Connect with us

Africa & Middle East

တရုတ်နိုင်ငံက လက်ဘနွန်နိုင်ငံအား စွမ်းအင်စီမံကိန်းများဖြင့် ကူညီရန် အဆင်သင့်ရှိကြောင်း သံအမတ်ကြီးပြောကြား

လက်ဘနွန်နိုင်ငံ Bekaa တောင်ကြား၌ စက်တင်ဘာ ၁၆ ရက်တွင် အီရန်လောင်စာဆီသယ်ဆောင်လာသည့် ဆီတင်ယာဉ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဘေရွတ် ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားပြတ်လပ်မှု ကြုံတွေ့နေရချိန်တွင် နိုင်ငံရှိ စွမ်းအင်စီမံကိန်းများတွင် ယင်း၏ ကုမ္ပဏီများအား ပါဝင်ရေး တရုတ်နိုင်ငံက အားပေးတိုက်တွန်းသွားရန် အဆင်သင့်ရှိကြောင်း လက်ဘနွန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Qian Minjian က နိုဝင်ဘာ ၁ ရက်တွင် ပြောကြားခဲ့ကြောင်း လက်ဘနွန်နိုင်ငံရှိ တရုတ်နိုင်ငံသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

သံအမတ်၏ ရည်ညွှန်းပြောဆိုမှုသည် လက်ဘနွန်နိုင်ငံ စွမ်းအင်ဝန်ကြီး Walid Fayad နှင့် တရုတ်-လက်ဘနွန် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအလားအလာကို ဆွေးနွေးသည့် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
လက်ဘနွန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Qian Minjian က နှစ်နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီးတွင် အပြန်အလှန် ပံ့ပိုးကူညီမှု နှင့် အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုတို့အား ချီးကျူးခဲ့ကြောင်း သိရသည်။

လက်ဘနွန်နိုင်ငံ စွမ်းအင်ဝန်ကြီး Walid Fayad က လက်ဘနွန်နိုင်ငံအား ကာလရှည်ကြာသော ထောက်ပံ့မှုအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ရေ နှင့် စွမ်းအင်ဆိုင်ရာ ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်ရန် ၎င်း၏ မျှော်လင့်ချက်အား ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
China ready to assist Lebanon with energy projects: ambassador
BEIRUT, Nov. 1 (Xinhua) — Chinese Ambassador to Lebanon Qian Minjian said on Monday that China is ready to encourage its companies to participate in energy projects in Lebanon amid shortage of power supply in the country, according to a statement by the Chinese Embassy in Lebanon.
The ambassador’s remarks came during his meeting with Lebanese Energy Minister Walid Fayad to discuss the potential of cooperation between the two countries.
Qian praised the traditional friendship and mutual support in various fields between China and Lebanon.
For his part, Fayyad thanked China for its long-term support for Lebanon, expressing his hope to advance cooperation in the fields of energy and water. Enditem
Photo – Tanker trucks carrying Iranian gas oil are seen in Bekaa, Lebanon, on Sept. 16, 2021. Lebanon received on Thursday tanker trucks carrying Iranian gas oil in a move aimed at easing energy shortages in the country, al-Manar local TV channel reported. A vessel carrying Iranian oil docked in Syria on Sunday, and the oil was unloaded in trucks and sent by land to the Bekaa Valley. (Xinhua/Bilal Jawich)