့လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ယင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

မကြာသေးမီက အာဖဂန်ပြည်နယ်အများအပြားရှိ ထောင်နှင့်ချီသော ဆင်းရဲချို့တဲ့သူများသည် တရုတ်နိုင်ငံက ကူညီထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်းများအား လက်ခံရရှိခဲ့သည်။ ပြည်နယ်အဆင့် ဒုက္ခသည်များ နှင့် နေရပ်ပြန်ပို့ရေး ဌာနခွဲမှ တာဝန်ရှိသူများက စစ်တမ်းကောက်ယူ စာရင်းသွင်းထားသည့် Faryab ပြည်နယ်ရှိ ခိုကိုးရာမဲ့ပြည်သူ ၁,၁၀၀ သည် ဇန်နဝါရီ ၁၀ ရက်တွင် ပြည်နယ်၏ မြို့တော် Maimana မြို့၌ အကူအညီပစ္စည်းထုတ်များ လက်ခံရရှိခဲ့ကြောင်း ဌာနခွဲခေါင်းဆောင် Saifuddin Jahadi က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အစားအစာမဟုတ်သည့် ပစ္စည်းထုတ်များတွင် စောင်များ ၊ အနွေးထည်များ နှင့် ဆပ်ပြာများ ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံရဲ့ အကူအညီကို ကျွန်တော်အရမ်းတန်ဖိုးထားပါတယ်။ဆောင်းရာသီအကူအညီက ဒီလိုအေးပြီး ခက်ခဲတဲ့နေ့ရက်တွေမှာ ကျွန်တော်တို့ရဲ့ပြသနာတွေ တော်တော်များများကို ဖြေရှင်းပေးခဲ့ပါတယ်။တရုတ်ပြည်သူတွေက အရင်ကထဲက အိမ်နီးချင်းကောင်း ၊ မိတ်ဆွေကောင်း ဖြစ်ခဲ့ပါတယ်။”ဟု ဒေသခံ Attiqullah က ပစ္စည်းထုတ်အား လက်ခံရရှိပြီးနောက် ဆင်ဟွာသို့ ပြောကြားခဲ့သည်။

Kunduz ပြည်နယ်၌ လူပေါင်း ၃၀၀ ခန့်သည် ဇန်နဝါရီ ၁၀ ရက်တွင် အလားတူ အကူအညီပစ္စည်းထုတ်များအား လက်ခံရရှိခဲ့ကြောင်း ယဉ်ကျေးမှု နှင့် ပြန်ကြားရေး ပြည်နယ်ဌာနခွဲခေါင်းဆောင် Matihullah Rohani ထံမှ သိရသည်။
၂၀၂၁ ခုနှစ် ဩဂုတ်လလယ်ပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံအား တာလီဘန်တို့က သိမ်းယူပြီးချိန်မှစ၍ ဆင်းရဲနွမ်းပါးသည့်နိုင်ငံသည် စီးပွားရေးအဆင်မပြေမှုများ ကြုံတွေ့ခံစားခဲ့ရကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မကြာသေးမီက အာဖဂန်နစ္စတန်နိုင်ငံသို့ စားသောက်ကုန် ၊ COVID-19 ကာကွယ်ဆေးများ နှင့် အနွေးထည်များ အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အသုတ်များအား ပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

# #Afghanistan #aid #တရုတ်နိုင်ငံ #အာဖဂန်နစ္စတန်နိုင်ငံ #အကူအညီ #ဆင်ဟွာ #Xinhua #Myanmar #xinhuamyanmar
—————————–
(English Version)
China-aided food supplies transported to Afghan provinces: official
KABUL, Jan. 23 (Xinhua) — Afghanistan’s caretaker government began to deliver the China-aided humanitarian food supplies on Saturday to at least 10 provinces of the country’s 34 provinces, an official said Saturday.
The supplies including 440 tons of rice will be shipped by 20 trucks to 10 most vulnerable provinces, Abdul Mutalib Haqqani, spokesman for the Ministry of Refugees and Repatriation, told Xinhua here.
He also said that other shipments of the China-aided humanitarian food supplies will be transported to other provinces in the coming days.
Haqqani said that Afghanistan had received several batches of humanitarian supplies donated by China, and that the ministry was sending the material aid to the vulnerable people in the country’s 34 provinces. He expressed gratitude to China for the humanitarian assistance.
Recently, thousands of needy people in several Afghan provinces received China-aided relief items. In Faryab province, 1,100 destitute people who were surveyed and registered by officials from the provincial directorate of refugees and repatriation received the assistance packages in Maimana, the capital of northern Faryab province, on Jan. 10, head of the directorate Saifuddin Jahadi told Xinhua.
The non-food packages included blankets, winter jackets and washing soaps, he said.
“I appreciate China’s help so much. The winter assistance has solved a lot of our problems in these cold and difficult days. The Chinese people has been a good neighbor and friend for long,” local resident Attiqullah told Xinhua after receiving a package.
In Kunduz province, about 300 people received similar assistance packages on Jan. 10, according to Matihullah Rohani, head of the provincial directorate of culture and information.
Since Taliban’s takeover of Afghanistan in mid-August 2021, the impoverished country has suffered economic woes.
China has recently sent batches of humanitarian assistance including foodstuff, COVID-19 vaccines and winter clothes to the Central Asian country. ■
Photo 1 – Workers load China-aided humanitarian food supplies onto a truck in Kabul, Afghanistan, Jan. 22, 2022. Afghanistan’s caretaker government began to deliver the China-aided humanitarian food supplies on Saturday to at least 10 provinces of the country’s 34 provinces, an official said Saturday.
The supplies including 440 tons of rice will be shipped by 20 trucks to 10 most vulnerable provinces, Abdul Mutalib Haqqani, spokesman for the Ministry of Refugees and Repatriation, told Xinhua here.
China has recently sent batches of humanitarian assistance including foodstuff, COVID-19 vaccines and winter clothes to the Central Asian country. (Photo by Saifurahman Safi/Xinhua)
Photo 2 – People receive relief assistance donated by China in Maimana, capital of Faryab province, Afghanistan, Jan. 10, 2022. Afghanistan’s caretaker government began to deliver the China-aided humanitarian food supplies on Saturday to at least 10 provinces of the country’s 34 provinces, an official said Saturday.
The supplies including 440 tons of rice will be shipped by 20 trucks to 10 most vulnerable provinces, Abdul Mutalib Haqqani, spokesman for the Ministry of Refugees and Repatriation, told Xinhua here.
China has recently sent batches of humanitarian assistance including foodstuff, COVID-19 vaccines and winter clothes to the Central Asian country. (Photo by Qamaruddin Poya/Xinhua)
Photo 3 – People receive relief assistance donated by China in Maimana, capital of Faryab province, Afghanistan, Jan. 10, 2022. Afghanistan’s caretaker government began to deliver the China-aided humanitarian food supplies on Saturday to at least 10 provinces of the country’s 34 provinces, an official said Saturday.
The supplies including 440 tons of rice will be shipped by 20 trucks to 10 most vulnerable provinces, Abdul Mutalib Haqqani, spokesman for the Ministry of Refugees and Repatriation, told Xinhua here.
China has recently sent batches of humanitarian assistance including foodstuff, COVID-19 vaccines and winter clothes to the Central Asian country. (Photo by Qamaruddin Poya/Xinhua)
Photo 4 – Workers load China-aided humanitarian food supplies onto a truck in Kabul, Afghanistan, Jan. 22, 2022. Afghanistan’s caretaker government began to deliver the China-aided humanitarian food supplies on Saturday to at least 10 provinces of the country’s 34 provinces, an official said Saturday.
The supplies including 440 tons of rice will be shipped by 20 trucks to 10 most vulnerable provinces, Abdul Mutalib Haqqani, spokesman for the Ministry of Refugees and Repatriation, told Xinhua here.
China has recently sent batches of humanitarian assistance including foodstuff, COVID-19 vaccines and winter clothes to the Central Asian country. (Photo by Saifurahman Safi/Xinhua)
Photo 5 – People receive relief assistance donated by China in Maimana, capital of Faryab province, Afghanistan, Jan. 10, 2022. Afghanistan’s caretaker government began to deliver the China-aided humanitarian food supplies on Saturday to at least 10 provinces of the country’s 34 provinces, an official said Saturday.