Europe
ဒွန်ဘတ်စ်သို့ ပြည်ပစေတနာ့ဝန်ထမ်းများ စေလွှတ်ရေး ပူတင် ခွင့်ပြု
မော်စကို၊ မတ် ၁၂ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က ဒွန်ဘတ်စ်ဒေသသို့ စစ်ရေးအကူအညီများ ပံ့ပိုးပေးရန် ပြည်ပမှ စေတနာ့ဝန်ထမ်းများအား ခွင့်ပြုရေးအကြံဉာဏ်ကို ထောက်ခံကြောင်း မတ် ၁၁ ရက်က ပြောကြားခဲ့သည်။အနောက်နိုင်ငံများနှင့် ယူကရိန်းနိုင်ငံတို့သည် ကြေးစားစစ်သားများ စုစည်းအသုံးပြုခြင်းနှင့် ၎င်းတို့အား ယူကရိန်းသို့ စေလွှတ်နေခြင်းမှာ ဖုံးကွယ်ထား၍မရကြောင်း ပူတင်က ရုရှားလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
“လွတ်မြောက်ရေးလှုပ်ရှားမှုတွင် ပါဝင်လိုခြင်းကြောင့်” Lugansk and Donetsk သို့ လာရောက်လိုသည့် “နိုင်ငံအသီးသီးရှိ စေတနာ့ဝန်ထမ်းအမျိုးမျိုးထံမှ လျှောက်ထားမှု အမြောက်အများ” လက်ခံရှိခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Sergei Shoigu က ပူတင်အား ပြောကြားခဲ့သည်။
“အရေအတွက်အများဆုံးကတော့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကပါ။ လျှောက်ထားမှုပေါင်း ၁၆,၀၀၀ ကျော်ရှိပါတယ်” ဟု Shoigu အစီရင်ခံခဲ့သည်။
“အကယ်၍ သင်ဟာ အထူးသဖြင့် ငွေကြေးအတွက်မဟုတ်ဘဲ အခြေခံစေတနာ့ဝန်ထမ်းလုပ်လိုတဲ့သူတွေကို တွေ့မြင်ချင်တယ်ဆိုရင် ဒွန်ဘတ်စ်ကိုလာခဲ့ပြီး အဲဒီကပြည်သူတွေကို ကူညီလိုက်ပါ။ လမ်းခုလတ်မှာပဲ သူတို့နဲ့တွေ့ဆုံနိုင်မှာဖြစ်ပြီး စစ်မက်ဇုန်ကနေ သူတို့ရွှေ့ပြောင်းပေးဖို့ အထောက်အကူဖြစ်စေမှာပါ” ၎င်း၏ အစီရင်ခံစာကို ကြားနာပြီးနောက် ပူတင်က ပြောခဲ့သည်။
ထိုပြင် ယူကရိကန်းနိုင်ငံရှိ ရုရှားစစ်တပ်မှ သိမ်းဆည်းရမိသော အနောက်နိုင်ငံထုတ် လက်နက်များအား ဒွန်ဘတ်စ်ရှိ တပ်ဖွဲ့များထံ လွှဲပြောင်းပေးရေး Shoigu ၏ ရှေ့ပြေးအစီအစဉ်ကိုလည်း ပြန်လည်ပြောကြားခဲ့သည်။ (Xinhua)
………………………………………………
(English Version)
Putin approves sending foreign volunteers to Donbass
Source: XinhuaEditor: huaxia2022-03-11 19:21:37
MOSCOW, March 11 (Xinhua) — Russian President Vladimir Putin said Friday that he supported the idea of allowing volunteers from abroad to provide military assistance to Donbass.
Western countries and Ukraine do not hide that they are gathering mercenaries and sending them to Ukraine, Putin said at a meeting with permanent members of Russia’s Security Council.
Russian Defense Minister Sergei Shoigu told Putin that he had received “a huge number of applications from various kinds of volunteers from different countries” who would like to come to Lugansk and Donetsk in order to “participate in what they consider a liberation movement.”
“The largest number is from the Middle Eastern countries. There are already more than 16,000 applications,” Shoigu reported.
“If you see that there are people who want on a voluntary basis, especially not for money, to come and help people living in Donbass, you need to meet them halfway and help them move to the war zone,” Putin said after listening to his report.
Putin also backed Shoigu’s initiative to transfer Western-made weapons captured by the Russian military in Ukraine to the forces of Donbass. ■