Connect with us

China

တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှု ခရီးစဉ် ၄၀,၀၀၀ ကျော်အထိ ပြေးဆွဲပြီးပြီဖြစ်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်၊ ရှီးအန်းမြို့ရှိ ရှီးအန်း နိုင်ငံတကာ ကုန်တင်စခန်းမှ ထွက်ခွာလာသည့် X9041 ရထားအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှုသည် ခရီးစဉ်ပေါင်း ၄၀,၀၀၀ ကျော်အထိ ရောက်ရှိလာပြီဖြစ်ကာ တင်ပို့ခဲ့သော ကုန်စည်များမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်ရှိခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

၂၀၁၁ ခုနှစ် မတ်တွင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်မှ ပထမဆုံး တရုတ်-ဥရောပ ကုန်တင်ရထား ထွက်ခွာလာခဲ့ချိန်မှစ၍ ယင်းဝန်ဆောင်မှုသည် ဥရောပနိုင်ငံ ၂၂ နိုင်ငံရှိ မြို့ပေါင်း ၁၆၀ ကျော်ထံ ရောက်ရှိသွားပြီဖြစ်ကြောင်း ရပ်ဝန်းနှင့် ပိုးလမ်းမ ဖွံ့ဖြိုးတိုးတက်မှု အဆင့်မြှင့်တင်ရေး ဦးဆောင်အဖွဲ့ရုံး၏ အလုပ်သဘော ကွန်ဖရင့်၌ ဖော်ပြချက်အရ သိရသည်။

တိုက်ချင်းဆက် ရထားလမ်းကြောင်းသည် တရုတ်နိုင်ငံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်တွင် ပါဝင်သော နိုင်ငံများအကြား ကုန်သွယ်မှုမြှင့်တင်ရန် ယင်းအဆိုပြုချက်၏ အရေးပါသော အစိတ်အပိုင်းအဖြစ် ထည့်သွင်းစဉ်းစားထားကြောင်း သိရသည်။

COVID-19 ကပ်ရောဂါသည် ပင်လယ်နှင့် လေကြောင်း ပို့ဆောင်မှုကို ဟန့်တားနေချိန်တွင် ကုန်တင်ရထားဝန်ဆောင်မှုသည် ဘေးကင်းစိတ်ချမှု၊ တည်ငြိမ်မှုနှင့် ထိရောက်မှုများ ရှိခြင်းကြောင့် ကမ္ဘာ့ထောက်ပံ့ပို့ဆောင်မှုများ၌ ယုံကြည်စိတ်ချရသော ရွေးချယ်မှုအဖြစ် ပေါ်ထွက်လာခဲ့သည်။

ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်း တန် ၉၄,၀၀၀ ခန့်အား ယင်းလမ်းကြောင်းမှတစ်ဆင့် ပို့ဆောင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းနှင့် ကုန်စည်ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်စေရန် အထောက်အကူပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ဖရင့်က နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ခိုင်မာမှုအတွက် အလေးထားလျက် သယ်ယူပို့ဆောင်ရေး ဆောင်ရွက်နိုင်မှု ထူထောင်ရန်နှင့် သယ်ယူပို့ဆောင်ရေး ထိရောက်မှု မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုများ ပိုမိုဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က ရထားများသည် ခရီးစဉ်ပေါင်း ၁၂,၄၀၆ ခု ပြေးဆွဲခဲ့ရာ ယမန်နှစ်ကထက် ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အချက်အလက်များက ဖော်ပြထားသည်။ (Xinhua)

————————————
(English Version)
China-Europe freight-train service records over 40,000 trips
Source: Xinhua| 2021-06-20 21:54:35|Editor: huaxia
BEIJING, June 20 (Xinhua) — The China-Europe freight-train service has recorded more than 40,000 trips, with the transported goods valued at over 200 billion U.S. dollars, official data shows.
Since the first China-Europe freight train left southwest China’s Chongqing Municipality in March 2011, the service has reached more than 160 cities in 22 European countries, according to a work conference of the office of the leading group on advancing Belt and Road development.
The intercontinental rail route is considered a significant part of the Belt and Road Initiative to boost trade between China and countries participating in the initiative.
When the COVID-19 pandemic impeded sea and air transport, the freight-train service emerged as a reliable choice in global logistics thanks to its safety, stability and efficiency.
Around 94,000 tonnes of anti-pandemic supplies was sent through the route, which helped to stabilize the global industrial and supply chains, according to the office.
The conference called for further efforts to step up transportation capacity and enhance transportation efficiency, stressing the strengthening of international cooperation.
The trains made 12,406 trips last year, up 50 percent year on year, the data shows. Enditem
Photo : The X9041 train leaves Xi’an International Port for Kazakhstan in Xi’an, northwest China’s Shaanxi Province, April 13, 2021. Xi’an, capital of northwest China’s Shaanxi Province, on Tuesday saw the 1,000th China-Europe freight train trip this year. (Xinhua/Li Yibo)