Africa & Middle East
အီဂျစ်နိုင်ငံကောင်စီရုံးတွင် အမျိုးသမီးတရားသူကြီးများ ပထမဆုံးအကြိမ်အဖြစ် အမှုစစ်ဆေး
ကိုင်ရို ၊ မတ် ၇ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အီဂျစ်နိုင်ငံတော်ကောင်စီရုံး၌ အမျိုးသမီးတရားသူကြီး ၁၀၀ နီးပါးကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း အီဂျစ်တရားစီရင်ရေးအဖွဲ့က မတ် ၆ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
နိုင်ငံတော်ကော်မရှင်နာအာဏာပိုင်အဖွဲ့၏ လုပ်ငန်းခွင်များတွင် တာဝန်ထမ်းဆောင်ရန် ပြီးခဲ့သော နှစ်က သမ္မတအမိန့်ဒီဂရီတစ်ရပ်ဖြင့် ခန့်အပ်ခြင်းခံရသည့် အမျိုးသမီးတရားသူကြီး ၉၈ ယောက်သည် ၂၀၂၂ ခုနှစ် မတ် ၅ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း ကောင်စီဥက္ကဌ Mohamed Mahmoud Hossameldinက ကြေညာချက်တွင် ပြောကြားခဲ့သည်။
” သူတို့ဟာ အမှုကြားနာစစ်ဆေးခြင်း နဲ့ ဥပဒေကြောင်းအရ သဘောထားမှတ်ချက်အစီရင်ခံစာတင်ခြင်းတွေကို လုပ်ရမှာပါ” ဟု ကောင်စီဥက္ကဌက ဆိုသည်။ အဆိုပါ အမျိုးသမီးတရားသူကြီးများအားလုံးသည် တရားစီရင်ထုံးများ နှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာများသင်ယူခြင်း ၊ မေးခွန်းမေးမြန်းခြင်း ၊ ရုံးချိန်းစီမံခန့်ခွဲခြင်း နှင့် နိုင်ငံတော်လုံခြုံရေး နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသော အကြောင်းအရာများကို လေ့လာသင်ယူခြင်းအပါအဝင် စွမ်းဆောင်ရည်မြင့် သင်တန်းများကို အပတ်တကုတ်တက်ရောက်သင်ယူခဲ့ရကြောင်း သိရသည်။
ထိုသို့ အမျိုးသမီးတရားသူကြီးများခန့်အပ်တာဝန်ပေးခြင်းအပေါ် ပညာပေးစည်းရုံးလှုံ့ဆော်မှုအဖွဲ့အစည်းများ ၊ အစိုးရအရာရှိကြီးများ နှင့် အမျိုးသမီးဥပဒေဘက်တော်သားများက ထောက်ခံအားပေးကြိုဆိုခဲ့ကြသည်။
” အီဂျစ်နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးတရားသူကြီးအဖွဲ့ထဲမှာ အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခွင့်ရတဲ့အတွက် ကျွန်မအနေနဲ့သိပ်ကို ဂုဏ်ယူမိပါတယ်” ဟု အသစ်ခန့်အပ်ခံရသော အမျိုးသမီးတရားသူကြီးတစ်ဦးဖြစ်သူ Hend Ahmed က ကိုင်ရိုမြို့ရှိ နိုင်ငံတော်ကောင်စီရုံးတွင် ဒုတိယမြောက်နေ့အဖြစ် တာဝန်ထမ်းဆောင်စဉ် ဆင်ဟွာသတင်းဌာနသို့ အထက်ပါအတိုင်းဖြေကြားခဲ့သည်။
အီဂျစ်အမျိုးသမီးများအနေဖြင့် နယ်ပယ်ကဏ္ဍအမျိုးမျိုးတွင် တာဝန်ထမ်းဆောင်ရန် စွမ်းဆောင်ရန်ရှိကြကြောင်း ၊ မိမိနှင့်အတူ ရာထူးခန့်အပ်ခံရသည့် အမျိုးသမီးတရားသူကြီးများအနေဖြင့် တာဝန်ဝတ္တရားများကို အကောင်းဆုံးထမ်းဆောင်ရင်း ယင်းရာထူးနေရာများသည် ၎င်းတို့နှင့်ထိုက်တန်သည်ကို သက်သေပြကြလိမ့်မည်ဖြစ်ကြောင်း Hend Ahmed က ဆက်လက်ပြောကြားခဲ့သည်။
” အီဂျစ်နိုင်ငံမှာ တရားစီရင်ရေးစနစ်တည့်မတ်ခိုင်မာဖို့အတွက် ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ များစွာသော တာဝန်ယူမှုတာဝန်ခံမှုတွေနဲ့ လုပ်ကိုင်ဆောင်ရွက်သွားရမှာပါ” ဟု ၎င်းက ဆိုသည်။
နိုင်ငံတော်ကောင်စီသည် အီဂျစ်နိုင်ငံ၏ ၂၀၁၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဖွဲ့စည်းတည်ထောင်ထားသည့် လွတ်လပ်သောတရားစီရင်ရေးအာဏာပိုင်အဖွဲ့တစ်ခုဖြစ်ပြီး အငြင်းပွားမှုများ စီရင်ဆုံးဖြတ်ခြင်း ၊ လုပ်ထုံးလုပ်နည်းများဖြင့် အမှုအခင်းများ စီရင်ခြင်း နှင့် အယူခံမှုများ စစ်ဆေးခြင်း တို့အပြင် ၎င်းတို့၏ ဆုံးဖြတ်ချက်များအပေါ် အငြင်းပွားမှုပေါ်ပေါက်ပါက စစ်ဆေးကြားနာခြင်းတို့ကိုလည်း လုပ်ကိုင်ဆောင်ရွက်ရကြောင်း သိရသည်။
ထို့ပြင် တရားသူကြီးများအနေဖြင့် အချို့သော ဥပဒေရေးရာကိစ္စရပ်များတွင် ထင်မြင်ချက်ပေးခြင်း ၊ ပြန်လည်သုံးသပ်မှု သို့မဟုတ် ဥပဒေကြမ်းရေးဆွဲပြဌာန်းခြင်း နှင့် စီရင်ဆုံးဖြတ်ခြင်း ၊ နိုင်ငံတော် သို့မဟုတ် အများပြည်သူနှင့်သက်ဆိုင်သော ကိစ္စရပ်များတွင် ဥပဒေကြမ်းများ ပြန်လည်သုံးသပ်ခြင်းတို့ကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်သည်။
အသစ်ခန့်အပ်ခံရသော အမျိုးသားတရားသူကြီးတစ်ဦးဖြစ်သူ Hossameldin က သူ့အနေဖြင့် လုပ်ငန်းခွင်တွင် လျင်လျင်မြန်မြန်အသားကျရန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ပြီး အရည်အသွေးပြည့်ဝစွာ ဂုဏ်သိက္ခာရှိစွာဖြင့် လုပ်ငန်းတာဝန်များကို ထမ်းရွက်သွားမည်ဟု ပြောကြားခဲ့သည်။
ခန့်အပ်တာဝန်ပေးခြင်းခံရချိန်ကတည်းက ” အမှုကို မှန်မှန်ကန်ကန်စစ်ဆေးကြားနာဖို့ ၊ ဥပဒေကြောင်းအရ အစီရင်ခံစားတွေပြင်ဆင်ဖို့ ၊ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ စေ့စေ့စပ်စပ် ညှိနှိုင်းဆောင်ရွက်တဲ့နေရာမှာ ပါဝင်ဆောင်ရွက်ဖို့ စတာတွေကို သက်သေပြကြမှာပါ ၊ အမျိုးသမီးတရားသူကြီးအားလုံးဟာ စနေနေ့ကစပြီး တရားခွင်မှာ သူတို့ရဲ့ သက်ဆိုင်ရာ လုပ်ငန်းတာဝန်တွေကို အသီးသီး စတင်ထမ်းဆောင်နေကြပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ယင်းမှာ တရားခွင်ပေါ်တွင် ထိုင်နေသော တရားသူကြီးတစ်ဦး၏ လုပ်ပိုင်ခွင့်သည် ကောင်စီရှိ အခြား လုပ်ဖော်ကိုင်ဖက် တရားသူကြီးများ ရရှိသော လုပ်ပိုင်ခွင့်အာဏာများ နှင့် တရားစီရင်ဆုံးဖြတ်ခွင့်များကဲ့သို့ပင် ရရှိခြင်းဖြစ်သည်ဟု အဓိပ္ပါယ်သက်ရောက်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
၎င်းတို့၏လုပ်ငန်းတာဝန်များထဲတွင် ကြားနာစစ်ဆေးရန် အမှုတွဲများပြင်ဆင်ခြင်း ၊ တရားစီရင်ရေးအတွက် လိုအပ်သော စာရွက်စာတမ်းများ ပြင်ဆင်ခြင်း နှင့် တရားခွင်စစ်ဆေးမှုအတွက် ပြင်ဆင်ခြင်း နှင့် တရားစီရင်ရေးဓလေ့ထုံးစံများကိုရှင်းလင်းပြောကြားခြင်းတို့ ပါဝင်ကြောင်း Hossameldin က ဆိုသည်။(Xinhua)
………………………………
(English Version)
Female judges sit on benches of Egypt’s State Council for first time
CAIRO, March 6 (Xinhua) — Nearly 100 female judges assumed office at Egypt’s State Council for the first time in the country’s history, the Egyptian judiciary body announced Sunday.
The 98 judges, who were sworn in on Saturday, were appointed last year under a presidential decree to work in the circuits of the State Commissioners’ Authority, Mohamed Mahmoud Hossameldin, the council’s president, said in a statement.
“They would examine lawsuits and prepare legal opinion reports,” he said, adding that all the female judges have undergone intensive training on judicial traditions and skills, file examination, session management, and relevant issues of national security and anti-corruption.
The move was applauded by advocacy groups, government officials, and female legal workers.
“I’m very honored and proud to be among the first group of female judges in Egypt,” Hend Ahmed, a newly appointed judge, told Xinhua on her second day of work at the State Council in Cairo.
She noted that the Egyptian women have the capabilities to work in many fields, adding that the fellow female judges will prove that they deserved to be appointed
“We have many responsibilities ahead and will cooperate with our colleagues to ensure justice in Egypt,” she said.
The State Council was founded under Egypt’s constitution of 2014 as an independent judicial body with authority on administrative disputes, disciplinary cases, and appeals, as well as disputes about its decisions.
It is also competent to issue opinions on certain legal issues, review and draft legislative bills and resolutions, and review draft contracts to which the state or any public entity is a party.
Hossameldin said a follow-up on the newly appointed judges had made sure they would quickly integrate into the work and serve with efficiency and distinction.
Since the follow-up “proven their accuracy in examining the cases, preparing the legal reports, and participating in the deliberation and cooperation with their colleagues,” all the female judges were put to attain their positions on the bench from Saturday, he noted.
The move means that they have obtained all the powers and jurisdictions of fellow judges in the council through sitting on the bench in a judge’s capacity, he added.
Their duty includes presiding over sessions of cases preparation, completing the documents necessary to adjudicate and prepare them for the proceedings, and explaining the code of the judicial traditions, Hossameldin said.
Photo(1) Egyptian female judges assume office at the State Council in Giza, Egypt, on March 6, 2022. (Xinhua/Ahmed Gomaa)
Photo(2) An Egyptian female judge sits on her first court hearing at the State Council in Giza, Egypt, on March 6, 2022. (Xinhua/Ahmed Gomaa)