Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဖိလစ်ပိုင်နိုင်ငံခြားဝန်ကြီးနှင့် အပြန်အလှန်ဆက်ဆံရေးအပေါ် ဆွေးနွေးမှုများ ပြုလုပ်

တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin နှင့် အန်ဟွေးပြည်နယ် Tunxi ဒေသ၌ ဧပြီ ၃ ရက်တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

ဟဲဖေ ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အလည်အပတ်ရောက်ရှိလာသည့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin နှင့် တရုတ်နိုင်ငံ အရှေ့ပိုင်း အန်ဟွေးပြည်နယ် Tunxi ဒေသ၌ ဧပြီ ၃ ရက်တွင် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝမ်ရိက တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံအား ၎င်းတို့၏ အိမ်နီးချင်းသံခင်းတမန်ခင်းတွင် ဦးစားပေးနိုင်ငံတစ်နိုင်ငံအဖြစ် အမြဲတမ်းလက်ခံထားကြောင်း နှင့် ဖိလစ်ပိုင်နိုင်ငံအပေါ် တရုတ်နိုင်ငံ၏ အိမ်နီးချင်းကောင်း နှင့် ချစ်ကြည်ရင်းနှီးသော မူဝါဒအား စဉ်ဆက်မပြတ် တည်ငြိမ်မှုကို ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။

နှစ်ဘက်လုံးက အနှောင့်အယှက်များအား ဖယ်ရှားသင့်ပြီး ကွဲပြားချက်များအား အေးအေးဆေးဆေး နှင့် မှန်မှန်ကန်ကန် ကိုင်တွယ်သင့်ကြောင်း နှင့် တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေး၏ အလုံးစုံအခြေအနေအား မထိခိုက်စေသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံနှင့် အဓိကကျသောအခြေခံအဆောက်အအုံစီမံကိန်းများ တည်ဆောက်ခြင်းကို အရှိန်မြှင့်တင်ရန် အဆင်သင့် ရှိကြောင်း နှင့် ဖိလစ်ပိုင်နိုင်ငံ၏ လိုအပ်ချက်အတိုင်း ပြည်သူ့ကျန်းမာရေးပူးဆောင်ရွက်မှု မြှင့်တင်ခြင်း နှင့် COVID-19 ကာကွယ်ဆေး အကူအညီများ ဆက်လက်ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin က ဖိလစ်ပိုင်-တရုတ်ဆက်ဆံရေးသည် ပို၍ပြီးပြည့်စုံလာခဲ့ပြီး အပြန်အလှန်လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုမှာ သမိုင်းဝင်ရလဒ်များ ရရှိခဲ့ပြီးကြောင်း ၊ နှစ်ဘက်လုံးအတွက် ရေရှည်ခိုင်မာသော အကျိုးကျေးဇူးများ ယူဆောင်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

တာဝန်သိသော နိုင်ငံတစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် လွတ်လပ်ခြင်း နှင့် ငြိမ်းချမ်းသောဖွံ့ဖြိုးတိုးတက်မှုကို ကတိကဝတ်ပြုထားပြီး ရှုပ်ထွေးသောကမ္ဘာကြီးတွင် စံနမူနာအသစ်တစ်ခုကို ချမှတ်ပေးကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ၎င်းတို့၏ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် ဒေသတွင်း အခြားနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ယခင်ကတည်းက အားပေးခဲ့ကြောင်း နှင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုတွင် အစားမထိုးနိုင်သောကဏ္ဍတွင် ပါဝင်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

နှစ်ဘက်လုံးက တောင်တရုတ်ပင်လယ်ကိစ္စရပ်အပေါ် အမြင်များ ဖလှယ်ခဲ့ကြပြီး အပြန်အလှန်ဆက်ဆံရေးတွင် ရေကြောင်းသွားလာမှုနှင့် စပ်ဆိုင်သောကိစ္စရပ်များအား သင့်လျော်သောအနေအထားတစ်ခု၌ ထားရှိသင့်သည်ဟု သဘောထားခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Chinese FM holds talks with Philippine counterpart on bilateral ties
HEFEI, April 4 (Xinhua) — Chinese State Councilor and Foreign Minister Wang Yi held talks on Sunday with visiting Philippine Foreign Secretary Teodoro Locsin in Tunxi, east China’s Anhui Province.
Wang said China always takes the Philippines as a priority in its neighborhood diplomacy, and China’s good-neighborly and friendly policy toward the Philippines has maintained continuity and stability.
The two sides should remove disturbances, calmly and properly manage differences and not let them affect the overall situation of China-Philippines relations, Wang said.
China is ready to speed up the construction of key infrastructure projects with the Philippines, and continue to provide COVID-19 vaccine assistance and enhance public health cooperation according to the need of the Philippines, Wang said.
Locsin said Philippine-China relations have become increasingly mature and bilateral practical cooperation has achieved historic results, bringing lasting benefits to both sides.
As a responsible major country, China is committed to independence and peaceful development, setting a new example in a turbulent world, Locsin said, adding that China has long promoted the development of other countries in the region through its own development and played an irreplaceable role in global economic growth.
The two sides exchanged views on the South China Sea issue and held that maritime issues should be placed in an appropriate position in bilateral relations. ■
Photo – Chinese State Councilor and Foreign Minister Wang Yi holds talks with Philippine Foreign Secretary Teodoro Locsin in Tunxi, east China’s Anhui Province, April 3, 2022. (Xinhua/Zhou Mu)