Connect with us

Europe

အကြမ်းဖက်ပြောစကားများကြောင့် Instagram အသုံးပြုခွင့် ရုရှားကန့်သတ်

ရုရှားသမ္မတဗလာတီမာပူတင်က ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပသည့် Valdai Discussion Club ၏ ၁၇ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၌ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့စဉ် (ဓာတ်ပုံ-- Kremlin photo)

မော်စကို၊ မတ် ၁၂ ရက် (ဆင်ဟွာ)

အစိုးရရှေ့နေချုပ်ရုံး၏ တောင်းဆိုချက်အရ ရုရှားနိုင်ငံ၌ အမေရိကန်လူမှုကွန်ရက်ဖြစ်သော Instagram
အသုံးပြုခွင့်ကို ကန့်သတ်သွားမည်ဟု ရုရှား တယ်လီကွန်းစောင့်ကြည့်ရေးအဖွဲ့ Roskomnadzor က မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
Instagram က စစ်သားများ အပါအဝင် ရုရှားနိုင်ငံသားများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်ရန် တိုက်တွန်းထားသော အချက်အလက်များအား ဖြန့်ချိနေကြောင်း Roskomnadzor က အကျဉ်းချုပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူမှုကွန်ရက်များဖြစ်သော Facebook နှင့် Instagram တို့၏ မိခင်ကုမ္ပဏီဖြစ်သည့် Meta Platforms Inc., သည် ယူကရိန်းနိုင်ငံ၌ ရုရှား၏ စစ်ဆင်ရေးကို တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံသားများထံ အကြမ်းဖက်သော ပြောစကားများဖြင့် ရေးသားဖော်ပြချက်များကို တင်ရန်ခွင့် ပြုထားကြောင်း သိရသည်။ (Xinhua)

—————————-
(English Version)

Russia to restrict access to Instagram due to violent speeches
MOSCOW, March 11 (Xinhua) — Russia’s telecom watchdog Roskomnadzor said Friday that it will limit the access to U.S. social network Instagram in Russia, as was required by the Prosecutor General’s Office.
Instagram distributes materials which call for committing violent acts against Russian citizens, including military personnel, Roskomnadzor said in a brief statement.