Connect with us

Media

တရုတ်နိုင်ငံ တောင်ပိုင်းစစ်ဒေသကြီး တရုတ်-မြန်မာနယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းတွင် ပူးတွဲလက်တွေ့စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်

ဧပြီ ၄ ရက်
နှစ်စဉ်လေ့ကျင့်ရေးအစီအစဉ်အရ ဧပြီ ၂ ရက်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသကြီးမှ ကြည်းတပ်နှင့်လေတပ်တပ်ဖွဲ့များ စုစည်းပြီး တရုတ်-မြန်မာနယ်စပ် တရုတ်ဘက်ခြမ်းတွင် စစ်လက်နက်အစစ် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ရည်ရွယ်ချက်မှာ စစ်ဒေသကြီးတပ်များ၏ ရန်သူကို လျင်မြန်စွာ တုံ့ပြန်နိုင်မှု၊ တိကျစွာ ဖျက်ဆီးနိုင်မှု၊ ကြည်းရေလေ ၃ သွယ်ဖြင့် ပိတ်ဆို့ထိန်းချုပ်နိုင်မှုနှင့် ပူးပေါင်းတိုက်ခိုက်မှုစသည့် စစ်ရေးစွမ်းရည်များကို စမ်းသပ်စစ်ဆေးရန်ဖြစ်ကြောင်းသိရသည်။

ဧပြီ ၂ ရက် ၈ နာရီအချိန်ခန့်တွင် ယူနန်ပြည်နယ် အနောက်တောင်ဘက်နယ်စပ်၌ တပ်မှူး၏ကွပ်ကဲမှုဖြင့် သံချပ်ကာခြေလျင်တပ်၊ အမြောက်တပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ်၊ ကြည်းတပ်လေကြောင်းတပ်မဟာနှင့် လေတပ်လေကြောင်းတပ်မဟာစသည့် တပ်ဖွဲ့များသည် ကြိုတင်သတ်မှတ်ထားသော စစ်ရေး လေ့ကျင့်မှု ပြုလုပ်ရာ နေရာများ၌ လျင်မြန်စွာ ရောက်ရှိပြီး ဇုန်နယ်အလိုက်နှင့် အချိန်အလိုက် စစ်လက်နက်အစစ်ဖြင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို စတင်ပြုလုပ်ခဲ့ကြကြောင်း သိရပါသည်။

စစ်ဒေသကြီး၏ စနစ်ကျသည့် ကွပ်ကဲမှုအောက်တွင် ပါဝင်သော တပ်ဖွဲ့ဝင်အားလုံးသည် တိုက်ခိုက်ရေးပုံစံများအတိုင်း အုပ်စုအလိုက် စုစည်းကာ စနစ်တကျ တိုက်ခိုက်မှုများနှင့် ပူးတွဲဆက်စပ်စစ်ဆင်ရေးများ ပြုလုပ်ခဲ့ကြောင်း၊ စနစ်တကျစီမံဆောင်ရွက်၍ ပူးတွဲလက်နက်ကိုင်ကင်းလှည့်ခြင်း၊ ပူးတွဲကင်းထောက်ခြင်းနှင့် ကြိုတင်သတိပေးခြင်း၊ ပူးတွဲလေကြောင်းရန်ကာကွယ်ရေးနှင့် ထိန်းချုပ်ခြင်း၊ ပူးတွဲပစ်ခတ်တိုက်ခိုက်မှုများ စသည့် လက်တွေ့ စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြကြောင်း၊ တစ်ချိန်တည်းမှာပင် ပစ်ခတ်တိုက်ခိုက်မှုတပ်ဖွဲ့အုပ်စုများသည် ကြိုတင်သတ်မှတ်ထားသည့်နေရာများသို့ လျင်မြန်စွာဝင်ရောက်ကာ အခါအားလျော်စွာ ညွှန်ပြထားသည့် ပစ်မှတ်များကို အသုတ်အလိုက် ဘက်ပေါင်းစုံမှ တိကျမှန်ကန်စွာ ပစ်ခတ်တိုက်ခိုက်မှု ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တပ်မှူး၏အဆိုအရ ယခုအကြိမ်လေ့ကျင့်မှုသည် အလွန်လက်တွေ့ကျပြီး အခြေအနေအမျိုးမျိုးကို ကြိုတင်သတ်မှတ်ထားကြောင်း၊ အမှန်တကယ် တပ်ဖွဲ့ဝင်များနှင့် စစ်လက်နက်ပစ္စည်းအစစ်သုံးထားကြောင်း၊ တာဝေး လျင်မြန်စွာ တုံ့ပြန်နိုင်မှုနှင့် ရက်ပေါင်းများစွာ ဆက်တိုက် လက်တွေ့လုပ်ဆောင်ခြင်းတို့ ပါဝင်ပြီး အဓိကအားဖြင့် စစ်ဒေသကြီး၏ ပူးတွဲတိုက်ခိုက်ရေးကွပ်ကဲမှုနှင့် တပ်ဖွဲ့များ၏ ရန်သူကို လျင်မြန်စွာ တုံ့ပြန်နိုင်မှု၊ တိကျစွာ ဖျက်ဆီးနိုင်မှု၊ ကြည်းရေလေ ၃ သွယ်ဖြင့် ပိတ်ဆို့ထိန်းချုပ်နိုင်မှုနှင့် ပူးပေါင်းတိုက်ခိုက်မှုစသည့် စစ်ရေးစွမ်းရည်များကို စမ်းသပ်စစ်ဆေးရန်ဖြစ်ကြောင်း၊ စစ်ဒေသကြီးတပ်ဖွဲ့များ၏ နိုင်ငံတော် အချုပ်အခြာအာဏာ၊ နယ်စပ်တည်ငြိမ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးတို့ ပြတ်သားစွာ ထိန်းသိမ်းကာကွယ်နိုင်သည့် စိတ်ဓာတ်နှင့် တိုက်ပွဲအနိုင်တိုက်ခိုက်နိုင်စွမ်းရှိသည်ကို ပြသခဲ့ကြောင်း၊ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် တပ်ဖွဲ့ဝင်များက ၎င်းတို့သည် အမြဲသတိရှိပြီး အရေးပေါ်အခြေအနေများကို အချိန်မရွေး ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

စစ်ရေးလေ့ကျင့်မှု မစတင်မီ နိုင်ငံတကာ ကျင့်ထုံးများနှင့် တရုတ်-မြန်မာနှစ်နိုင်ငံအကြား သက်ဆိုင်ရာ သဘောတူညီချက်များနှင့်အညီ တရုတ်နိုင်ငံ သက်ဆိုင်ရာဌာနများက အဆိုပါ စစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်သောကိစ္စရပ်များကို မြန်မာဘက်ခြမ်းသို့ အကြောင်းကြားခဲ့ကြောင်းသိရသည်။
……………………………..
(Chinese Version)
南部战区位中缅边境我方一侧举行联合实兵实弹演习
根据年度训练计划,中国人民解放军南部战区组织陆军、空军部队,位中缅边境我方一侧举行联合实兵实弹演习,旨在检验战区部队快速机动、精确毁瘫、立体封控、联合打击等作战能力。
2日8时许,滇西南边境,随着指挥员一声令下,演习正式开始,装甲步兵、炮兵、防空兵、陆航和空军航空兵等参演部队,快速机动至预定演习区域,分区分层、错时错位开展联合实兵实弹演习。在战区统一指挥下,各参演兵力按照作战编组,体系出击、协同作战,精心筹划组织联合武装警巡、联合侦察预警、联合空防管控、联合火力打击等实战化演习。同时,多个火力打击群快速进入预设阵地,对临机指示的目标进行分批次、多方向火力精确联合打击。
据现场指挥员介绍,这次演习实战性强,预设多种情况,实兵实装拉动,远程快速机动,多天连贯实施,重点检验战区联合作战指挥和战区部队快速机动、精确毁瘫、立体封控、联合打击等作战能力,展示战区部队坚决维护国家主权、边境稳定和人民生命财产安全的决心意志、胜战能力。参演官兵纷纷表示,始终保持高度戒备,随时做好应对各类突发情况的准备。
演习开始前,依据国际通行做法和中缅两国两军相关协议,我有关部门向缅方通报了组织军事演习的事宜。