Connect with us

CHINA

တရုတ် PLA က COVID-19 ရောဂါတိုက်ဖျက်ရေး နိုင်ငံပေါင်း ၅၀ ကျော်မှ စစ်တပ်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က လှူဒါန်းသည့် Sinopharm COVID-19 ကာကွယ်ဆေးများ ပါရှိသည့် သေတ္တာများအား သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ Bandaranaike အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၂၁ ခုနှစ် ဩဂုတ် ၂၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၀ ရက်(ဆင်ဟွာ)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ပြည်တွင်းကပ်ရောဂါထိန်းချုပ်ရေး အပြည့်အဝ ပံ့ပိုးကူညီနေစဉ်အတွင်း ကမ္ဘာအနှံ့ COVID-19 ရောဂါတိုက်ဖျက်ရေးအတွင် တက်ကြွသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ် ၉ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်တပ်မတော်သည် ပါကစ္စတန် ၊ ကမ္ဘောဒီးယား ၊ မွန်ဂိုလီးယား နှင့် အီကွေတိုရီရယ်ဂီနီ နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်မှ စစ်တပ်များအတွက် COVID-19 ကာကွယ်ဆေးအကူအညီ ထောက်ပံ့ပေးခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နှင့် ပြည်သူ့လက်နက်ကိုင်ရဲတပ်ဖွဲ့ ၏ ကိုယ်စားလှယ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Wu Qian က ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်၏ ပဥ္စမမြောက်အစည်းအဝေးသို့ တက်ရောက်ရာတွင် ပြောကြားခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)သည် ဆေးဝါးအထောက်အကူများ ပေးအပ်ခြင်း ၊ ကျွမ်းကျင်ပညာရှင်အဖွဲ့များအား စေလွှတ်ခြင်း နှင့် ဗိုင်းရပ်နှိမ်နှင်းရေး အတွေ့အကြုံအား မျှဝေရန် virtual အစည်းအဝေးများ ပြုလုပ်ခြင်းတို့ဖြင့် ရောဂါတိုက်ဖျက်ရေးအတွင် နိုင်ငံပေါင်း ၅၀ ကျော်မှ စစ်တပ်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုသို့ ကြိုးပမ်းမှုများအတွင်း တရုတ်တပ်မတော်သည် ပြည်ပ ကာကွယ်ရေးတာဝန်ရှိသူများ ၊ စစ်တပ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာမည် ဖြစ်ပြီး အားလုံးအတွက် ကမ္ဘာ့ကျန်းမာရေးအသိုက်အဝန်း တည်ဆောက်ရေးအား အထောက်အကူပြုနိုင်ကြောင်း ပြောရေးဆိုခွင့်ရှိသူ Wu Qian က ပြောကြားခဲ့သည်။ (Xinhua)
……………………………

(English Version)

Chinese PLA cooperates with militaries of over 50 countries in COVID-19 fight: spokesperson
BEIJING, March 10 (Xinhua) — The Chinese People’s Liberation Army (PLA) has played an active role in the global fight against COVID-19 while fully supporting domestic epidemic containment, a military spokesperson said Wednesday.
The Chinese military has provided COVID-19 vaccine aid for the militaries of over 30 countries, including Pakistan, Cambodia, Mongolia and Equatorial Guinea, said Wu Qian, spokesperson for the delegation of the People’s Liberation Army and People’s Armed Police Force attending the fifth session of the 13th National People’s Congress.
The PLA has cooperated with militaries of more than 50 countries in fighting the disease by offering medical supplies, dispatching expert teams and holding virtual meetings to share anti-virus experience, he said.
The Chinese military will strengthen cooperation with foreign defense authorities and militaries in these trying times, and promote the building of a global community of health for all, Wu said. ■
Photo – Boxes containing Sinopharm COVID-19 vaccines donated by the People’s Liberation Army (PLA) of China are seen at Bandaranaike International Airport in Colombo, Sri Lanka, on Aug. 28, 2021. (Ministry of Defense of Sri Lanka/Handout via Xinhua)