Connect with us

Asia

“တရုတ်နိုင်ငံက ကျွန်တော်တို့အတွက် စံပြဖြစ်ကြောင်း” ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအဖွဲ့ ဝန်ကြီးပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီမံကိန်းဝန်ကြီး MA Mannan အား အွန်လိုင်းအစည်းအဝေးတစ်ခု တက်ရောက်နေသည်ကို ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အထင်ကြီးဖွယ်ဖြစ်ပြီး ကမ္ဘာကြီးအတွက် လိုက်နာရန် စံပြဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီမံကိန်းဝန်ကြီး MA Mannan က ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၄ ရက်က အွန်လိုင်းဟောပြောပွဲ၌ ဧည့်သည်တော်အဖြစ် စကားပြောကြားစဉ် ဝန်ကြီးက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဝန်ကြီးသည် ဘင်္ဂလားဒေ့ရှ်-တရုတ် ကျောင်းသားဟောင်းများအသင်း (ABCA) မှ ဦးစီးကျင်းပသော အွန်လိုင်းဟောပြောပွဲတွင် အခြားဧည့်သည်တော် အမြောက်အများနှင့်အတူ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက်မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပို့ကုန်များအား တရုတ်နိုင်ငံသို့ စည်းကြပ်ခွန် ၉၇ ရာခိုင်နှုန်းအတွက် အကောက်ခွန်ကင်းလွတ်ခွင့် ခွင့်ပြုပေးခြင်းအတွက် တရုတ်နိုင်ငံ အစိုးရကို ကျေးဇူးတင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်-တရုတ် ဆက်ဆံရေး ပိုမိုခိုင်မာလာစေရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ၏ ချေးငွေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကမ္ဘာ့ချေးငွေ စုစုပေါင်းတွင် သေးငယ်သောပမာဏအဖြစ်သာ ပါဝင်ကြောင်း ပြောကြားလျက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရုတ်နိုင်ငံ၏ “ကြွေးမြီထောင်ချောက်” တွင် ကျရောက်နေသည်ဟူသော ပြောကြားချက်အပေါ် ဝန်ကြီးက ပယ်ချခဲ့သည်။

“အကယ်၍ ကျွန်တော်တို့သာ ထောင်ချောက်ထဲကျနေတယ်ဆိုရင် ကျွန်တော်တို့ရဲ့ နိုင်ငံခြားငွေကြေးလဲလှယ်မှုတွေက ဘယ်လိုလုပ်ကောင်းလာမလဲ” ဟု ၎င်းက ပြောခဲ့သည်။

“ကျွန်တော်တို့ စဉ်းစားတယ်။ ငွေချေးယူတယ်။ ဒါက ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်မှုအတွက် မိတ်ဆွေတွေဆီကနေ ချေးယူရပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
“China role model for us to follow,” says Bangladesh gov’t minister
Source: Xinhua| 2021-10-05 12:27:02|Editor: huaxia
DHAKA, Oct. 5 (Xinhua) — China’s development is impressive and has set a role model for the world to follow, Bangladesh Planning Minister MA Mannan said.
The minister made the remarks on Monday while speaking as the chief guest at a webinar marking the 72nd anniversary of the founding of the People’s Republic of China.
The minister was joined by dozens of guests in the webinar, organized by the Association of Bangladesh-China Alumni (ABCA).
He thanked the Chinese government for allowing Bangladesh exports to China Duty-Free Quota Free access for 97 percent of its tariff lines from July 1, 2020, adding that he looked forward to further strengthening the Bangladesh-China relationship.
Meanwhile, the minister refuted the claim that Bangladesh is falling into a Chinese “debt trap,” saying China’s loans only comprise a small fraction of Bangladesh’s total global debt.
“If we’re in trap how our foreign exchange reserves are booming?” he said.
“We think and we borrow. That’s our decision. We borrow from friends for our developments,” he added. Enditem
Photo : Bangladeshi Planning Minister MA Mannan speaks at a webinar titled “Showcase Bangladesh 2021: Bangladesh China Investment summit” in Dhaka, Bangladesh on Jan. 25, 2021. (Xinhua)