Connect with us

Africa & Middle East

စစ်တပ်က ပြည်သူကို သေနတ်ဖြင့် ဘယ်သောအခါမှ ချိန်ရွယ်မည်မဟုတ်ဟု ဆူဒန်ခေါင်းဆောင် ပြောကြား

ဆူဒန်နိုင်ငံ၏ အသွင်ကူးပြောင်းရေး အချုပ်အခြာအာဏာပိုင်ကောင်စီ ဥက္ကဋ္ဌ Abdel Fattah Al-Burhan အား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ခါတွန် ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

ဆူဒန်နိုင်ငံ၏ အသွင်ကူးပြောင်းရေးအချုပ်အခြာအာဏာပိုင်ကောင်စီ ဥက္ကဋ္ဌ Abdel Fattah Al-Burhan က စစ်တပ် နှင့် အခြား ဆက်စပ်တပ်ဖွဲ့များသည် ၎င်းတို့ ကိုင်ဆောင်ထားသည့် လက်နက်များဖြင့် ၎င်းတို့၏ ပြည်သူများအား ဘယ်သောအခါမှ ချိန်ရွယ်မည်မဟုတ်ဟု ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ဆူဒန်စစ်တပ်၏ စစ်ဦးစီးချုပ်လည်း ဖြစ်သူ Al-Burhan က နိုင်ငံ၏ မြို့တော် ခါတွန်မြို့၏ အနောက်ဘက် Omdurman မြို့ရှိ Wadi Seidna စစ်ဘက်ဆိုင်ရာနယ်မြေသို့ သွားရောက်စစ်ဆေးချိန်တွင် ထိုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆူဒန်နိုင်ငံ ခါတွန်မြို့ရှိ လမ်းများပေါ်တွင် ဆန္ဒထုတ်ဖော်နေသည့် ဆူဒန်ပြည်သူများအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကို နိုင်ငံကို ဆောင်ကြဉ်းပေးနိုင်ဖို့ နိုင်ငံလုံးဆိုင်ရာ သဘောတူညီချက်အတွက် နိုင်ငံရေးအစိတ်အပိုင်းတွေအားလုံးဆီကို လက်တွေ ဆန့်ပေးထားပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံ နှင့် စစ်တပ်၏ ဦးဆောင်မှုသည် နိုင်ငံလုံးဆိုင်ရာသဘောတူညီချက်အရ သို့မဟုတ် ရွေးကောက်ခံအစိုးရအဖွဲ့ထံ အာဏာလွှဲပြောင်းပေးရုံသာ ရှိကြောင်း ထပ်မံအလေးထား ပြောကြားခဲ့သည်။

ဆူဒန်စစ်တပ်၏ စစ်ဦးစီးချုပ် Abdel Fattah Al-Burhan က ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက် တွင် အရေးပေါ်အခြေအနေကြေညာခဲ့ပြီး အချုပ်အခြာအာဏာပိုင်ကောင်စီနှင့် အစိုးရကို တရားဝင်ဖျက်သိမ်းခဲ့ပြီးနောက် ဆူဒန်နိုင်ငံသည် နိုင်ငံရေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ထိုအချိန်မှစ၍ အတိုက်အခံအုပ်စုများသည် အရပ်သားအုပ်ချုပ်မှုကို တောင်းဆိုရန် မြို့တော် ခါတွန်မြို့ နှင့် အခြားမြို့များတွင် လူထုဆန္ဒပြမှုများအား အမြဲမပြတ် ပြုလုပ်နေကြောင်း သိရသည်။ (Xinhua)

——————————————-
(Chinese Version)
Sudanese leader says military never points gun at people

KHARTOUM, Feb. 16 (Xinhua) — Chairman of Sudan’s Transitional Sovereign Council Abdel Fattah Al-Burhan on Wednesday said that the armed forces and other regular forces would never point their weapons to their own people.
Al-Burhan, also the general commander of the Sudanese Armed Forces, made the remarks when inspecting Wadi Seidna military area in Omdurman city, west of the capital Khartoum.

“Hands are extended to all political components for national consensus, in a bid to bring the country to free and fair elections,” said Al-Burhan.

He further stressed that the leadership of the country and the armed forces would only hand over power to an elected government or by national consensus.

Sudan has been suffering a political crisis after Al-Burhan declared a state of emergency on Oct. 25, 2021 and dissolved the Sovereign Council and the government.

Since then, opposition groups have been staging regular mass protests in Khartoum and other cities to demand civilian rule. ■

Photo 1 – In the photo, taken on Nov. 21, 2021, in Khartoum, Sudan, Chairman of Sudan’s Transitional Sovereign Council Abdel Fattah Al-Burhan speaks after signing a political declaration with Sudan’s Prime Minister Abdalla Hamdok and reappointing him as prime minister. (Xinhua /Mohamed Khidir)

Photo 2 – Sudanese citizens demonstrate on the street in Khartoum, Sudan, Dec. 30, 2021. Mass protests started in the Sudanese capital Khartoum and other cities on Thursday to demand civilian rule. (Xinhua/Mohamed Khidir)