Connect with us

Economy

တရုတ်နိုင်ငံ၏ လေကြောင်းကုန်စည်သယ်ယူပို့ဆောင်ရေးက ဇန်နဝါရီလတွင် ကပ်ရောဂါမတိုင်မီအဆင့်အထိ ရောက်ရှိလုနီးပါး အနေအထားဖြစ်

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့ရှိ Haikou Meilan အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဟိုင်နန်လေကြောင်းလိုင်းမှ ကုန်တင်လေယာဉ်တစ်စင်းအား ၂၀၂၁ ခုနှစ် မတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ လေကြောင်းကုန်စည်ပို့ဆောင်ရေးသည် ဇန်နဝါရီလက တင်ပို့မှုပမာဏသည် ကပ်ရောဂါမတိုင်မီအဆင့်နီးပါးအထိ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်၌ ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။လေကြောင်းဖြင့် သယ်ယူပို့ဆောင်ခဲ့သော ကုန်စည်နှင့် ချောပို့ပမာဏမှာ ဇန်နဝါရီလက ခန့်မှန်းခြေ တန်ချိန်ပေါင်း ၆၅၄,၀၀၀ သို့မဟုတ် ၂၀၁၉ ခုနှစ်က အလားတူကာလ၌ ရှိခဲ့သော ပမာဏာ၏ ၉၇.၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်းဦးစီးဌာန (CAAC) မှ သတင်းစာရှင်းလင်းပွဲအရ သိရသည်။

ပြန်လည်နာလန်ထူမှုအဆင့်မှာလည်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ပွိုင့် ၆.၆ ရာခိုင်နှုန်း များလာခဲ့ကြောင်း ဦးစီးဌာနက ဖော်ပြထားသည်။ထို့ပြင် ဇန်နဝါရီ ပမာဏမှာလည်း လွန်ခဲ့သောတစ်လအကြာမှ ၁.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ သို့ရာတွင် ယခင်နှစ် အလားတူကာလထက် ၂.၃ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း သိရသည်။
မြို့ပြလေကြောင်းလုပ်ငန်းသည် ဇန်နဝါရီလက ခရီးသည်ခရီးစဉ်ပေါင်း ၂၉.၅၁ သန်း လက်ခံပြေးဆွဲခဲ့ပြီး ယမန်နှစ်ကထက် ၂.၂ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း CAAC အချက်အလက်များက ဖော်ပြထားသည်။ (Xinhua)
——————————————-
(English Version)

China’s air cargo transport nears pre-pandemic levels in January
Source: Xinhua
Editor: huaxia
2022-02-16 19:27:34
BEIJING, Feb. 16 (Xinhua) — China’s air cargo transport rebounded to near pre-pandemic levels in January, official data showed on Wednesday.
The volume of cargo and mail transported by air was approximately 654,000 tonnes in January, or 97.3 percent of the amount recorded in the same period in 2019, according to a Civil Aviation Administration of China (CAAC) press conference.
The degree of recovery expanded 6.6 percentage points from December 2021, the administration said.
The January volume was a 1.1 percent increase from a month ago, but a 2.3 percent drop from the same period last year.
CAAC data also shows that the civil aviation industry handled 29.51 million passenger trips last month, down 2.2 percent year on year. ■
Photo : A cargo flight of Hainan Airlines is seen at Haikou Meilan International Airport in Haikou, south China’s Hainan Province, March 26, 2021. (Xinhua/Pu Xiaoxu)